ကဗျာ ကဏ္ဍ Get link Facebook X Pinterest Email Other Apps February 28, 2023 ခွက်စောင်းခုတ်တဲ့အခါဟိုဘက်လှည့်လို့ ပြောရတယ်မျက်နှာကို မပက်ရဘူး . . . ။ဓားနဲ့ထိုးတဲ့အခါဒီဘက်လှည့်လို့ ပြောရတယ်နောက်ကျောကို မထိုးရဘူး ဒါဟာ လူ့ယဉ်ကျေးမှု တဲ့ . . .။ မောင်ချောနွယ် Get link Facebook X Pinterest Email Other Apps Comments 🤗March 1, 2023 at 11:10 AM🍂ReplyDeleteRepliesReplyJuno - ဂျူးမြစ်လေး - အစက် March 8, 2023 at 12:09 AMဓားနဲ့ထိုးတဲ့အခါဒီဘက်လှည့်လို့ ပြောရတယ်နောက်ကျောကို မထိုးရဘူး ဒါဟာ လူ့ယဉ်ကျေးမှု တဲ့ . . .။ -မောင်ချောနွယ်-ReplyDeleteRepliesReplyAdd commentLoad more... Post a Comment
သင်တို့ဘုရားငါမဖူး - ကဗျာ March 20, 2022 သင်တို့ဘုရား ငါမဖူး - ကေဇဝင်း ဓာတ်လား နတ်လား ပညတ်လား ပရမတ်လား ဘာဘာညာညာ မကွဲပြား သင်တို့ယောင်ခြောက်ဆယ်ဘုရား ငါ မဖူး မင်းတဆက် တက်ရင် နန်းမြို့ အသစ်ပြုမယ် နေပြည်တော် ရွှေ့မယ် ဟူးရားတို့ဝါဒနဲ့ ယတြာဘုရားတည်မယ် သင်တို့ဂြိုဟ်သိမ်ဂြိုဟ်ပဲ့ဘုရား ငါ မဖူး မြင့်မြတ်သော အတုမရှိဗုဒ္ဓရှေ့ နာမဝိသေသနပေါက်လွှတ်ပဲစားတွေ တပ်ဆင်ထားပုံ ဆုတောင်းပြည့် ဝဋ်ကြွေးကျေ အရူးပျောက် စော်ကြည် ထီပေါက် နိဗ္ဗာန်ရောက် အခု ငြိမ်းချမ်းရေးတဲ့လား သင်တို့ကလေးကင်ပွန်းတပ်ဘုရား ငါ မဖူး ဗုဒ္ဓကို မတွေ့ရှိလိုက်တဲ့ တီကောင်တွေ အထွေးလိုက် ရူးခါနေကြပုံ အောက်တန်းစားဆန်တယ် ဆူညံတယ် သမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပ ကင်းတယ် သင်တို့ဖွဲအဖျဉ်းဘုရား ငါ မဖူး မင်းခမ်းမင်းနားသဘင်ထဲက ရွှေရောင်စူးကျင့်နေတဲ့ အာရာမ် ဆင်းတု စေတီ နတ်ကွန်းများ ပလွှားဂုဏ်မောက်သော အရပ်၌ ဗုဒ္ဓ နေတော်မမူ သင်တို့ဂုဏ်သရေရှိဘုရား ငါ မဖူး ငြူစူတယ် ဝန်တိုတယ် အပျော်အပါးကို လောက်တဖွားဖွား ရေအိမ်လို တပ်မက်တယ် အချင်းချင်း ဆန့်ကျင်တယ် ခြေထိုး ဆွဲငင်တယ် ဖိနပ်ကို လျှပ်တိုက်စီးသလို အတွေးအခေါ်ပါးလျားတယ် သင်တို့ပညာမဲ့ဘုရား ငါ မဖူး ဗုဒ္ဓ မိန့်တဲ့ မောဃပုရိသတွေ ဗုဒ္ဓ စက်ဆုပ်တဲ့ တုစ္ဆပုဂ္ဂ... Read more
