Posts

Showing posts from October, 2022

ခေတ်

အစကထိ ငါ့ခေတ်ငါမသိခဲ့ဘူး ငါ့ခေတ်ကို ငါသိလိုက်ရတော့ ရော်နယ်ဒိုနဲ့ မက်ဆီက ကစားသမားဘဝ နေဝင်ချိန်ရောက်နေပြီ။ ငါ့ခေတ်ကို ငါသိလိုက်ရတော့ ကမ္ဘာ့အရှေ့ခြမ်းမှာ စစ်မီးစွဲနေပြီ၊ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကမှာ ကလေးစစ်သားတွေ စံတော်ဝင်အရင်းရှင်စနစ်ကြီးအောက် ငတ်ပြတ်မှုတွေက တောင်တလုံးစာ။ ငါ့ခေတ်ကို ငါသိလိုက်ရတော့ စစ်ဘေးရှောင်ပြီး ပညာသင်နေရတဲ့ ကလေးငယ်တွေရဲ့ ဒုက္ခဟာ ဧကရီဘုရင်မကြီးတပါးရဲ့ အသက်လောက် မကြီးကျယ်မခမ်းနားခဲ့ဘူး။ ငါ့ခေတ်ကို ငါသိလိုက်ရတော့ ကြောင်သူတော်ဆန်တဲ့ ကမ္ဘာ့နိုင်ငံကြီးတွေဟာ  ကမ္ဘာကိုစစ်မီးမွှေးပြီး အဖျက်အားပြင်း လက်နက်တွေရောင်းလို့၊ သူတို့စီးပွားရေးအတွက် ငါတို့ဒုက္ခဟာ မပြောပလောက်တော့ဘူး။ ငါ့ခေတ်ကို ငါသိလိုက်ရတော့ ငုယင်ဗန်ထရွိုင်းတွေအများကြီး ဂျူးလိယက်စ်ဖူးချစ်တွေအများကြီး သွေးပင်လယ်မှာ မဟာဇနလို လက်ပစ်ကူးလို့၊ သမိုင်းလှည်းဘီးကြီး တပတ်ပြန်လည်လာတဲ့အခါ ငါ့ခေတ်ကိုငါသိပြီး  ငါ့ခေတ်ကပေးတဲ့တာဝန် ငါထမ်းဖို့အသင့်ဖြစ်နေခဲ့ပြီ။ ◾️ နီလင်းကြယ်  အိုးဝေ 

၅/ စျေးတန်းကကြိုဆိုပါ၏

 နံနက်ချိန်ခါ  ၅/ စျေးတန်းကကြိုဆိုပါ၏  ကြိုက်ရာယူ ကြိုက်ရာကြည့်  ကြိုက်ရာမေး ကြိုက်ရာမှတ်  လတ်ဆတ်တဲ့အသားတွေရမယ်။   လတ်ဆတ်တဲ့အလောင်းတွေရမယ်။   နေ့တိုင်း......နေ့တိုင်း  လတ်လတ်ဆတ်ဆတ်တွေ  ခေါင်းကွဲထားတဲ့အသားတွေ  ခေါင်းမပါတော့တဲ့အသားတွေ  ခြေပြတ်ထားတဲ့အသားတွေ  လက်ဗလာနဲ့အသားတွေ  ရင်ခွဲပြီးအသင့် အသားတွေ  ဘယ်ဒေသထွက်လဲမေးရင်  ၅/ ကထွက်တဲ့အသားစစ်စစ်တွေ။  အညာသားတွေဆင်းရဲရှာတယ်  တော်လှန်ရေးမှာတော့ထိပ်ဆုံး  ပြုံးပြုံးကြီးနဲ့အသက်ကိုစတေးတယ်  အရေးတော်ပုံအောင်ချင်တာပဲသိတယ်  ရိုးသားတယ် ကြိုးစားတယ်  ဆင်းရဲအသားတွေရမယ်  တန်ဖိုးကြီးအသားတွေရမယ်။  ကျုပ်တို့အညာ ၅/ မှာ  အသက်အပိုပါတဲ့ကောင်တွေမရှိဘူး  ထမင်း အဝမစားချင်တဲ့ကောင်တွေမရှိဘူး  နေဖင်ထိုးအောင်မအိပ်ချင်တဲ့ကောင်မရှိဘူး   အမေ့ဆီမပြန်ချင်တဲ့ကောင်မရှိဘူး  အဖေ့ရဲ့ခိုးပြုံးလေးတွေမမြင်ချင်တဲ့ကောင်မရှိဘူး   ရည်းစားနဲ့မကြည်နူးချင်တဲ့ကောင်မရှိဘူး  ဒါပေမဲ့...  ဒီလို သူရဲကောင်းတွေတော့ရှိတယ်  ဓ...

