Posts

ငါ့နာမည်ဂုဏ်သရေရှိ

ဒီအချိန်ကစ ဒီနေရာကစ အခုကစပြီးသကာလ ငါ့နာမည်“ဂုဏ်သရေရှိ”ဖြစ်တယ် ငါ့နာမည်“ဂုဏ်သရေရှိ” ဘ၀အဆက်ဆက်က ငါ့နာမည်တွေ လက်ထိုးအန်ပစ်ရမယ် ငါ့နာမည်”ဂုဏ်သရေရှိ” အခုလို ငါ့နာမည်ကို ”ဂုဏ်သရေရှိ”လို့ ခေါ်ဆိုရမည့်အကြောင်း ငါ့အပေါင်း ငါ့အသင်းတွေကို ပြောတော့ ဒင်းတို့က သဘောမတူကြသလို ငါက ချစ်သလောက် ငါ့ကို ပြန်မချစ်နိုင်တဲ့ ငါ့ချစ်သူကလည်း ငါ့ကိုမကြည်ဘူး ထား ခုကြည့် ငါ့အမေကလည်း တငိုငိုတယိုယို။ နာမည်ဆိုတာ တည်ဆောက်ယူရတယ် နာမည်မရှိရင် ဘာမှမရှိ နာမည်ရှိမှ လူတစ်လုံးသူတစ်လုံးဖြစ်သော လူတစ်လုံးသူတစ်လုံးများကြား နာမည်မရှိရင် သေနိုင်တယ်။ ဘယ်လိုလုပ်မလဲ လွယ်ပါတယ် နာမည်ဆိုတာ မြို့တွေထဲမှာရှာကြည့် “မက်ဒရစ်”တဲ့ နာမည်ဆိုတာ မြစ်တွေထဲမှာရှာကြည့် ”ဗော်လဂါ”တဲ့။ နာမည်ဆိုတာ တောင်တန်းတွေထဲမှာရှာကြည့် “ကီလီမန်ဂျာရိုး”တဲ့။ နာမည်ဆိုတာ လမ်းတွေထဲမှာရှာကြည့် ”ရှောင်ဆေလီဆေး”တဲ့။ နာမည်ဆိုတာ “ငါ့ကိုမြန်မြန်နမ်းပါ”ဆိုတဲ့ ပန်းကလေးတွေမှာတောင် ရှိနေတာပဲ။ အားလုံး နာမည်ကိုယ်စီကိုယ်ငနဲ့လှလို့ နာမည်ဆိုတာ လှဖို့လည်းလိုအပ်တယ် ငါ့နာမည်”ဂုဏ်သရေရှိ”လို လှဖို့လည်းအပ်တယ်။ ငါ့ဥာဏ်နဲ့ လက်လှမ်းမီသ၍ လှတဲ့နာမည်တွေ ငါချရေးလိုက်တယ်။ ဖော်ဝေး မြေချစ်သူ မောင်ချောနွယ်...

ကဗျာကဏ္ဍ

 "ဘယ်တုန်းကမှ  ကမ္ဘာဟာ ငါတို့ဘက်မှာမရှိခဲ့ဘူး ကိုယ့်အလံကိုယ်လွှင့် ကိုယ့်ရွက်ကိုယ်ဖွင့် ဆန်တက်ခဲ့ရတာချည်းပဲ" ကြည်ဇော်အေး

