Posts

Showing posts from December, 2022

"ကြမ်း"

အလွှာပါးပါးလေးထဲမှာ  တခုခုရှိနေသလိုလိုနဲ့  လေထဲက ဆွဲဆွဲထုတ်ပြနေတာ လူတိုင်း မျက်စိနောက်လာပြီ။ မင်းမလည်း  ရေသန့်လိုလို လေသန့်လိုလို ဘာလိုလို...။ အနေမတတ်တော့ ဖြဲသလို အပြောမတတ်တော့ ဆဲသလို အရေးမတတ်တော့ ကဲသလို အရောမတတ်တော့ ပေါသလိုလို ဆိုသလို...။ ထုသားနဲ့ ပေသားလွဲတော့ အကွပ်မဲ့ရလေတယ်။ အန်နိုလာ

Revolution Reviews

လွတ်လပ်ခြင်းဟာ ချစ်ခြင်းတရားလိုပဲ သိပ်အဖိုးတန်တယ်ဆိုတာ သိခဲ့တယ် ယုံကြည်ချက်ဟာ ရှင်သန်မူထက် လေးနက်တယ် လူငယ်တွေဟာ ထင်တာထက် ပိုသန်မာတယ် လူတွေ အာဏာရူးလာရင် တိုင်းပြည်တခုလုံး အနာဂတ်ပျောက်သွားနိုင်တယ်ဆိုတာ ကြုံခဲ့တယ် အုပ်ချုပ်မူစနစ်တခုမှားတာနဲ့ တိုင်းပြည် ခုလုံး အမှောင်ခေတ်ပြန်ရောက်မယ်ဆိုတာ သိခဲ့ရတယ် လူတွေ ကောက်ကျစ်ယုတ်မာအကြမ်းဖက်လာရင် ဘယ်နတ်ဘုရားကိုမှ ဆုတောင်းလို့မရတာ လက်တွေ့ပဲ ဘယ်ဘာသာကိုးကွယ်ပြီး ဘယ်ဘုရားကို ယုံတာထက် ကိုယ်ခြင်းစာတရားနဲ့ ချစ်ခြင်းတရားကို ယုံဖို့ ကြုံခဲ့ရတယ် ရှင်သန်မူရဲ့တန်ဖိုးဟာ ရေပွက်ပမာ ခဏတာပဲဆိုတာ မြင်တွေ့သိရှိခဲ့ရတယ် အောင်မြင်မှု ကျော်ကြားမှုတွေဟာလဲ ဘာမှမဟုတ်ခဲ့ ဆိုတာ သိလာရတယ် ကမ္ဘာကြီးဟာ မကောင်းတဲ့သူတွေကြောင့် ပျက်စီးတာ မဟုတ် မကောင်းမူတွေကို ထိုင်ကြည့်နေတဲ့သူတွေကြောင့်သာ ပျက်စီးလိမ့်မယ်ဆိုတာ ကိုယ်တိုင်ကြုံခဲ့ရတယ်လေ. San Zuren 🌸

"အရပ်သားကဗျာဆရာ"

ဒီဇင်ဘာရဲ့ ဆောင်းညတွေမှာ ကဗျာမီးလင်းဖိုလေး သူ့နှလုံးသားမှာဖိုပြီး နှင်းရေလို့ အဲ့ဒီလူကြီးက အကျယ်ကြီးအော်လိုက်တယ်။ အဲ့ဒီလူကြီးရဲ့ အသက်ဓါတ်ဟာ တခြား အသက်ဓါတ်တစ်ခုနဲ့ တသားတည်း ဖြစ်သွားတဲ့အခါ ပန်ပန်ရေလို့ သူအကျယ်ကြီးအော်ဟစ်ပြန်တယ်။ ဒီဇင်ဘာ ၁၄ ရက်မှာ နှင်းတွေမကျဘဲ အဲ့ဒီလူကြီးတစ်ယောက်တည်းရဲ့အပေါ်ကို ကဗျာတွေ တဖွဲဖွဲကြွေကျနေတယ်။ နှင်းအကြောင်းပြောရင် ဒီဇင်ဘာကို ချန်ထားလို့မရသလိုမျိုး ကဗျာအကြောင်းပြောရင် အဲ့ဒီလူကြီးကို ချန်ထားလို့မရဘူး။ အဲ့ဒီလူကြီးဟာ... တိုးတိုးလေး တိုက်နေတဲ့ မုန်တိုင်း နှောင်ကြိုးလေးတစ်ခုရဲ့ အသက် မိုးကောင်းကင်ရဲ့ ကဗျာ အရပ်သားကဗျာဆရာ။ ဟဲလို ကဗျာလူသားကြီးရေ ကဗျာတွေအတွက် အမြဲသန်မာနေလို့ ဘာသားနဲ့ ထုထားတာလဲဆိုပြီး ကျနော်ကမေးရင် ကဗျာသားနဲ့ ထုထားတာလို့ ပြန်ဖြေလိမ့်ဦးမယ် မဟုတ်လား။ အန်နိုလာ

