"စိတ်သတ်ကွင်း"
ရာသီဥတုနဲ့ကီးမကိုက်တဲ့အခါ စောင်ထခြုံလိုက်တယ် အပြင်မှာမအေးဘူး ငါ့စိတ်ကိုကနာဖျားနေတာ။ ထောင်စရာလက်အုပ်မရှိဘူး မှောက်ထားတဲ့ဆွဲဖဲတစ်ချက်မှာ လက်ခလယ်ဟာ ရဲရဲတင်းတင်းကပ်ပါလာတယ်။ ပျော်ရွှင်မှုဟာ နေရောင်လို တလက်လက်တောက်ပလို့ ဒါပေမယ့်... ငါ့ကိုခတော့ အရောင်ဟာ ပုပ်သိုးနေပြီ တကယ်တော့ အဲဒီအိတ်ကပ်ကိုဆောက်တည်ကတည်းက ဝမ်းနည်းမှုကိုရောချုပ်ခဲ့တာပါ။ ဟာလာဟင်းလင်းနဲ့ပွင့်ထွက်နေတာက ငိုညည်းသံတွေ နှုတ်ပိတ်လို့မရတော့တဲ့အဆုံး ခုန်ချပစ်လိုက်မိတယ် ငါနိုးလာတော့... ငါ့နိုင်ငံဟာအရင်တိုင်း သွေးရောင်သမ်းနေတုန်းပဲ။ ဖီးနစ်ငှက်ငယ်_ဖန်ခါးမြေ PoetryZone