“တိမ်အသံများနဲ့ ရောင်စုံစိတ်ကားချပ်များ”

ကိုယ့်လိုအင်ဆန္ဒနဲ့ကိုယ် ဖြည်းဖြည်းလေးရွေ့နေကြ အနားသပ်မညီသောလမ်းမများဟာရှည်လျှားလွန်းတယ် စပြေးဖို့ခြေလှမ်းပြင်လိုက်ကတည်းက လမ်းပျောက်သွားသူတွေ စိုင်ကော်လို့ တခါတည်းခြုံပေါ်ရောက်သွားရသူတွေ ကံတရားလှလှနဲ့ ဝဋ်ကြွေးလှလှနဲ့ စံကြခံကြရ ငါတို့ရဲ့ အဘိဓမ္မာဟာ ဖျားနာနေတာကြာပြီ မှောက်ကျသွားတဲ့ လရောင်များ အမှောင်ဆုံးထဲကဘဝနက်နက်တွေက အခုထိ အလင်းငတ်တဲ့ရောဂါရနေခဲ့ရ လိုအပ်မှုနဲ့ အကူညီတောင်းသံများက ကိုယ့်လည်ချောင်းထဲကိုပဲ ပြန်ပြီးဖောက်ဝင်သွား အားကိုးအားထားဆိုတာ လက်နှစ်ဖက်ခြေနှစ်ဖက်ပဲရှိတယ် လမ်းညွှန်မရှိဘူး လိပ်စာမသိဘူး မတ်မတ်ရပ်တည်နေရတဲ့ တစ်နေရာစာက သူတို့အတွက် အစားထိုးမရတဲ့ အိမ်ခြေအိမ်ယာ အနာဂါတ်ကိစ္စတွေက မနက်စာထမင်းကြမ်းခဲလောက် အရေးမပါတဲ့အရာ အမှန်တရားလား အမှန်မတရားလားဆိုတာထက် လောကဓံလို့အသံကြားလိုက်တာနဲ့ လည်စင်းစင်းပေးနေရတာ ခါးလာတယ် ရင်ဘတ်ဖွင့်ပြီး ပြန်ခုခံကြမယ် ငါတို့ရဲ့ချစ်ခြင်းတရားဟာ ငါတို့ရဲ့ ‘ဓား’ ငါတို့ရဲ့ ဥာဏ်ပညာက ငါတို့အတွက် ‘အား’ပဲ သေပြီးသား ရွက်ကြွေတွေလို ကြိုးပြတ်သွားတဲ့ စွန်တွေလို အပေအတေအစအနများလို လေလွင့်နေလို့မရ ကိုယ့်အိပ်မက်နဲ့ ကိုယ့်တရားကို ဖြောင့်နေအောင် အချောသပ်ထား ငရဲလမ်းဖြစ်ဖြစ် နတ်မိနန်...

