နိုင်ငံတော်သီချင်း ၂၂


ငါရယ် ရက်စ်ကိုနီကော့ဗ်ရယ်

ဒီအတိုင်းထိုင်နေခဲ့

အလောင်းကောင်ကြီးကငါတို့ရှေ့မှာ

ရေဒီယိုက စတာလင်သေသွားပြီလို့ကြေညာတယ်

ငါတို့အခုဘာဆက်လုပ်ကြမလဲ

လွတ်မြောက်မှုအတွက်တိုက်ကြ 

ငါတို့တိုက်ခဲ့ကြပါတယ်

ရေချိုးခန်းတစ်ခုလုံးသုတ်ရည်တွေဖုံးကုန်တဲ့အထိ

ပြည်တွင်းစစ်တစ်လျှောက်လုံး

ဇီးပေါင်းရောင်းနေတဲ့ပြည်သူတွေ

လေပြည်ညင်းက

နှင်းမြူ လိုအမုန်းငွေ့တွေဖြန့်နေဆဲ

အင်းလျားကန်ရေပြင်ပေါ်မှာပဲဇာတ်ပေါင်းထုပ်ခဲ့တယ်

အနီရောင်ဒိုက်သရောခန္ဓာတွေအဖြစ်

သင်၏ ဒီမိုကရေစီအသွင်ကူးပြောင်းနေသောနိုင်ငံတော်။


အောင်ခင်မြင့်


(ကဗျာအသုံးအနှုန်းတချို့ကိုသည်းခံပေးပါလို့တောင်းပန်အပ်ပါသည်ရှင်🙏🏻)

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