မာရီလင်မွန်ရိုးသို့တမ်းချင်း
ဆင်းရဲခြင်းက
ဒုက္ခတဲ့။
နီလာရောင်ရေချိုးခန်း
ပရစ်(စ်)ရေမွှေးဖျန်းထားသောပန်းခြံ
မရမ်းရောင်ရှန်ပိန်
ရေခဲစိမ်မာတန်
ငွေခြည်ရောင်ရေခဲသေတ္တာတို့ကြားမှာ
အဆိပ်သောက်သေဆုံးသွားသော
ဟောလိဝုဒ်၏ကြယ်ပွင့်အပြာ
အို...မာရီလင်မွန်ရိုး။
ချမ်းသာခြင်းမှာ
ဘာဒုက္ခများတွေ့ခဲ့လဲ။
သုခမိန်လှိုင်(ဂျွန်လ၏မိုးရေများမှ)
🤗
ReplyDelete😩😩😩😩😩
ReplyDelete