ကွဲ ၊ ကြေ

ပျောက်ဆုံးမှုတွေ ဘယ်လောက်များရှည်ကြာလိုက်သလဲ။ အဝေး မနက်ခင်း၊ နေ‌ရောင်ခြည်ပါးလျမြစ်တစ်စင်း ငါ့လည်ပင်းကို မိုးမလင်းခင်တက်နင်းသွားတဲ့  ကြောင်တွေ။ ကျွန်တော်က အသုံးမ၀င်တော့တဲ့ တစ်ခါသုံးဆေးထိုးအပ်ပါ ခင်ဗျား လွှင့်ပစ်ချင်စိတ်ရှိသလောက် အစွမ်းကုန်‌ ပြေးထွက်ပေးပါ့မယ်ဆိုတဲ့ လူငယ်တွေ ခေတ်တိုင်းမှာရှိခဲ့လိမ့်မယ် ကျွန်တော်က အဲ့လိုကောင်ပါ မပျော်ရွှင်ကိတ်မုန့်တွေရဲ့အဝေး မပျော်ရွှင် ပုရွက်ဆိတ်တွေရဲ့အဝေး တစ်ယောက်တည်း ဖြေးဖြေး ပြေးထွက်လိုက်ပါတယ်။ ကျွန်တော့်ကိုရှာပါ ခင်ဗျားမြင်နိုင်လောက်တဲ့အရပ်မှာ ကျွန်တော့်ကိုယ်ကျွန်တော် မမြင်နိုင်လောက်အောင် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ တကယ်တော့ လူတစ်ယောက်ဟာ အခြားလူတစ်ယောက်အတွက် အသက်ရှင်နေခဲ့ပြီး တစ်ချိန်မှာ အခြားလူတစ်ယောက်အတွက် မိမိကိုယ်ကိုယ် သတ်သေပစ်လိုက်ရမယ်လို့ ဘယ်သူများတွေးဖူးလဲ။ သေတာ၊ရှင်တာ၊  အသက်ရှုတာ၊ အသက်ရှုကျပ်တာ ပိန်းပင်လေး၀မ်းနည်းနေတာ၊လေထုညစ်ညမ်းတာ။ ယဉ်ကြောပိတ်တာ၊ ကောင်းကင်ကြီးမရှိတော့တာ။ ဘ၀မှာ ဘယ်အရာမှ သူ့ လေသံတင်းမာ‌သွားတာလောက် စောက်ရေးမပါခဲ့။ ကျွန်တော်ကအဲ့ဒီလိုကောင်ပါ။ ကွဲသွားတဲ့ စက္ကူခွက်လေး‌ကို အကောင်းအတိုင်း ပြန်ဆက်ရင်း ၊  အခြားကမ္ဘာကလေတိုးသံန...

"သံလိုက်စက်ကွင်းထဲမှာ တုန်ခါနေတဲ့ အီလက်ထရွန်တွေ"

မိသားစုညစာဟာ စားပွဲဝိုင်းလေးပေါ်ကနေ စစ်မြေပြင်ကို လွင့်စင်ထွက်သွားတယ်။ ​ဖူခွါ့ရဲ့ ​မရှိတော့တဲ့ ခြေထောက်တစ်ဖက်ကို ကြည့်ပြီး တာမို့က မျက်ရည်ခိုးသုတ်တယ်။ သင်္ချာညံ့တဲ့ ဖူမူးနောင်က နိုင်ငံတော်ကို စိတ်ထဲမှာမှတ်လို့ပြောပြီး လက်သုံးချောင်းထောင်တမ်း ကစားနေတယ်။ စစ်ကြီးက တာပါ့ကို ဝါးစားသွားပြီလို့ တာမို့ကပြောတော့ ဖူခွါ့နဲ့ ဖူမူးနောင်က မျက်လုံးအကြောင်သားနဲ့ စစ်ကြီးဆိုတဲ့ အကောင်ကြီးကို တွေးတွေးပြီး ကြောက်နေကြရဲ့။ ကမ္ဘာကြီးက သူတို့တွေကိုမမြင်ပါဘူး လေယာဥ်ပေါ်က ရွာချလိုက်တဲ့ ဗုံးမိုးတွေကလည်း သူတို့ကိုမမြင်ပါဘူး။ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္မာနဂိုလ်က နွားမပေါင်ကျိုးတာ မဆိုင်ဘူးလို့ ဘယ်သူပြောလဲ။ ရေဒီယိုသတ္တိကြွနေတဲ့ တောအုပ်ဟာ တစ်တောလုံး ကြွေပြီး တစ်တောင်လုံး မှိုင်းလို့။ အန်နိုလာ

