ငါ့နာမည်ဂုဏ်သရေရှိ
ဒီအချိန်ကစ ဒီနေရာကစ အခုကစပြီးသကာလ ငါ့နာမည်“ဂုဏ်သရေရှိ”ဖြစ်တယ် ငါ့နာမည်“ဂုဏ်သရေရှိ” ဘ၀အဆက်ဆက်က ငါ့နာမည်တွေ လက်ထိုးအန်ပစ်ရမယ် ငါ့နာမည်”ဂုဏ်သရေရှိ” အခုလို ငါ့နာမည်ကို ”ဂုဏ်သရေရှိ”လို့ ခေါ်ဆိုရမည့်အကြောင်း ငါ့အပေါင်း ငါ့အသင်းတွေကို ပြောတော့ ဒင်းတို့က သဘောမတူကြသလို ငါက ချစ်သလောက် ငါ့ကို ပြန်မချစ်နိုင်တဲ့ ငါ့ချစ်သူကလည်း ငါ့ကိုမကြည်ဘူး ထား ခုကြည့် ငါ့အမေကလည်း တငိုငိုတယိုယို။ နာမည်ဆိုတာ တည်ဆောက်ယူရတယ် နာမည်မရှိရင် ဘာမှမရှိ နာမည်ရှိမှ လူတစ်လုံးသူတစ်လုံးဖြစ်သော လူတစ်လုံးသူတစ်လုံးများကြား နာမည်မရှိရင် သေနိုင်တယ်။ ဘယ်လိုလုပ်မလဲ လွယ်ပါတယ် နာမည်ဆိုတာ မြို့တွေထဲမှာရှာကြည့် “မက်ဒရစ်”တဲ့ နာမည်ဆိုတာ မြစ်တွေထဲမှာရှာကြည့် ”ဗော်လဂါ”တဲ့။ နာမည်ဆိုတာ တောင်တန်းတွေထဲမှာရှာကြည့် “ကီလီမန်ဂျာရိုး”တဲ့။ နာမည်ဆိုတာ လမ်းတွေထဲမှာရှာကြည့် ”ရှောင်ဆေလီဆေး”တဲ့။ နာမည်ဆိုတာ “ငါ့ကိုမြန်မြန်နမ်းပါ”ဆိုတဲ့ ပန်းကလေးတွေမှာတောင် ရှိနေတာပဲ။ အားလုံး နာမည်ကိုယ်စီကိုယ်ငနဲ့လှလို့ နာမည်ဆိုတာ လှဖို့လည်းလိုအပ်တယ် ငါ့နာမည်”ဂုဏ်သရေရှိ”လို လှဖို့လည်းအပ်တယ်။ ငါ့ဥာဏ်နဲ့ လက်လှမ်းမီသ၍ လှတဲ့နာမည်တွေ ငါချရေးလိုက်တယ်။ ဖော်ဝေး မြေချစ်သူ မောင်ချောနွယ်...