Revolution Reviews December 16, 2022 လွတ်လပ်ခြင်းဟာ ချစ်ခြင်းတရားလိုပဲ သိပ်အဖိုးတန်တယ်ဆိုတာ သိခဲ့တယ် ယုံကြည်ချက်ဟာ ရှင်သန်မူထက် လေးနက်တယ် လူငယ်တွေဟာ ထင်တာထက် ပိုသန်မာတယ် လူတွေ အာဏာရူးလာရင် တိုင်းပြည်တခုလုံး အနာဂတ်ပျောက်သွားနိုင်တယ်ဆိုတာ ကြုံခဲ့တယ် အုပ်ချုပ်မူစနစ်တခုမှားတာနဲ့ တိုင်းပြည် ခုလုံး အမှောင်ခေတ်ပြန်ရောက်မယ်ဆိုတာ သိခဲ့ရတယ် လူတွေ ကောက်ကျစ်ယုတ်မာအကြမ်းဖက်လာရင် ဘယ်နတ်ဘုရားကိုမှ ဆုတောင်းလို့မရတာ လက်တွေ့ပဲ ဘယ်ဘာသာကိုးကွယ်ပြီး ဘယ်ဘုရားကို ယုံတာထက် ကိုယ်ခြင်းစာတရားနဲ့ ချစ်ခြင်းတရားကို ယုံဖို့ ကြုံခဲ့ရတယ် ရှင်သန်မူရဲ့တန်ဖိုးဟာ ရေပွက်ပမာ ခဏတာပဲဆိုတာ မြင်တွေ့သိရှိခဲ့ရတယ် အောင်မြင်မှု ကျော်ကြားမှုတွေဟာလဲ ဘာမှမဟုတ်ခဲ့ ဆိုတာ သိလာရတယ် ကမ္ဘာကြီးဟာ မကောင်းတဲ့သူတွေကြောင့် ပျက်စီးတာ မဟုတ် မကောင်းမူတွေကို ထိုင်ကြည့်နေတဲ့သူတွေကြောင့်သာ ပျက်စီးလိမ့်မယ်ဆိုတာ ကိုယ်တိုင်ကြုံခဲ့ရတယ်လေ. San Zuren 🌸 Read more
ပြောလိုက်ပါဘိ ဟောပါဘိ October 01, 2022 ငါ့ညီပြောင်၀င်း၊မောင်သစ်စင်း၊ မင်း၏သက်လှယ်၊မင့်သားငယ်သည်၊ သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။ သူသုံးနှစ်သား၊ဖော်ချင်းများနှင့်၊ အူယားဖားယား၊ ကစားရာမှ၊နွားရုပ်ချ၍၊ နတ်ကျသည့်သွင်၊မင့်ရင်ခွင်သို့ ပြေး၀င်ပုန်းလာ၊သူ့မူရာကို၊ ငါမြင်ခဲ့၏ မှတ်မိ၏။ မိုးကစိုစို၊ကျီးအုပ်ပြို၍၊ ထိုမှဤမှ၊တို့လမ်းမတွင်၊ ပျံကြဝဲကြ၊ငရဲထသို့၊ အုံကြွမြည်အာ၊မသာယာကို၊ ငါကြားခဲ့၏ မှတ်မိ၏။ ထို့နေ့၌ပင်၊ထိုချိန်ထင်၏၊ သခင်အောင်ဆန်း၊ပြည့်သူပန်းသည်၊ ပွင့်လန်းခါစ၊ကြွေလိုက်ရ၏၊ မြေခသတင်း၊မိုးကြိုးခွင်းသို့၊ အိမ်တွင်းအိမ်ပြင်၊တို့လမ်းခွင်၌ မချင့်မရဲ၊၀မ်းနည်းခံခက်၊ မျက်စိမျက်နှာ၊ညှိးကြရှာသည်၊ ရွာဦးပိုင်းမှသင်္ချိုင်းထိ။ ငါ့ညီပြောင်၀င်း၊မောင်သစ်ဆင်း၊ မင်း၏သားငယ်၊နှစ်ဆယ်သက်စစ်၊ သူ့တို့ခေတ်၌၊ တိုင်းချစ်ပြည်ခင်၊မြတ်စေချင်၏၊ မင်းမြင်ငါကြား၊စကားဥဒါန်း၊ ဆန်း၏သတ္တိ၊ဆန်း၏သမာဓိ၊ဆန်း၏ပညာ ဆန်းမှာဆုံပေါင်း၊ယောက်ျားကောင်းတို့၊ ခေါင်းဆောင်သသော၊မင့်သားချောကို ပြောလိုက်ပါဘိ ဟောပါဘိ။ ဇော်ဂျီ Read more
🍂
ReplyDeleteဓားနဲ့ထိုးတဲ့အခါ
ReplyDeleteဒီဘက်လှည့်လို့ ပြောရတယ်
နောက်ကျောကို မထိုးရဘူး
ဒါဟာ လူ့ယဉ်ကျေးမှု တဲ့ . . .။
-မောင်ချောနွယ်-