တော်လှန် လူငယ်

ရုတ်ချည်းဆိုသလို နွေရာသီဟာ ခေတ်တစ်ခတ်ကိုဖြတ်တိုက်သွားတော့ ဆံပင်ရှည်ရှည်နဲ့ ကောင်တွေ ဝါဒီနဲ့စကားပြောတဲ့ ကောင်တွေ မိဘစကားဆိုမြေ၀ယ်မကျငြင်းပယ်တဲ့ ကောင်တွေ ဒီလိုကောင်တွေ ဟာ  တောတွေဆီ တောင်တွေဆီ  အငွေ့ပျံခဲ့ရ ပေါ့ ဒီကောင်တွေက နိုင်ငံတော်တစ်ခုထူထောင်ချင်လိုကြတယ် ဒီကောင်တွေထူထောင်တဲ့ အဲ့ဒီနိုင်ငံမှာ လက်ဖက်ရည် နဲ့ တက်တူးဆိုင် အရက် ဘီယာ ဆေးခြောက်  လိပ်ပြာတစ်ကောင်ရဲ့ကူးလူးပျံသန်းပုံလို နူးညံ့တဲ့ ပန်းမျိုးစုံ  လွတ်လပ်မှုကိုရှေ့တန်းတင်တဲ့ နှလုံးသားတစ်ခု  ဒါသာ ရှိမယ် အိုင်းစတိုင်း နယူတန် ပိုက်သာဂိုရပ် တို့ရဲ့ အဖိုးတန်တွေ့ရှိမှုထဲမှာ ဒီကောင်တွေမပါကြဘူး ဒီကောင်တွေ က ဘောလုံးပွဲတစ်ပွဲမှာဆို နောက်ဆုံးအဆုံးဖြတ်ဂိုးကိုသွင်းပေးနိုင်တဲ့ တိုက်စစ်မှူး ဒီကောင်တွေ က စစြ္ပဲတစြ္ပဲမွာဆို နောက်ဆုံးအဆုံးအဖြတ်ပေး သေစေနိုင်တဲ့ ကျည်တစ်တောင့် သမိုင်းနဲ့စနစ်လမ်းမှာထနေတဲ့ ဖုန်တွေကို သုတ်ပေးကြတာ ဒီကောင်တွေလက်ပေါ့ လို့ တစ်ချိန်ကျ ဂျိုးဖြူငှက်ကလေး က  စကြာ၀ဠာတစ်တိုက်လုံးတုန်ဟီးနေအောင် ပြောပါလိမ့်မယ် အဲ့အခါ ဒီကဗျာကိုဖတ်ရင်း ဒီကောင်တွေဆိုတာဘယ်သူလဲလို့ မင့်တို့မျိုးဆက်ကမေးကောင်းမေးရင် ဒီကောင်တွေဆိုတာ...

ငါတို့မင်းတို့လူငယ်ဘဝတွေ

"ပျော်ရာမှာမနေရ တော်ရာမှာနေနေရတဲ့ဘဝပါကွာ"တဲ့ ငါ့‌မှာတော့ ပျော်စရာလည်းမရှိ တော်ရာနေရာဆိုတာလည်းမသိ မင်းပြောပြတဲ့ ချာလီချက်ပလင်အကြောင်း ရယ်စရာကောင်းလည်း မရယ်ရ ငါတို့မင်းတို့လူငယ်ဘဝတွေ။ ဒီတော်လှန်ရေးကြီးပြီးရင်တဲ့... မသေခင်လည်း သေရ ငါတို့မင်းတို့လူငယ်ဘဝတွေ။ "အစစအရာရာ အဆင်မပြေပါဘူးကွာ"တဲ့ ငါ့မှာတော့ ဒုက္ခတွေနဲ့အဆင်ပြေလို့ နေချင်စရာမကောင်းတဲ့ ကမ္ဘာကြီးထဲ သေချင်လို့လည်း မသေရဲ ငါတို့မင်းတို့လူငယ်ဘဝတွေ။ "သူကငါ့ကိုပြန်မချစ်ဘူးကွာ"တဲ့ ငါ့မှာလည်းအချစ်ဒုက္ခ ငါတို့ချစ်တိုင်းလည်း သူတို့ပြန်မချစ်ကြ ငါတို့မင်းတို့လူငယ်ဘဝတွေ။ ဒီတော်လှန်‌ရေးကြီးပြီးရင် ငါ့တို့လူငယ်ဘဝအစကပြန်စရမယ်"တဲ့ ငါကလှောင်ရယ်ရယ်ပြတော့မှ စကားကိုရပ် အသက်ကိုတွက်တယ် ဒီတော်လှန်ရေးကြီးပြီးရင် ငါတို့လူငယ်ဘဝလည်းပြီးပြီတဲ့ ရယ်လို့လည်းမရ ငိုလို့လည်းမရ ငါတို့မင်းတို့လူငယ်ဘဝတွေ။   -အောင်လူမော်

