Posts

သပိတ်မှောက်ကျောင်းသားများဘွဲ့တေးထပ်

ယူနီဘာစတီ အက် ကိုဖြင့် ပြည်မမက် မုန်းစင် သည်အခက် မတုံးခင်ဝယ် ပြုံးရွှင်ရွှင်ရည်ဘွဲ့။ ကောလိပ်ဆိုတဲ့ နှစ်လိပ်ပြောင်အောင် သပိတ်တောင်မှောက်ကြသတဲ့။ ပရိုဖက် ဆာအနေ ဆရာတွေသင်မဲ့ စာပေမမြင်တဲ့ခင်ပ တမင်သွဲ့ခက်ဘွယ်။ ကူးရှင်းခေါ် ဟိုက်စကူးဆီက ရိုက်ကျူးလို့ ကူးပြန့်ကျယ်။ အထူးခက် အံ့ဘွယ်ပေ ခန့်ထည်ထည် စီနိတ်က သည်နှစ်လိပ် ဝင်ပစေ ခွန်းမိန့်သံတွေ။ လွှမ်းပစိမ့် ဖန်လေသည် မြန်ပြေတွင်  တပွဲပေါ့လေး။ မစ္စတာမောင်မှိုင်း (အဘိုးဆရာသခင်ကိုယ်တော်မှိုင်း) ဘွိုင်းကောက်ဋီကာ၊ စာမျက်နှာ၃၀၆ ပထမအကြိမ် ၁၉၂၇။

ဘရာမရှိတော့တဲ့ပန်းပွင့်

သူရဲ့အထိအတွေ့က  ဆိုဖာပေါ်မှာ ဆယ်သက်စာ ဖီးလ်ပဲတဲ့ ဒါကြောင့်လဲ သူဟာ မတရားသဖြင့် ဖာသည်မဖြစ်ခဲ့ပုံရ သူဖာသည်မဖြစ်တော့ တချို့က သနားကြ တချို့က ခံပြင်းကြ တချို့တွေကတော့ သူ့ဆံပင်တွေကို  ခေတ်အဆက်ဆက် တစ်ပင်ချင်း ခုတ်ပိုင်းပစ်ကြပေါ့  ပြီးတော့ သူ့ရဲ့ဖွံ့ထွားနေတဲ့နို့အုံတွေပေါ်  ကုန်တင်ကားနဲ့ တက်တယ် ဂျစ်ကားနဲ့တက်တယ် သူ့နို့အုံများဟာ အလင်းတွေနဲ့ ရွှေရည်စိမ် ရွေ့လျားမှုတွေနဲ့ဖြစ်လို့ ညှော်နံ့တွေ အထပ်ထပ်နဲ့ နောက်ဆုံး တွင်းအနက်ကြီးတွေဖြစ်ခဲ့ သူရဲ့စျေးကွက်မှာ  ဘီအီးနံ့မရှိ ဖက်စပ်နံ့မရှိ ဖန်ခွက်ထဲက ရေခဲအတွက် သူဟာဖြစ်ချင်တိုင်း  အဖြစ်ခံထားရတဲ့ အပဲ့အရွဲ့ အရောင်နဲ့ အမှောင်နဲ့ အပွင့်အခက်နဲ့ ဆူးတွေနဲ့ နည်းအမျိုးမျိုးနဲ့  တချို့ သို့မဟုတ် အတော်များများ ဖာသည်မလေးကို အဓမ္မကျင့်ခဲ့ကြပေါ့ နှစ်ပေါင်းများစွာပါပဲ တက်ပြီးပြန်မဆင်းချင်တဲ့  ဖာခေါင်းအဆက်ဆက်ကြောင့်  အဲဒီဖာသည်မလေးဟာ ဖျားနာနေခဲ့ရ သူဟာ နောက်ဆုံးတန်းက ချူချာနေတဲ့ ဖာသည်မလေးပါ သူဟာ ဘရာမရှိတော့တဲ့ ကချေသည် ပန်းတစ်ပွင့်ပါ သူ့အင်္ဂါထဲ ကိုယ့်အင်္ဂါထည့်ဖို့ လက်ညိုးတွေ ​ ကွေးပစ်ဖို့ထိမလိုပါဘူး ပြန်မဖာနိုင်သေးတဲ့ သူ့အပေါက်တွေက...

