ပျောက်ဆုံးနေတဲ့ညစောင့်တစ်ဦး၏ အိပ်မက်
ငတ်မွတ်နေတဲ့ လူတစ်ယောက်ကို
အစားအစာနဲ့ဘုရားသခင်
ဘယ်သူ့ ကို ပိုယုံကြည်သလဲ မေးရင်
ဘာဖြေမယ် ထင်သလဲ။
အစကတည်းက လှည့်စားခံရ
စွပ်ပြုတ်တစ်ခွက်ဟာ
တချို့သူအတွက်
အပျော်တမ်း စားသောက်စရာ ဖြစ်ပေမယ့်
ညနေစာ မစားရသေးတဲ့ ညစောင့်အတွက်တော့
ဒါဟာ
ပို အရေးတကြီး လိုအပ်သင့်တဲ့အရာ
ဖြစ်နေပေါ့
အားလုံးပြည့် ပြည့်ဝ ဝ ပြီးဆုံးသွားတဲ့
ကောင်းကင်ကြီးအောက်
ဆာလောင်နေတဲ့ မျက်လုံးတွေ မြင်နေရတာလောက်
ဝမ်းနည်းစရာ မရှိဘူး
အဲဒီမျက်လုံးတွေဟာ ကြယ်ကလေးတွေလိုပဲ
အကြေကွဲဆုံး စကားတွေနဲ့ တလက်လက်
တောက်ပနေတတ်လို့
ဆိုင်နဲ့ အိမ်တံခါးပေါက်တွေလည်း
ပိတ်သွားပြီ
ဒီမြို့ကြီးမှာ
စွပ်ပြုတ် တစ်ခွက် ဘယ်နေရာကမှ မရနိုင်တော့ဘူးလား
ဘုရားသခင်က
တချို့သူတွေကို နည်းနည်း ပိုပေးလိုက်တာကြောင့်
တချို့သူတွေမှာ လုံးဝမရတော့တာလား
လမ်းပေါ်မှာ ရပ် စဉ်းစားဆဲ။
-ပိုင်
Poemency
လောကမှာ ချမ်းသာတဲ့ သူတွေသာ နည်းနည်းစီ မျဝေပေးနိုင်ရင် ဒီလိုကိစ္စတွေ မကြုံနိုင်။
ReplyDeleteခက်တာက ထောင်မြင်လို့ ရာစွန့်တဲ့သူက များနေတဲ့ လောကကြီး
ဘယ်လာပြီး ကောင်းတော့မည်နည်း။
Fighting
ReplyDeleteမနက်ဖြန်ဆိုတာရှင်သန်ခွင့်ရနေသေး၍ မျှော်လင့်ချက်တွေက
ReplyDeleteရည်ရွယ်ရာပန်းတိုင်အတွက်
လှေးကားထစ်တွေအဖြစ်ရှေ့ဆက်လျှောက်ရင်း
Done
ReplyDeleteI will not give up until I win
ReplyDelete