ဟာဒယနိုင်ငံ( ၃)

 ခွေးဆွဲခံရတဲ့ မြန်မာဟာ

လပိုင်းအတွင်း

နှစ်နှစ်ဆယ်စာလောက် ပြောင်းလဲခဲ့ 


ရှေ့ခေတ်လား နောက်ခေတ်လား 

ဟိုး...ကမ္ဘာဦးစလို ကျောက်ခေတ်လား 


တံတားတစ်စင်းကို 

တစ်ရက်ထဲ အမည်ပြောင်းနိုင်တယ်

စွမ်းဆောင်ရည် Top Tenနဲ့

မအေယိုးက... ကမ္ဘာကျော်တယ် 


ကျီးကန်းက ဒေါင်းယောင်ဆောင်ချင်

တောခွေးက ရှင်ဘုရင်ဖြစ်ချင် 

စောက်တစ်လွဲ လူ့အဖွဲ့အစည်းမှာ

အဲဒီလို ဟသတွေဖွာလန်ကျဲ 


အမှန်တရားတွေ ဆင်ဆာဖြတ်ပြီး

အဂတိတွေ ရုပ်လုံးကြွ

ဝံပုလွေမှန်းသိတာတောင်

အရှက်မရှိ သိုးရေခြုံပြနေလို့

ဒီနိုင်ငံက.....ဖာဆန်ပါပေတယ် 


နောင်(အတွေးအိမ်

PoetryZone 

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