တိမ်အရုပ်ရေးသူ

 လောကကြီးမီးလောင်နေတာ လူညံ့တွေရှို့လို့ မဟုတ်ဘူး လူတော်တွေ ဝင်မငြိမ်းလို့ဖြစ်တာ......တဲ့ လောင်နေတဲ့မီး မင်းတစ်ယောက်ထဲငြိမ်းချင်လို့မရဘူး မင်း ဝင်မရှို့ဖို့တော့လိုတယ် ပြီးတော့ ငြိမ်းနေသူတွေထဲ မင်းဝင်ပူးပေါင်းလို့ရတယ် ညီလေး တကယ်လို့ လက်နက်နဲ့အုပ်ချုပ်ခံခဲ့ရတဲ့ဘဝ ပြန်ရောက်သွားရင်လည်း မင်း ကြေကွဲနေခွင့်တော့ မရှိဘူး ကိုယ်နဲ့တန်ရာတန်ရာအစိုးရကိုပဲ ရတာလို့ နှလုံးသွင်းပေါ့ကွာ လက်နက်ကို လက်နက်နဲ့တော်လှန်မှရမယ်လို့ မတွေးရဲရင်လည်း ထောင်အကျခံ၊အသေခံနိုင်ငံရေးပဲ ဆက်လုပ်ကြတာပေါ့ ဒါမှမဟုတ်...... ငွေမင်သုတ်၊စာရွက်အဆုတ်ခံရမယ့် ကဗျာတွေရေးပြီး တော်လှန်ကဗျာဆရာကြီး ဂုဏ်ပုဒ်နဲ့ ဘုတ်ကျီးမြှောက်၊ကျီးဘုတ်မြှောက် နေကြရုံပေါ့ကွာ ကိုသန်းထွန်း

အောက်ဆုံးအလွှာ

  မင်းတို့က ဗြဟ္မဏတွေလား ငါတို့က ဇာတ်နိမ့်တွေပါ မင်းတို့က ကျူတိုးနစ်တွေလား ငါတို့က အသားအရောင်ရှိသူတွေပါ မင်းတို့က အာရိယန်တွေလား ငါတို့က သွေးသန့်လိုသူ ဥရောပက ဖဲ့ချခံလိုက်ရသူတွေပါ မင်းတို့က"လူအဖြစ်"မွေးလာခဲ့ကြသူတွေလား ငါတို့က"လူ့အဖြစ်"ကိုရဖို့ အသက်ပေးတိုက်ယူနေရဆဲ ဆင်းရဲသားတွေပါ "မတူညီမှု"ဆိုတာ ကမ္ဘာကြီးဆီရောက်မလာတဲ့ မေးခွန်းတွေဖြစ်ပြီး "မညီမျှမှု"တွေကတော့ ကမ္ဘာကြီးက တွက်ချက်ကြည့်ခဲ့ပြီး အဖြေမထွက်ခဲ့တဲ့ ပုစ္ဆာတပုဒ်ဖြစ်ခဲ့ပါတယ် ကိုသန်းထွန်း

ဖေဖော်ဝါရီတစ်ရက်ကစလို့ အိပ်မက်တွေ တွန့်ခေါက်ကြေမွ ‘’

