Posts

ရဲဘော်မှ ရဲဘော်သို့

  ဘဝအ‌ကြောင်းစုံအောင် ငါသိခဲ့ပြီရဲဘော်  ငါတို့ဟာသမိုင်းကပေးတဲ့ တာဝန်တွေ  ယူထားကြတဲ့ လူတွေပဲရဲဘော်.... ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ကို မြင်နိုင်သမျှမြင်ခဲ့ရပြီလေ....။ ရှေ့ရှောက်အကောင်းဆုံးတွေလာဖို့  ဘုရားသခင်စီ ဆုတောင်းရဦးမယ် ကြုံလာခဲ့တဲ့ အခက်ခဲတွေကို မင်းလျှောက်တဲ့လမ်းမှာ အသုံးချဖို့မမေ့နဲ့...။ ငါတို့တွေက မိသားစုတွေ.... နယ်ပယ်မတူဘူးနေရာမတူဘူး အသက်အရွယ်ကစပေါ့... ရင်ဘတ်ခြင်းတော့ တူတယ်ရဲဘော်..။ အာဏာရှင်ကိုတော်လှန်ဖို့ ငါတို့တွေမိသားစုဖြစ်ရတယ်... အာဏာရှင်ကို  ချေမှုန်းဖို့အတွက်.. ငါတို့ကလက်နက်ခဲယမ်းဆိုတာလည်း မမေ့နဲ့ရဲဘော်.. နွေးဦးမှာငါတို့ရဲ့ကြယ်တွေ အတုံးအရုံးဆုံးရှုံးခဲ့တယ် နွေးဦးဟာ ငါတို့ပေါ်ရက်စက်ခဲ့တယ်ရဲဘော်ရေ... အံကြိတ် တောက်ခေါက်ယုံနဲ့ပြီးမှာ မဟုတ်ဘူး ဆုံးရှူံးသွားတဲ့ကြယ်တွေ ကြွေကျသွားတဲ့ပန်းတွေ သူတို့တွေဟာ ငါတို့ရဲ့အာဇာနည်တွေပဲ.........။ ကဲအခုလွတ်လပ်ခြင်းနဲ့ တရားမျှတမှုအတွက် ငါတွေလက်နက်ကိုင်ကြရတော့မယ် ရဲဘော်... ရဲဘော်လွတ်လပ်ခြင်းနဲ့ တရားမျှတမှုအတွက် ငါတို့ရဲ့ အသက်ကိုပေးဆပ်ရဦးမယ် ရဲဘော်.......။ ရဲဘော်16.

ဒီတခါ ကျောင်းတွေပြန်ဖွင့်ခဲ့ရင်

မြေခွေးက စာသင်ခန်းထဲဝင်လာတော့ လူသေကောင်တစ်စုက မတ်တပ်ရပ် ခေါင်းငြိမ့် ညံဖျင်းမှုတွေမွေးထုတ်ဖို့ ထောက်ခံလိုက်ကြပေမယ့် မြေခွေးဟာမြေခွေးပဲ ယုန်သူငယ်ဖြစ်မသွားဘူး။ လေထဲလွင့်နေတဲ့ မိုက်လုံးတွေပေါ်က သမိုင်းမဆန်တဲ့သမိုင်းဆိုတာ မစင်ကိုအမည်ပြောင်းထားတဲ့  မသတီစရာဒဏ္ဍာရီဟာ သမိုင်းဖြစ်မသွားဘူး ။ ငရဲပန်းကိုမှရွှေပန်းထင် ငရဲခန်းထဲဆင်းဖို့ပြင်တဲ့ ဦးနှောက်သင်းကွပ်ခံထားရတဲ့ နောက်လိုက်တစ်စုဟာ ကျည်ဆန်နဲ့ရေးတဲ့ ပညာရေးဆိုတာ ဘဝတစ်ဆစ်ချိုး ပြောင်းလဲဖို့လို့ထင်ပြီးတဲ့နောက် ခေါင်းလောင်းသံဟာ ယမ်းနံ့တွေပဲအူထွက်လာတာမဆန်းတော့ ။ ခေတ်အဆက်ဆက် စတေးခဲ့တဲ့သွေးတွေ မိန်းလမ်းမကြီးကနေ ကျောင်းပရဝဏ် ၊ စာသင်ခန်းတွေအဆုံး ဒီနေ့အထိစီးတယ် ။ သွေးညှီနံ့တွေမပြယ်သေးတဲ့ ဒီဧရိယာ ၊ ကြီးမြတ်တဲ့ဝိဉာဥ်တို့အတွက် ခေါင်းလောင်းသံကြားတိုင်း ရင်နင့်ရတယ် ။ အနေသာကြီးနေခဲ့ကြတဲ့ ပါးစပ်သေနတ်တွေ ကျောင်းနဲ့ကျောင်းသား ညားကြဖို့ဆိုရင် သွေးပင်လယ်မှာ အသားကျမနေဖို့လိုတယ် ။ ဒီတခါ ကျောင်းတွေပြန်ဖွင့်ခဲ့ရင်...  ဖက်ဒရယ်ခေါင်းလောင်းသံဟာ ကျယ်ကျယ်လောင်လောင်ဖြစ်လိမ့်မယ် ဟော ဟိုး...မှာ ရာဇဝင်တွင်သူရဲကောင်းတွေ သားရွှေအိုးထမ်းလို့ ပြည်တော်ကိုပြန်လာနေပြီ အဲဒါ ငါဒ...