ကဗျာ ကဏ္ဍ

 ဒီခန္ဓာနဲ့ ဒီသံသရာမှာ လောကကြီးက နာကျင်စရာတွေပဲ ပေးတတ်စမြဲ ဖြေဆေးရယ်လို့ မရှာနဲ့ အနေအေးသလိုလည်း မနေနဲ့ တွေဝေငေးမောနေခြင်းတွေမှာ လူတွေက စိတ်ဒဏ်ရာတွေ ထပ်ထပ်ပေးလိမ့်မယ်... ဒဏ်ရာနဲ့လူပါဆိုပြီးလည်း ဆိုင်းဘုတ်ချိတ်မပြနဲ့ ရေနစ်သူ ဝါးကူထိုးတတ်တဲ့ နေရာဆိုတာ သတိလေးတော့ ကပ်.... ဒဏ်ရာတွေမချန်ခဲ့နဲ့ ဒဏ်ရာတွေလည်း မပေးခဲ့နဲ့ လူ့ဘောင်လောကရောက်တုန်း ပျော်သင့်သလောက် ပျော်ပစ်လိုက် မော်ဖူးသင့်တဲ့အရာကို မော်ဖူးလိုက် ပြီးရင် လူသားဆန်ဆန်နေပြီး ကိုယ်ချင်းစာတရား ကိန်းဝပ်လိုက်...ယောက်ဖ လူမိုက်ပါလို့ ခေါင်းစဥ်တပ်တဲ့ကောင်တွေကို နဖူးတောက်ပြီး  စိန်ပြေးတိုင်းကစားလိုက်... မောတဲ့ကောင် နေရစ်ခဲ့ကြေးပဲ... လူ့ဘဝက တိုတယ်... သံသရာက ရှည်လျားတယ်... ဘယ်သူ့အပေါ်မှာမှ မယုတ်မာနဲ့... လူ့ဘဝရောက်တုန်း လူလိုသူလို မနေနိုင်ခဲ့ရင်တောင် ကိုယ်လုပ်မှ ကိုယ်စားရတယ်ဆိုတဲ့ ကျွန်သာသာအတွေးမျိုးနဲ့ ဘဝကို မဖြတ်သန်းမိစေနဲ့... ဒီခန္ဓာကြွေကျရင် ပုပ်စော်ကနံမှာပဲ ကျွန်စော် မကျန်စေဖို့တော့ လိုတယ်... Zxan-ဈာန် FOC

ကဗျာကဏ္ဍ

 ဆောင်းဝင်ပြီမို့ မိုးခိုငှက်တွေကိုလည်း အသိုက်အိုကိုပြန်ရောက်စေချင်သလို လောင်သမျှသောကမီးတွေလည်း တရားသဖြင့်​ စဲစေချင်တယ် ကမ္ဘာကြီးရယ်..ဒါဟာ အခြေခံလူတန်းစားတစ်ယောက်ရဲ့ မေတ္တာရပ်ခံချက်ဖြစ်ပါတယ် ကြားနိုင်ပါစေ မြင်နိုင်ပါစေ ငြိမ်းချမ်းခြင်းသီချင်းတွေအလွှင့်မှာ မေတ္တာစစ်တွေစီးဆင်းကြမယ် မောင်းတစ်ချက်နှိပ်တိုင်း တစ်ပွင့် ပွင့်တဲ့ ပန်းတိုင်းပြည်ကြီး ဖြစ်ပါစေကွယ် ..။ ရိပ်ငြိမ်

"ပန်းရိုင်း"

တန်ဖိုးကြီးနေဖို့မလိုပါဘူး ငါ့အတွက်ထိုက်တန်ရုံဆို လုံလောက်ပြီ နန်းထိုက်ဖို့ရာလဲ မလိုပါဘူး ငါ့ဦးခေါင်း သို့မဟုတ် ငါ့ရင်ကပ်ပန်းလေးအဖြစ် တင့်တယ်ပေးနေရင် လုံလောက်ပြီ အများတကာကြိုက်နှစ်သက်နေဖို့မလိုပါဘူး ငါတစ်ယောက်တည်း မြတ်နိုးနေခြင်းက မင်းအတွက်ကျေနပ်တယ်ဆို လုံလောက်ပြီ တယုတယပျိုးထောင်နေဖို့ မလိုတဲ့ မင်းကို ငါ့ရင်ကနေ ချစ်ပါတယ် တကူးတက ပဲ့ကိုင်နေစရာ မလိုတဲ့ မင်းကို ငါ့စိတ်အစုံက နှစ်သက်ပါတယ် သဘာဝတရားတွေကြားမှာ ထည်ဝါနေလွန်းလို့မင်းကို  ငါ့နှလုံးသားကနေ မြတ်နိုးပါတယ် မင်းသာငါ့အနားရှိရင်  ငါ့ဘဝရုပ်ပုံထွက်တွေလှပလွန်းတာလို့ ငါ့အတွက်တော့ မင်းက အတိုင်းမသိ အဖိုးတန်လွန်းပါရဲ့ အားမငယ်ပါနဲ့တော့ အငိုတိတ်လှည့် ငါ သိပ်ချစ်ရတဲ့မင်းက ငါ့အတွက်တော့  အနှိုင်းမဲ့တဲ့ အရိုင်းပန်း မို့ပါကွယ်။ နိုယွာရ်