ဗီရိုထဲ ​ဖြစ်ကတတ်ဆန်းထိုးထည့်ခံရတဲ့ရှပ်အက်ျီလို ဖေဖော်ဝါရီတစ်ရက်ကစလို့ အိပ်မက်တွေ တွန့်ခေါက်ကြေမွ...။ ကွေ့ကောက်နေတဲ့မြစ်တစ်စင်းပေါ် သဘော်ကို ဘယ်သူပစ်တင်လိုက်တာလဲ။ ဆူလွယ်နပ်လွယ်နေ့စွဲများ...။ နှင်းမှုန်တွေကြားက ရှင်သန်ခွင့်ဟာ  ဆပ်ပြာပူဖောင်းလောက်တောင် မရေရာဘူး။ ပျော်တာပေါ့အမေရယ်ဆိုတဲ့ သီချင်းကို စိတ်ညစ်ညစ်နဲ့ တစ်ညပြီးတစ်ညဆိုနေရ...။ အနုတ်ဖက် ထိုးကျနေတဲ့စိတ်ကို ရက်ရက်စက်စက်လည်လှီးအသတ်ခံရတဲ့ ရဲဘော်တစ်ယောက်ရဲ့ ဓာတ်ပုံနဲ့ နေ့ရှိသရွေ့ ပြန်ကောက်နေရ...။ အမေ့အိမ်ကိုလွမ်းတယ်။ ကဗျာရေးတယ်။ စိတ်ကျန်းမာဖို့ရာ တနေ့တခြားဆေးလိပ်ပိုသောက်လာရဲ့။ ကျွန်တော့်ကို မကြင်နာတတ်တဲ့ကောင်တဲ့။ အမေ့သားအငယ်ကောင် တစ်ခါပြောဖူးတယ်။ ကြင်နာတတ်လို့ သေနတ်ကြီးလွယ်နေရတာပေါ့ ငါ့ညီရာ...။ မင်း တစ်စက္ကန့်လောက်တောင် ငါ့အကြောင်း နည်းနည်းလေးမှ မတွေးမိဘူးလား။ တစ်ခါတစ်လေ ရုပ်မြင်သံကြားက ပြက်လုံးတွေဟာ  ကောင်းကောင်းမရယ်ရဘူး။ နိုင်ငံတော်ကို ချစ်မြတ်နိုးသူမှာ အ​ကြမ်းဖက်သမားတဲ့။ နိုင်ငံတော်ကို သစ္စာဖောက်သူမှာကျ အဘဘုရားတဲ့။ တစ်လ ဘယ်လောက်များပေးငှားထားတယ်မသိ။ ဒိုင်အိုဂျီးနိစ်ရေ... မိတ်ဆွေစစ်ရဖို့ရာ နေ့ခင်းကြောင်တောင်မှာ မီးခွက်ထွန်းရှာ...

ကျည်နှင်းတဖွဲဖွဲ

ဒီနှစ်ဆောင်းက နှင်းတွေတအားကျတာပဲ အိပ်ခန်းထဲက ခေါင်းအုံးလေးတောင်စိုတယ်။ တန်ဆောင်မုန်းမှာ ဖုံးတုံးလုံးတုံးဖြစ်နေတာက စပါးနှံတွေမဟုတ်ဘဲ ဒုက္ခနှံတွေ။ အခါတိုင်းနှစ်တွေမှာ သူ့လယ်ကြည့်ပြီးကိုယ်ပျော် ကိုယ့်လယ်ကြည့်ပြီးသူ‌ေမာ် ဒီနှစ်တော့ သူ့လယ်ကြည့်ပြီးကိုယ်ငိုင် ကိုယ့်လယ်ကြည့်ပြီးသူမှိုင်။ ပြေးရလွန်းလို့ ခြေထောက်တွေအသားမာတက်နေပါပြီ တောက်ခေါက်ရလွန်းလို့ လျှာတွေအသားမာတက်နေပါပြီ ငိုရလွန်းလို့ မျက်ခမ်းတွေအသားမာတက်နေပါပြီ။ ဒီနှစ် ပန်းတွေမပွင့်ဘူး သစ်စေ့တွေစစ်ရှောင်နေရလို့။     ။ ခန့်ဝါငြိမ်း တူမီးတော်လှန်ရေးစာစဥ်

"နေမထွက်နိုင်ငံတော်" (၇)

ရယ်သံတွေ တိုးတိုးသွားလေ အမှောင်ထုဟာ လူတွေကိုဝါးမြိုပစ်လေလေ ဝိုင်ခွက်ထဲမှာ ဝတ်လစ်စလစ်နဲ့ နှင်းဆီပွင့်ကလေးတွေ မူးလဲနေ လက်မောင်းသွေးကို ဖေါက်ထုတ်လိုက်တော့ အေးစက်နေတဲ့ သွေးတွေစီးကျလာတယ် ဇာတ်လမ်းက မပြီးသေးဘူး လူတွေက ရုံပြင်ရောက်သွားကြပြီ ပရိတ်သတ်လို ကြည့်နေရတာကြာတော့ လိပ်ပြာငယ်လာကြလို့ ထင်ပါတယ် ခက်တာပဲ နေမထွက်နိုင်ငံတော်ထဲ အားလုံးတိုးဝှေ့။