ကဗျာ ကဏ္ဍ

 ပါရမီရှိသလောက် ညံ့ဖျင်းပြီးတဲ့နောက် ဘဝမှာ ထပ်ညံ့စရာ ဘာမှမကျန်တော့။  ဆွေးနေတဲ့ အငေးတွေကို လွှတ်ချ၊  တွေးနေရတဲ့ ရင်လေးစရာ အားလုံးကို အေးအောင် မှုတ်သောက်ရတော့မှာပဲ။ ကြယ်တွေနဲ့ အဝေးဆုံးအရပ်မှာ တစ်ယောက်တည်းလင်းလို့။  လူတွေနဲ့ မတိုးမိအောင် မတိုင်မိအောင် ရှောင်းရင်း တိမ်းရင်း ခွေးခြေပေါ် ဘဝတစ်ခုလုံး လုံးချေပစ်တင်လိုက်ချင်တယ်။ -ကိုသျှား

ပျောက်ဆုံးနေတဲ့ညစောင့်တစ်ဦး၏ အိပ်မက်

ငတ်မွတ်နေတဲ့ လူတစ်ယောက်ကို အစားအစာနဲ့ဘုရားသခင် ဘယ်သူ့ ကို ပိုယုံကြည်သလဲ မေးရင် ဘာဖြေမယ် ထင်သလဲ။ အစကတည်းက လှည့်စားခံရ စွပ်ပြုတ်တစ်ခွက်ဟာ တချို့သူအတွက် အပျော်တမ်း စားသောက်စရာ ဖြစ်ပေမယ့် ညနေစာ မစားရသေးတဲ့ ညစောင့်အတွက်တော့ ဒါဟာ  ပို အရေးတကြီး လိုအပ်သင့်တဲ့အရာ ဖြစ်နေပေါ့ အားလုံးပြည့် ပြည့်ဝ ဝ ပြီးဆုံးသွားတဲ့ ကောင်းကင်ကြီးအောက် ဆာလောင်နေတဲ့ မျက်လုံးတွေ မြင်နေရတာလောက် ဝမ်းနည်းစရာ မရှိဘူး အဲဒီမျက်လုံးတွေဟာ ကြယ်ကလေးတွေလိုပဲ အကြေကွဲဆုံး စကားတွေနဲ့ တလက်လက် တောက်ပနေတတ်လို့ ဆိုင်နဲ့  အိမ်တံခါးပေါက်တွေလည်း  ပိတ်သွားပြီ ဒီမြို့ကြီးမှာ စွပ်ပြုတ် တစ်ခွက် ဘယ်နေရာကမှ မရနိုင်တော့ဘူးလား ဘုရားသခင်က တချို့သူတွေကို နည်းနည်း ပိုပေးလိုက်တာကြောင့် တချို့သူတွေမှာ လုံးဝမရတော့တာလား လမ်းပေါ်မှာ ရပ် စဉ်းစားဆဲ။ -ပိုင် Poemency 

Knowledge

Image
 

ဆလိုင်း

အသတ် ခံရသူက ကမ္ဘာကြေလည်း ရဲဘော်မသေ အမြင့်ပျံအောက်ချင်းသစ္စာခရီးတို့ မြေမဟီကို တုန်လှုပ်စေခဲ့ ရရင်ရ မရရင်ချ မဟုတ်ဘူး ရရ မရရ မတရားမှုမှန်သမျှချဟေ့ချကြ သတ်တဲ့သူတွေက အသတ် ခံရတဲ့သူ မသေခင်ကတည်းက သေခဲ့ကြတယ် မကြွေတဲ့ကြယ် မသေတဲ့နာမည် သူ့ပြယုဂ် သူ့အလံတော် အောက်ချင်းလိုမာန်ဝင့်ဆဲ ဆလိုင်းတဲ့ တင်မောင်ဦးကို ကမ္ဘာကသိတယ်။ ဟာရှိန်း(မင်းတပ်) ဆီသို့စာစဉ်

Knowledge

Image