မလေနဲ့ညီလေးပြုံးပြုံး ၄
ဦးနှောက်ဟာ ပိုးကျနေရင်
ဉာဏ်ပညာတံဆိပ် ပိုးသတ်ဆေးကို သုံးရတယ်
နှလုံးသားဟာ ညှိုးနွမ်းနေရင်
မေတ္တာရေစင်နဲ့ ဖြန်းရတယ်
လှပသောရှုမျှော်ခင်းတွေကို
ချစ်သောမျက်စိဖြင့်သာ ကြည့်မြင်သင့်ပေရဲ့
ဘယ်လိုရှုခင်းမျိုးကိုမဆို
နူးညံ့သိမ်မွေ့သောစိတ်ထားဖြင့်သာ ခံစားသင့်ပေရဲ့
အလုပ်ရှိသားပဲ
ချစ်သူလည်း ရှိသားပဲ
ငယ်ရွယ်ပျိုမြစ်မှုနဲ့ မဟုတ်မခံစိတ်လည်း ရှိသားပဲ
အရာရာကို အောင်နိုင်ချင်သူဟာ
ကိုယ့်ကိုယ်ကို အရင်ဆုံးအောင်နိုင်ရမယ်မဟုတ်လား
အကြောင်းပြချက် မရှိဘူး
အကြောင်းပြချက် မပေးနဲ့
ဘာပဲဖြစ်ဖြစ် မလေနဲ့
ဘာပဲဖြစ်ဖြစ် မလေနဲ့ဆိုပေမယ့်
လေတဲ့အခါ ကောင်းကင်ပေါ် တက် လွင့်နေလိုက်
ပြီးရင် . . .
ကျောက်သားကျောက်စိုင်လို မြေလို ရေလို
လောကမှာ မိန်းမ . . .
လောကမှာ အရက် . . .
လောကမှာ မူးယစ်ဆေးဝါး . . .
လောကမှာ တရားစာအုပ်များ . . .
ကြိုက်ရာ ရွေးချယ်လို့ရတယ်
မင်း အကုသိုလ်အမှု ကျူးလွန်ခွင့်ရှိတယ်
မင်း ကုသိုလ်ကောင်းမှု ပြုလုပ်ခွင့်ရှိတယ်
လောကနဲ့လူသားအပေါ် ချစ်စိတ်ထားပါ
ကိုယ့်ဖြစ်တည်နေမှုကို တန်ဖိုးထားပါ
ဘ၀ဟာ
မင်းတို့ငါတို့ ထင်ထားတာထက် ပိုလှပါတယ်ကွာ
ကိုသျှား
😚🦋
ReplyDelete💘
Deleteလောကနဲ့လူသားအပေါ် ချစ်စိတ်ထားပါ
ReplyDeleteကိုယ့်ဖြစ်တည်နေမှုကို တန်ဖိုးထားပါ
ဘ၀ဟာ
မင်းတို့ငါတို့ ထင်ထားတာထက် ပိုလှပါတယ်ကွာ
-ကိုသျှား-