လွမ်းရပါသော နွေ
အာရုဏ်ဦးရဲ့အလှ နေမင်းကြီးက
ရဲသွေးနီရောင် သမ်းတော့...
နိုးထချိန်ကတည်းက ရတက်မအေး
ပူဆွေးခြင်းနဲ့ စရတာပေါ့...။
အသက်နဲ့ခန္ဓာ ကျန်းမာနေပေမဲ့
စိတ်ရဲ့ပျံ့လွှင့်မှုကတော့...
နွေဦးရဲ့ လေရူးထက်သာလွန်းပါတယ်။
နွေဦးရဲ့ မုတ်သုန်လေက တဖြူးဖြူး
ရွက်ကြွေလေးတွေလည်း လွင့်လူးလို့ပေါ့...။
ဩဥသံချို မကြားသေးသော်လည်း...
မတရားမှုတွေနဲ့ အမှောင်ပိတ်ခံထားရတဲ့ပြည်သူကိုချစ်တဲ့ ငါတို့အမေအိုကို လွမ်းတယ်။
ရှေ့တန်းမှာ ဆန္ဒထုတ်ဖော်ရင်း ဖမ်းဆီးခံရတဲ့သံတိုင်ကြားက အမှန်တရားဘက်တော်သားတွေကို
လွမ်းတယ်။
အမှန်တရားအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ရတဲ့ငါတို့ရဲ့သွေးချင်းညီနောင်တွေကို လွမ်းတယ်။
နွေဦးရဲ့အလွမ်းဇာတ် အခန်းဆက်တွေလည်းများလှပါပြီ။
နွေဦးရဲ့လေရူးနဲ့အတူ ...
ရင်ထဲမှာလည်း နာကျည်းငိုရှိုက်သံတွေနဲ့ မျက်ဝန်းအိမ်မှာလည်း အလွမ်းငွေ့တွေနဲ့ပေါ့...။
BEE
MyitKwae
မြစ်ကွေ့-လူထုတော်လှန်ရေးစာစဥ်
💥
ReplyDeleteမတရားမှုတွေနဲ့ အမှောင်ပိတ်ခံထားရတဲ့ပြည်သူကိုချစ်တဲ့ ငါတို့အမေအိုကို လွမ်းတယ်။
ReplyDelete