ကဗျာကဏ္ဍ

 အိမ်ခြေယာမဲ့ လူငယ်တစ်ယောက် ချစ်ခြင်းမေတ္တာ ငတ်မွန်းတဲ့လူငယ်တစ်ယောက် ဘဝမှာ ရူးသွပ်တဲ့အတွေးအခေါ်က နှစ်ရပ်တည်း ကဗျာ သရဏံ ဂစ်ဆာမိ  ချစ်ခြင်းမေတ္တာ သရဏံ ဂစ္ဆာမိ ပါတဲ့  ဗန်ဂိုး ဂရိုမော့ဗ်  မြို့မငြိမ်း လွတ်မြောက်ရေးဆီ ဦးတည်လျှောက်ခဲ့ကြ သူတို့အကြောင်းသိတဲ့ အိမ်ခြေယာမဲ့ ကဗျာဆရာလည်း ကိုယ့်ကိုယ်ကိုယ် နဲ့ ကိုယ့် ခေတ်ကို ပြန်ကြည့်မှ  "သေနတ်က  လိုနေပြန်ပါပြီ"။   -ဆောင်းဦးသွင်

လမ်း

မိသားစုများ အခန်းကဏ္ဍ ကမ္ဘာဦးပုံသဏ္ဌာန် တစ်ဦးပြန်အလာ တစ်ဦးမျှော်ကြ မီးဖိုကြ ငါတို့ခေတ်မှာ ငါတို့ဟာ ချစ်မေတ္တာကို ယူလာနိုင်ခဲ့လို့လား အိမ်ပြန်လာကြတယ်။ ကားတစ်စင်း သေနေပေါ့ ညောင်ပင်ကြီးရဲ့အောက်မှာ မိုးကမတိတ်တော့ဘူးလား ဟောဒီလောကမှာ။ အောင်ချိမ့် (ရနံ့သစ်- ဒီဇင်ဘာ၊ ၁၉၉၆)

ငါ့စုဗူး – ၃၉

   အရာရာတိုင်းဟာ မျှော်လင့်တိုင်း ဖြစ်လာရင် သင်ဟာ နောက်တစ်ခါ မျှော်လင့်ချင်ဦးမှာလား မမျှော်လင့်ချင်တော့ဘူးလား ပျင်းလာ ငြီးငွေ့လာမှာလား ပျော်ရွှင် နောက်ထပ် ပျော်ရွှင်လာမှာလား ကျွန်တော့်ကို ပြောပြနိုင်ပါသလား။ ဥာဏ်နည်းသူမို့ ကျွန်တော့်ကို ပြောပြနိုင်ပါသလား။ ကံနည်းသူမို့ ကျွန်တော် သိချင်လှပါတယ်။ ။ - ​အောင်ချိမ့် -

ကဗျာ ကဏ္ဍ

 အမေရယ် တခြားသူတွေအတွက်တော့ အရာရာဟာ  လက်တပစ်စာရယ်ပါ ။ သားမှာတော့ ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့..... ။  ။ -မောင်ချောနွယ် (ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်) မှ -

စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးစနစ်

  နွေဦးတော်လှန်ရေးဟာ လူသတ်လက်နက်များ ကိုယ်စီကိုင်ဆောင်ထားတဲ့ armed struggle အဆင့်ကို ဖြတ်သန်းနေပြီဖြစ်တယ်။ လက်နက်ဆိုတာ စည်းစိမ်တစ်မျိုးဖြစ်တာမို့ အဲဒီစည်းစိမ်အပေါ်သာယာပြီး တရားမဲ့ပြုကျင့်မှုတွေက မလွှဲသာမရှောင်သာ ကြုံတွေ့ရမယ့် ကိစ္စတွေဖြစ်ပါတယ်။  စစ်တပ်ဖွဲ့ပြီဆိုတာနဲ့ စစ်စည်းကမ်း၊စစ်ဥပဒေဆိုတာ ရေးဆွဲပြဋ္ဌာန်းဖို့ လိုအပ်ပြီး လက်နက်ကိုင်များက ချိုးဖောက်ကျူးလွန်တဲ့ တရားမဲ့ပြုကျင့်မှုများကို ထိရောက်စွာအရေးယူနိုင်ဖို့လည်း လိုပါတယ်။ လက်နက်ကိုင်ပြီး ထင်ရာရမ်းနေပါက စစ်သွေးကြွများသာဖြစ်ပြီး တော်လှန်ရေးလို့ ခေါ်ဆိုနိုင်မည်မဟုတ်ပေ။ ယနေ့အချိန် နုကြည်၊ကာကွယ်ရေးဌာနက စစ်ဥပဒေရေးဆွဲပြဋ္ဌာန်းပြီး ပြီလား မသိပါ (မျက်မြင်မြေပြင်မှာတော့ လက်နက်ကိုင်များကို ဥပဒေ၊စည်းကမ်းအရ ကိုင်တွယ်နိုင်မှု နည်းပါးနေတာ တွေ့ရပါတယ်။) စစ်သည်တော်ကျင့်ဝတ်ဆိုတာနဲ့ မလုံလောက်ပေ။ဥပဒေ ပြဋ္ဌာန်း ထိန်းကွပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ စစ်ဥပဒေနဲ့ စစ်ဘက်ဆိုင်ရာ တရားစီရင်မှုစနစ်အကြောင်းကို အမြည်းမျှ စုစည်းတင်ပြလိုက်ပါတယ်။ စစ်စည်းကမ်း လက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ လူသတ်ဖို့ဖွဲ့စည်းလေ့ကျင့်ထားတာဖြစ်လို့ တပ်ဖွဲ့ဝင်များကို တင်းကျပ်...