ကဗျာ ကဏ္ဍ

  အနုပညာနဲ့ အိပ်ပါ ဉာဏ်ပညာနဲ့ နိုးထပါ နှလုံးသားနဲ့ တွေးပြီး ... ဦးနှောက်နဲ့ မြင်အောင် ကြည့်ပါ ။ ငြိမ်းရေ ..... လမ်းတွေဟာ ... မျက်လုံးနဲ့လျှောက်မှ, ခရီးရောက်မှာ ။ ဆန်းကျော်စွာဝင်း

ကဗျာ ကဏ္ဍ

ဗုဒ္ဓမြတ်စွာဘုရား နတ်ပြည်ကနေ အိန္ဒိယ ပြန်ကြွတဲ့အခါ စစ်ကိုင်း၊ကလေး၊တမူးလမ်းကို မရွေးပါနဲ့ဘုရား။ မိုင်းဒဏ်ကြောင့် လမ်းပခုံးသား အပဲ့တွေ အဖိနှိပ်ခံရပါများလို့ နှလုံးခုံးသား အပဲ့တွေ မြင်ရက်စရာကို ရှိမှာမဟုတ်ဘူးဘုရား။ ဆားရေဖျော်နဲ့အရွက်ပြုတ်တို့စားပြီး ကြက်သွန်နဲ့မြေပဲကို တစ်နှစ်လုံးကုန်းရုန်းစိုက် ရိတ်သိမ်းလို့ငွေပေါ်ရင် သားလေးကိုရှင်ပြုမယ်။ မျိုးစေ့ဖိုးချန်ပြီး ပိုတဲ့ငွေ ဘုရားပွဲမှာသုံးမယ်ဆိုတဲ့ အညာသားကြီးတွေ အခုများဖြင့် နာကြည်းစိတ်၊မခံစိတ်အပြည့်နဲ့ အဲဒီအညာသားကြီးတွေက ထ,တော်လှန်နေတယ်။ နတ်ပြည်ကနေ ကြည့်ပါဘုရား ရွာကို့ရှို့တဲ့အလင်းနဲ့ ဆီမီးပူဇော်တာမို့ ထင်ထင်ရှားရှား မြင်နိုင်ပါတယ်ဘုရား။ ဆန်းကျော်စွာဝင်း

၂၀၂၁ တနှစ်လုံး

မကြာခင် အဆင်ပြေသွားတော့မှာလို့ ပြောပြီး ခဏခဏဖျားတယ်။ မနက်မိုးလင်းတာနဲ့ ဘေးဘီဝဲယာမှာ သူစိမ်းမြူတွေ သူစိမ်းလူတွေ။ လိုင်းရရင် လိုင်းကျတယ် ဆေးသောက်ခါနီး ဆေးအမြဲပျောက်တယ်။ ဆန်းဒေးနဲ့ ဖက်ကြမ်းကိုရိုးလာရင် ဖက်ကြမ်းနဲ့ဆန်းဒေး ပြောင်းသောက်တာပေါ့။ အနွေးထည်က လောက်တယ်။ အနွေးဓာတ်ကမလောက်ဘူး။ -ဆပ်ရိပ် ၂၄၊၁၀၊၂၂

"နိုင်ငံတော်အလံမှာ ကျည်ပေါက်ရာကြီးနဲ့"

