နိုင်ငံတော်သီချင်း ၂၁
နိုင်ငံတော်က ညဝတ်အင်္ကျီ အစင်းကြားလေးနဲ့
ငါ့ဘေးမှာ လာထိုင်တယ်
စီးကရက်တစ်လိပ် တောင်းသောက်တယ်
အသက်ကြီးလာလို့ ထင်တယ်
အိပ်လို့မရဘူးဗျာ
အဝေးမှာ ရထားလာနေတဲ့အသံ
မှောင်နေတဲ့ တိုက်ခန်းတွေ
ရုတ်တရက် ငါ့လက်ညှိုးကိုယူပြီး
သူ့နားထင်မှာ တေ့ထားတယ်
အဲဒီနောက် စကားမရှိ
စီးကရက်ကုန်သွားတော့
ငါတို့ နှုတ်ဆက်လိုက်ပြီး
သူက ငါ့အခန်းကိုပြန်တယ်
ငါက သူ့အခန်းဆီပြန်တယ်
သင်၏ အိပ်၍မပျော်သော နိုင်ငံတော်။
အောင်ခင်မြင့်
💔
ReplyDelete🕊️
DeleteHoke
ReplyDelete