"ရာမွန်သို့ပြန်စာ"

သို့ ချစ်သောရာမွန် သင့်ထံမှ ပေးပို့သောစာလွှာကို ကျွန်ုပ်တို့ ပြည်သူတွေရှေ့မှာ ဖတ်ပြခဲ့တယ် ။ ကျွန်ုပ်တို့ စတွေ့ခဲ့ကြတဲ့ "မာရီယာ အန်တိုနီယာ" ရဲ့ အိမ်ခန်းလေးကနေ သင့် နောက်ဆုံးသတင်းကို ကျွန်ုပ် အတည်ပြုကြေငြာနေရ ယခုအချိန်အထိ ကျွန်ုပ်တို့နှစ်ဦးကြားက ခေါင်းစဉ်ဟာ "တော်လှန်ရေး" မဟုတ်လား ရာမွန် ။ တပ်(ဇ်)ပန် ဆိပ်ကမ်း၊ အူဗာရိုတိုက်ပွဲ စန်တာကလာရာထိုးစစ်.. ကျွန်ုပ်တို့ လက်ဆွဲနှုတ်ဆက်တိုင်း စေးပျစ်နေတဲ့ သွေးကိုချည်း ထိစမ်းမိခဲ့ ရွက်ဖျင်ဟာ ဟောင်းနွမ်းခဲ့ပေမယ့် ကျွန်ုပ်တို့ ရွက်လှေကတော့ ဆက်လက်ရွက်လွှင့်ဆဲပါပဲ ရာမွန် ။ အို  ရာမွန် "တကမ္ဘာလုံးအတွက်  တော်လှန်ရေးကို သင်ချန်ထားနိုင်ခဲ့ပေမယ့် သင့်ချစ်ဇနီးနဲ့ သင့်သားငယ်သမီးငယ်တို့အတွက်တော့ တာဝန်မကျေပွန်သူတယောက်"တဲ့လား မဟုတ်ရပါဘူး ရာမွန် "အယ်လင်ဒါ" ဟာ သင့်အတိုင်း ရဲရင့်သူ ဇနီးတယောက်ဖြစ်ပြီး သင့် သားသမီးတွေကလည်း သင့်စွန့်လွှတ်မှုမှာ ဂုဏ်ယူတတ်ကြပါရဲ့ ရာမွန် ။ အို  ရာမွန်၊ သင်က အရပ်ရပ်သော အဖိနှိပ်ခံလူတန်းစားတို့အတွက် တော်လှန်သော တပ်ဦးက လွန်သွားတချောင်းဖြစ်ရဲ့ သင့်သေဖော်ဟာ ကျွန်ုပ်ဖြစ်ပြီ...

ဒီဇင်ဘာမီး

ရာသီက ဒီဇင်ဘာတခုပဲ နှင်းကို သိမ်းဆည်းထားတယ်ဆိုတာလောက် ဝမ်းနည်းစရာကောင်းတာ ဘာများရှိဦးမလဲလို့ ငါ့ ရင်ကို ငါ ယပ်ခတ်ရင်း ဆွေးနေမိပေါ့ ။ အငေးထဲ ။ ပြန်ရနိုင်ဦးမလား စိတ်နဲ့ တချိန်က‌အေးချမ်းမှုတွေ  ။  ။ - နိုင်ထက်နိုင် တူမီးတော်လှန်ရေးစာစဥ်

