ပျောက်ဆုံးနေတဲ့ညစောင့်တစ်ဦး၏ အိပ်မက်



ငတ်မွတ်နေတဲ့ လူတစ်ယောက်ကို

အစားအစာနဲ့ဘုရားသခင်

ဘယ်သူ့ ကို ပိုယုံကြည်သလဲ မေးရင်

ဘာဖြေမယ် ထင်သလဲ။


အစကတည်းက လှည့်စားခံရ

စွပ်ပြုတ်တစ်ခွက်ဟာ

တချို့သူအတွက်

အပျော်တမ်း စားသောက်စရာ ဖြစ်ပေမယ့်

ညနေစာ မစားရသေးတဲ့ ညစောင့်အတွက်တော့

ဒါဟာ 

ပို အရေးတကြီး လိုအပ်သင့်တဲ့အရာ

ဖြစ်နေပေါ့

အားလုံးပြည့် ပြည့်ဝ ဝ ပြီးဆုံးသွားတဲ့

ကောင်းကင်ကြီးအောက်

ဆာလောင်နေတဲ့ မျက်လုံးတွေ မြင်နေရတာလောက်

ဝမ်းနည်းစရာ မရှိဘူး


အဲဒီမျက်လုံးတွေဟာ ကြယ်ကလေးတွေလိုပဲ

အကြေကွဲဆုံး စကားတွေနဲ့ တလက်လက်

တောက်ပနေတတ်လို့

ဆိုင်နဲ့  အိမ်တံခါးပေါက်တွေလည်း 

ပိတ်သွားပြီ

ဒီမြို့ကြီးမှာ

စွပ်ပြုတ် တစ်ခွက် ဘယ်နေရာကမှ မရနိုင်တော့ဘူးလား


ဘုရားသခင်က

တချို့သူတွေကို နည်းနည်း ပိုပေးလိုက်တာကြောင့်

တချို့သူတွေမှာ လုံးဝမရတော့တာလား

လမ်းပေါ်မှာ ရပ် စဉ်းစားဆဲ။


-ပိုင်

Poemency 

Comments

  1. လောကမှာ ချမ်းသာတဲ့ သူတွေသာ နည်းနည်းစီ မျဝေပေးနိုင်ရင် ဒီလိုကိစ္စတွေ မကြုံနိုင်။

    ခက်တာက ထောင်မြင်လို့ ရာစွန့်တဲ့သူက များနေတဲ့ လောကကြီး

    ဘယ်လာပြီး ကောင်းတော့မည်နည်း။

    ReplyDelete
  2. မနက်ဖြန်ဆိုတာရှင်သန်ခွင့်ရနေသေး၍ မျှော်လင့်ချက်တွေက
    ရည်ရွယ်ရာပန်းတိုင်အတွက်
    လှေးကားထစ်တွေအဖြစ်ရှေ့ဆက်လျှောက်ရင်း

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