နိုင်ငံတော်သီချင်း ၂၀
ခေါင်းတလားကြီးထဲမှာ
ခရစ်စမတ်လက်ဆောင်တွေရှိတယ်လို့
စန်တာ ကပြောတယ်
ခရစ်စမတ်သစ်ပင်တွေဟာ
ငါတို့ထက်အမြဲရှည်တယ်
ငါသာ အလောင်းကောင်တစ်ခုဆိုရင်
ဘယ်လမ်းကိုလျှောက်မှာလဲလို့ စဉ်းစား
စန်တီယေဂိုမှာမိုးတွေရွာခဲ့သလိုမျိ ု း
အဲဒီလိုအချိန်တစ်ခုအမှန်တကယ်ရှိခဲ့တယ်
ပိုလိုကြမ်းပိုးသတ်ဆေးဝါဒထွန်းကားခဲ့တဲ့
ရွှေရောင်ကာလကြီးတစ်ခု
၂၀ရာစုပန်းတိုင်အဝင်ကတည်းက
မြန်မာအမျိုးသားထုကြီးတစ်ရပ်လုံးပန်းသေသွားခဲ့ပြီ
ပင်ပန်းနေသောအိမ်ရှင်မများ
စိတ်အေးချမ်းသာစွာအိပ်စက်နိုင်ပါပြီ
သင်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်။
အောင်ခင်မြင့်
Click with love
ReplyDelete