တွေးရဲ သွေးရဲ တဲ့ ကဗျာဆရာ

  ၂၀၂၁ မတ်လ ၃ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့တွင် ကဗျာဆရာ အနုပညာရှင်တစ်ဦး လည်းကျဆုံးခဲ့ရသည်။ "ခင်ဗျားတို့နဲ့ကျနော်နဲ့ ကွဲလွဲ ခဲ့လည်း ခင်ဗျား တို့အတွက် ကျနော် အသက်ပေးမှာပါ"ဟု သူရေးသားခဲ့သော စာသားအတိုင်းပင် ကဗျာ ဆရာကေဇဝင်း (ခ) ကိုချမ်းသာဆွေမှာ လွတ်လပ်စွာ ပြောဆိုခွင့်အတွက် အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြရင်း ကျဆုံးခဲ့ရသည်။၎င်းသည် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ကဗျာရေးသားခြင်း၊ ကလောင်ခွဲများဖြင့် နိုင်ငံရေးဆောင်းပါးများ ရေးသားခြင်းတို့အပြင် ကျောင်းသားလှုပ်ရှားမှုများနှင့် လက်ပံတောင်းအရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ၂၀၁၅ ခုနှစ်က အမျိုးသား ပညာရေးသပိတ် (လက်ပံတန်းအရေးအခင်း) တွင် ပါဝင်ခဲ့သောကြောင့် သာယာဝတီထောင်တွင်  ဖမ်း ဆီးထိန်းသိမ်း ခြင်းခံခဲ့ရသူလည်း ဖြစ်သည်။ ကဗျာဆရာကိုကေဇဝင်းသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၂၀၀၈ အခြေခံဥပဒေအောက်မှ NLD ပါတီ‌ ရွေးကောက်ပွဲဝင်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် ဒေါ်အောင်ဆန်းစုကြည်က စစ်ဗိုလ်ချုပ်များဘက်မှ ကာကွယ်ပေးခဲ့ခြင်းတို့ကို သဘောမကျ၍ မဲမပေးခဲ့ပေ။ သို့သော် စစ်ကောင်စီမှ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို  စစ်ကောင်စီမှ မျ...

မီးပုံးပျံ​တွေရဲ့ခရီးစဥ်

Image
အဲဒီ​ဖေ​ဖော်ဝါရီလထဲကတစ်ရက် ငါလှည်းတန်းကို​ရောက်​တော့ အားလုံးဟာမ​ကျေနပ်ခံပြင်းမှိုင်းတွေဝလို့ ငါတို့ပျံတက်ခွင့်ရှိ​ကြောင်းပြဖို့ တာစူ​နေကြပြီ တစ်ဦးချင်းစီကမှုတ်ထုတ်လိုက်တဲ့ယုံကြည်ချက်​တွေက ဂျက်အင်ဂျင်မီးခိုးတန်း​တွေလိုတလက်လက်ထွက်လို့ လူငယ်​တွေကြားမှာလူငယ်ပြန်ဖြစ်သွားတဲ့ငါ ပွင့်ထွက်သွားတဲ့​ကြွေး​​ကြော်သံ​တွေနဲ့အတူ မတရားမှုကိုဆန်တက်ခဲ့တယ် ​တော်လှန်မီးပုံးပျံ​တွေရဲ့ခရီး စတင်ခဲ့တယ် ​နွေဦးဆိုတဲ့​ကောင်းကင်ယံမှာ ငါတို့ဟာရဲရင့်​​တောက်ပ​နေတဲ့မီးရှူးမီးပန်း​တွေလို အ​ကြောက်တရားဖိစီး​နေတဲ့​လေထုကိုခွင်း​ဖောက်ခဲ့ကြတယ် တစ်​နေရာစီကလာပြီး တစ်​နေရာတည်းကိုသွားတာ ​တော်လှန်​ရေးပဲ ငြိမ်သက်​နေတဲ့​မြွေ​ပွေးကိုလာပုတ်တဲ့လက် ဒီတခါမလွတ်ရ​အောင်ခဲကြစို့ရဲ့ ဒဏ်ရာ​တွေနဲ့​မြွေ​ပွေးဟာ အနိုင်ကျင့်ခံရမှုမြက်ရိုင်း​တောထဲမှာ မှိန်း​နေခဲ့ရင် ဘဝဆက်တိုင်းနင်းမယ့်စစ်ဖိနပ်​တွေ တန်းစီ​နေလိမ့်မယ် ခွင့်တူညီမျှဝါဒဖြူစင်တဲ့​မြေကိုရဖို့ မြက်ရိုင်း​တောထဲကထ ယုံကြည်ချက်​လေ​ကောင်း​​လေ​သန့်ရနံ့​တွေရှူရှိုက်ရင်း ဝိသမ​လောဘ​ဇောတိုက်ခတ်​နေတဲ့​ လေသရမ်း​တွေကိုခွင်း​ဖောက်ရင်း ​နိုင်ငံ​တော်သစ်ဟာ​ ရောက်ကို​ရောက်ရမယ့်ပန်းတိုင်ဆိုတာ သေချာခဲ့တယ် လမ်းက...