စက္ကူဂျိုးဖြူငှက်လေးကို တိုင်ထိပ်မှာ ကြိုးချည်ထားလို့ ဖြတ်သွားတဲ့ ထီသည်ဟာ " ငြိမ်းချမ်းပါစေ " သီချင်းကို အကျယ်ကြီး ဖွင့်ထားလေရဲ့...  သန်း (၅၀) ဟာ  လှေပေါက်ကြီး နဲ့ ခရီးဆက်ပြီး (၂၅) ယောက် အဖွဲ့ဟာ အသက်ကယ်လှေတွေနဲ့ ရေတိမ်တိမ်မှာ ရယ်မောလို့ ..... ဒီမှာ စစ်ပင်တွေ က စိမ်းလန်းလို့ လောဘလေကို လုရှူလို့ ဖျာတွေ အများကြီးခင်းထားလို့ အသေရရ အရှင်ရရ စိတ်တွေနဲ့ " ပင်စင်" မှတ်တိုင် ကို  ကျော်မောင်းသွားကြပြန်တယ် စာလုံးကြီးရေးထားတော့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ဟာလည်း  စာအုပ်ထဲမှာတော့ ထင်ထင်ရှားရှားပါပဲ သေနတ်နဲ့ ခင်းတဲ့လမ်း မှာ သုံးမရတဲ့ ကြယ်တွေ အများကြီးလည်း စိုက်ခဲ့ပြီးပြီပဲ  မောင်းဖြုတ်လိုက်ရင် သေသူဟာ ပြည်သူပဲ မဟုတ်လား မီးပလပ်ပေါက်မှာ  စိတ်တွေကို အားသွင်းလည်း စစ်ပွဲတွေပဲ အားပြည့်သွားတဲ့ နိုင်ငံမှာ  ဒီတစ်ခါ ငါတို့ ပျော်ပါရစေအုံး ..... ။ ထွဏ်းသွေးအိမ်

နိုင်ငံတော်သီချင်း-၆

စိန်ပန်းတွေပန်ထားသလို စွေးစွေးနီသောဦးပြည်းများ မျက်ရည်တွေခန်းနေတဲ့အရပ်မှာ မျက်ရည်ယိုဗုံးဆိုတာပြက်လုံးပမာ ရေဒီယိုကနေ   ရယ်သံတွေ အချိန်မှန်ထုတ်လွှင့်ပေးပါတယ် ပြည်သူတွေရွှင်မြူးစေဖို့ သွေးစုတ်ဖုတ်ကောင်ဂ်ိမ်းတွေ အလှဓာတ်ပုံရိုက်ဖို့ လူထုအုံကြွမှုနောက်ခံဆက်တင်တွေ လည်နေတဲ့ချားရဟတ်ကြီးပေါ်မှာ ဗုဒ္ဓဟာမျက်လုံးမှိတ်ရင်းထိုင်လို့ ပြဇာတ်ထဲမှာ   ပိုးလောက်လန်းများအဖြစ် ငါတို့သရုပ်ဆောင်ကြတယ် သင်၏   ပျော်ရွှင်ဖွယ်နိုင်ငံတော်။ အောင်ခင်မြင့်

ကဗျာ ကဏ္ဍ

  အဲဒီ့သေနတ်က ကျည်ဆံမှာ ကျွန်တော့လိပ်စာ ပါတယ်မဟုတ်လား.... .. တစ်ချက်ထဲနဲ့ သေအောင်ပစ်စေချင်ပါတယ် ကျွန်တော်ရပ်လိုက်ပါတော့မယ် ငှက်လေးတကောင်ဖြစ်ပါရစေလို့ ကျွန်တော်ဆုတောင်းပြီးတဲ့အခါ အားလုံးရပ်လိုက်ပါတော့မယ် ရက်စက် ယုယစွာ တစ်ချက်ထဲပစ်ပါ ခင်ဖုန်းသက်ဝေရေ နတ်ပြည် ဘယ်နှစ်ထပ်မှာတွေ့တွေ့ ကျွန်တော်တို့ မမေ့ကြကြေးလေ နော်.... .. သန်းတင့်

