နိုင်ငံတော်သီချင်း ၁၉
သူတော်စင်ကအခုလိုမိန့်တယ်
မင်းပြန်လိုချင်တဲ့ခုနှစ်တစ်ခုကိုပြော
သူတော်စင်ရဲ့နဖူးကို
ငါသေနတ်နဲ့ထိုးချိန်လိုက်မိတယ်
ပြီးတော့ ငါငိုတယ်
တီဗွီကတရှဲရှဲလိုင်းအသေကြီးကိုပဲ
ငါမိုးအလင်းထိုင်ကြည့်နေမိ
မိုးတစ်ညမှာ
Escapadeမှာ
ဦးနှောက်ထဲကအဆင့်၄ကင်ဆာအဖုကြီးအလယ်မှာ
ပဌာန်းထဲကလို
ကြက်သတ်ပြီးဘုန်းကြီးဆွမ်းကပ်ခဲ့
ဥာဏ်ဆိုက်သွားသူလို
သူတော်စင်ရဲ့ခြေရင်းမှာဝပ်စင်းပြီး
ငါ အကြိမ်ကြိမ်အခါခါဦးခိုက်နေမိတော့တယ်
သင်၏ အနတ္တဝါဒနိုင်ငံတော်။
အောင်ခင်မြင့်
😔
ReplyDelete🤗
Delete