ရာမွန်မှကေသို့ပြန်စာ

သို့ ချစ်သော ကေ ။ ခင်ဗျားရေးလိုက်တဲ့စာကို ဖတ်ရတဲ့ခဏမှာပဲ သိပ်မကြာခင်  ခင်ဗျားရောက်လာတော့မယ်ဆိုတာ ကျွန်တော်သိနှင့်ပြီးပါပြီ ။ အဲ့ဒီမြေမှာက ဘယ်ကိုသွားသွား နာကျင်မှုတွေ ၊ မျက်ရည်တွေနဲ့ပဲ ပြည့်နေတာ မဟုတ်လား ။ အမှားအယွင်းတွေနဲ့ပဲ ကျူးကျော်ယဉ်ပါးနေကြရတယ် ဆိုပါစို့ ။ မိအိုဖအိုတွေက  သူတို့ရဲ့ သားပျိုသမီးပျိုလေးတွေကို  မြှုတ်နှံသဂြ်ိုလ်ပေးနေကြရတာ မြင်ရတော့ အရင်ကာလများမှာ ခင်ဗျားနဲ့ကွဲလွဲခဲ့ဖူးတာတွေ နောင်တရမိပါတယ် ။ ခင်ဗျားက တော်လှန်သောတပ်ဦးက လွန်သွားတစ်ချောင်း ဖြစ်တယ် တဲ့ ။ တော်လှန်ရေးကို စတင်ဖောက်ခွဲမယ့် စနက်တံဖြစ်တယ် တဲ့ ။ အို ချစ်ရပါသော ကေ ။ ဓားကို အညှာအတာမဲ့ ဆွဲထုတ်တတ်တဲ့ ဘယ်ဘုရင်ကိုမဆို ခင်ဗျားမုန်းတတ်တာ ကျွန်တော်သိပါရဲ့ ။ ခင်ဗျားလိုလူက အချိန်ကုန်ခံပြီး တွေဝေနေမှာမဟုတ်ဘူးဆိုတာလည်း ရိပ်မိပါရဲ့ ။ ထင်ထားတဲ့အတိုင်း ကျက်သရေရှိလိုက်ပါဘိ ကေ ။ တောင်အမေရိက ကမ်းရိုးတန်းက ကာဘရိုက်တာမကောင်းတော့တဲ့ ဆိုင်ကယ်သံလို ၊ ကျွန်တော်တို့ရဲ့ ဧရာတိုင်ဆွေးနေတဲ့ ဂရမ်မာ ရွက်လှေလေးလို ။ ရိုင်ဖယ်ပြောင်းအကျိုးလေးကို ပြန်ဆက်နေတဲ့ ကျူးဘားကြံခင်းတွေထဲက ရှူနာရှိုက်...