"တချို့"
လက်သုံးချောင်းတွေ လေပေါ်မှာ
ဆန္ဒပြလူအုပ်ကြီးဟာ လေပေါ်မှာ
ရေပေါ်ဆီတွေက လေပေါ်မှာ....။
အရာရာကို
လေပေါ်တင်နေကြသူတွေထဲမှာ
တော်လှန်သူငရဲကို တကယ်မြင်နိုင်သူ
သိပ်ကို ရှားပါးလွန်းတယ်....။
AKကျည်တတောင့်ကို
မြန်မာငွေ တစ်သောင်းဖြစ်နေချိန်မှာ
ငွေငါးထောင် အားနာပါးနာလှူဖူးတဲ့
ဘေးအိမ်ကလူက ထပြောတယ်
" တော်လှန်ရေး မအောင်သေးဘူးလား " တဲ့
တိုင်းပြည်ကိုသိမ်း
ဘဏ္ဏာကို သိမ်းနဲ့
လူ့မိစ္ဆာတွေကနေတဲ့ ယိမ်းမှာ
တချို့က စိမ်းစိမ်းကျက်ကျက်
နိုင်ရာကို ဝင်ထမ်းကြပေမယ့်
တချို့ကျ စိမ်းစိမ်းသက်သက်....။
တောမခိုနိုင်ဘူး
လက်နက် မကိုင်နိုင်ဘူး
ဒါဟာ အပြစ်မဟုတ်ပါဘူး
အကြောင်းပြချက်တွေ မှာ
အသက်တွေသီထားရတဲ့ အခါ
ကျနော်တို့ကမ္ဘာမှာ
နာကျင်စရာတွေ ရှိတတ်ပြန်ရဲ့.....။
-ဝေးလ်
ကျနော်တို့ကမ္ဘာမှာ
ReplyDeleteနာကျင်စရာတွေ ရှိတတ်ပြန်ရဲ့..