ကဗျာ ကဏ္ဍ

 လူတွေက ဟန်ပြတွေကြီးပဲ ငါ့ကောင်

တရားပွဲသွားတဲ့ အန်တီကြီးက

သူ့အိမ် သူခိုးဝင်တော့

ဆဲဆိုနေလိုက်ပုံများ

ဘုရားအကြောင်း၊တရားအကြောင်း ဆွေးနွေးနေကြ

အဘိုးကြီးက ‌စာသင်ကျောင်းလေးပြန်ပြင်ဖို့

အလှူခံကျ အကြွေမရှိသေးလို့တဲ့

မနက်လေးနာရီလောက် ကြေးစည်ထထုနေကျ

အဖွားကြီးလဲ သူ့အိမ်ရှေ့ ကလေးတွေဆော့တော့

အော်ထုတ်လေရဲ့..

ညနေတိုင်း အရက်ဆိုင်က အနံ့ပေါင်းစုံနဲ့

ဦးလေးကြီးက လမ်းက ခွေးလေးတွေ့တော့

သူပါလာတဲ့ မုန့်ကို ဖဲ့ကြွေးလေရဲ့..။


ခန့်သော်​

Comments

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