သိကြားမင်းထံသို့ အိတ်ဖွင့်ပေးစာ

  သို့ တာဝတိံတာ  အသင်သိကြားမင်းခင်ဗျ  ယခုရောက်ရှိလာမည့် ကလေးငယ်များအား သက်ညှာထောက်ထား၍  ‌၎င်းတို့အား ပစ်ခတ်သတ်ဖြတ်သူများနှင့် ဝဋ်ကြွေးမည်မျှရှိသည်မရှိသည်ကို  သိသော ကြားသော မင်းဟူသော အမည်ဖြင့် ညီလျော်စွာ  သိမြင်‌၊ကြားနာ စစ်ဆေးထားပါရန်  ထို့နောက်  အပြစ်ရှိသမျှ ကုန်စင်ကျေစေပြီး ဘက်မလိုက်ပဲ ကံရိုက်ရန် ဒဏ်ထိုက်သူတို့ကို ယမမင်းဆီသို့ ပို့ပေးစေရန်  သို့မဟုတ်ကား ကျွန်ုပ်သည် ကံကံ၏ အကျိုးပေးကို ယုံကြည်မှု စွန့်လွှတ်လိမ့်မည်ဖြစ်ပြီး  အသင်သိကြားမင်းကား ဘုရားဒကာ သာသနာစောင့်သည်ဟု ယုံကြည်ပါ၍ သာသနာစစ်ကိုပြစေ ကံ၏အကျိုးအစစ်ကို ပြစေ  အသင်ကား နတ်ပူဇော်သော ငရဲသားများထံမှ လာဘ်လာဘယူလောက်အောင်  နတ်ပြည်သည် လူပြည်အဆင့်လောက် ကျဆင်းနှင့်ပြီမထင်ပါ သို့မဟုတ်...  အသင်သည် လူ့ဘဝက စောင့်တည် အားထုတ် ကြိုးပမ်းယူခဲ့သော ဘဝဟောင်းကိုမေ့၍ စည်းစိမ်သစ်မှာ ယစ်ငွေ့လျှံနေလိမ့်မည်ဟု မထင်ပါ သို့မဟုတ်...  ယုံကြည်စိတ် အကြွင်းအကျန်ကို ထောက်ထား၍ မှ လူ့ငရဲ  Tommy

လူအများကြီးဆင်းရဲနေပြီး

လူနည်းနည်းလေးမှာချည်း သုခဘုံဆိုက်နေတဲ့ ငါ့တိုင်းပြည်မှာ တိုင်းပြည်ကို ချစ်ရတာလည်း ငါ့မှာ အရသာမရှိဘူး၊ အမိအဖကို ချစ်ရတာလည်း ငါ့မှာ အရသာမရှိဘူး၊ ငါ့မိန်းမပျိုကို ချစ်ရတာလည်း ငါ့မှာ အရသာမရှိဘူး၊ ဘုရားရှစ်ခိုးရတာက အစ သွေးသားဆန္ဒဖြေဖျောက်ရခြင်းအထိ ငါ့မှာ အရသာမရှိဘူး ။ ။ ကေဇ၀င်း

စစ်ကိုင်း​သွေး

ရွာအကုန် ပြာပုံဖြစ်မှ​တော့ ကမ္ဘာတုန်​အောင် တွန်းလှန်စို့ ။ နှင်း​အောင်

ဂွတ်နိုက်နော်။ မနက်ဖြန်များစွာအတွက်

တစ်ယောက်နဲ့တစ်ယောက် စိတ်အတွင်းသားထဲကနေ နှစ်သက်ကြရင်း အရာရာအတွက် အားမွေးကြရအောင်ပါ။ အိပ်မက်ဖျက်သတ္တဝါကြီးတွေရဲ့ လက်မှာ ကျနော်တို့ ပွန်းပဲ့မသွားကြဖို့။ တကယ်တော့လည်း ချစ်ခြင်းမေတ္တာဆိုတာ စိတ်အတွင်းသားထဲက နွေဦးရာသီကလေးလိုပါပဲ။ နွေးမြကြည်လင်။ သိကျွမ်းနှုက်ဆက်ဖူးသူရော မမြင်ဖူးမဆုံဖူးကြပေမယ့် သိမှတ်တေးထားသူတွေရော အားလုံးကို စိတ်ရင်းအမှန်နဲ့ ခင်မင်ရပါတယ်။ ဂရုစိုက်ပါဆိုတဲ့စကားထက် ပိုလို့ဂရုစိုက်စေချင်ပါတယ်။ တက်ကျမ်းလိုစာသားတွေနဲ့အရာရာကို ကိုးကားဖို့ရာမှာ  အလွန်အင်မတန် စိတ်မပါတဲ့အတွက်ကြောင့်မို့  များများစားစား စကားမများလိုပါ။ ချစ်ခင်ပါ။ကြင်နာပါ။ ရန်ငါပြတ်ပါ။ သုညို