အိမ်မပြန်ချင်သေးဘူး

ရဲရင့်မှုအတွေးခေါ်ရှိတဲ့လူငယ်ဘဝကို ငါပြန်လွမ်းဦးမယ်။ ဘဝနဲ့ရင်းရတဲ့နောင်တတွေ လူမှုရေးမှာ ငါမဖတ်တတ်တဲ့စာမျက်နှာတွေ ငွေရှာဖို့ခက်ခဲလွန်းရတဲ့ ယုံကြည်မှုတွေ။ တစ်နေ့မှာ မီးသင်္ဂြုလ်စက်ထဲကထွက်လာတဲ့ အခိုးငွေ့လေးလောက် ဘဝကိုဘယ်သူလွမ်းပေးမလဲ။ မှူးဝေ

"ပန်းဆိုင်"

ဘယ်တစ်ပွင့်လဲ အချစ်ရယ်   စက်ဘီးပေါ်က ပန်းကလေးတွေလေ ဂန္ဓမာရယ် ကြယ်တာရာရယ်  နောက်ပြီး... စက်ဘီးဘဲလ်သံလေးရယ်ပေါ့ ။  အယ်လီယာ

နိုင်ငံတော်သီချင်း-၅

ဖုံးထားတဲ့အဝတ်ဖြူ   ကိုဖယ်လိုက်တော့ ရုပ်ပျက်ဆင်းပျက်သေဆုံးနေတဲ့   နိုင်ငံတော် ကျီးပြိုတယ် လျှပ်စီးတွေလက်တယ် လေမတိုက်ပဲသစ်ရွက်တွေလှုပ်တယ် သွေးသားဆန္ဒမရှိတော့တဲ့ ဌက်လှောင်အိမ်ထဲကလူတွေ ရှင်ခြင်းရဲ့အမှတ်တရ လက်ကောက်ဝတ်ပေါ်ကအမာရွတ်တွေ မေတ္တာသုတ်ရွတ်နေတဲ့ ဓာတ်ငွေ့ကာမျက်နှာဖုံးနဲ့ဘုန်းကြီးတွေ နှိပ်စက်မှုကိုမခံနိုင်တဲ့အဆုံး တိမ်တွေက   နေမင်းကြီးပုန်းနေတဲ့နေရာကို ဖွင့်ပြောပြလိုက်တယ် နှုတ်ခမ်းထောင့်စွန်းကသွေးတွေဟာ အသက်ရှိနေသလိုပူနွေးနေဆဲ သင်၏   တမလွန်ဘဝကနိုင်ငံတော်။ အောင်ခင်မြင့်

ကဗျာ ကဏ္ဍ

  ပန်းရိုင်းပွင့်မဲ့အပင်ဆိုပြီး မပြုပြင် ပျိုးမထောင် ရေမလောင်း ပေါင်းမသင်ဘဲ အရင်းကဆွဲနှုတ် အမြစ်ဖြုတ်ဖို့မှမသင့်တာ။ ဆူးခြုံနွယ်ကြားမှာပေါက်ပေမဲ့ သူ့ရဲ့ရနံ့ကသင်း အများအမြင်မှာရှင်းပြီးလှပဖို့ လှပတဲ့မျက်နှာတစ်စုံနဲ့ အရာရာပြည့်စုံဖို့တောင့်တရှာမှာပဲ။ ပန်းရိုင်းလည်းပန်းပဲမို့ တော်ဝင်မျိုးနဲ့မယှဉ်နိုင်လည်း ငွားငွားစွင့်စွင့်နဲ့ လှပတဲ့ပန်းလေးပွင့်မလာခင် ပန်းရိုင်းခမျာ မြေမှာခ ကြွေကျချင်မှာမဟုတ်ဘူးလေ။ မပြုပြင်ကြည့်သေးဘဲ မဖြစ်နိုင်တဲ့အရာလို့တွေး ဘာကိုမှမမေးဘဲ အလွယ်တကူစွန့်ပစ် နှလုံးသားကိုသံမှိုမရိုက်သင့်ဘူး။ ကရုဏာစိတ်လေးထားလို့ ပန်းရိုင်းကိုပြုပြင် ခြုံနွယ်ကိုရှင်းလင်းပြီး အေးမြတဲ့အရိပ်အောက် ဂရုတစိုက်သာစောင့်ရှောက်ခဲ့ရင် အဆင်းလှတဲ့ပန်းတစ်ပွင့် ဘာကြောင့်များမပွင့်နိုင်ရမှာလဲ။ တော်ဝင်နဲ့ပန်းရိုင်း နှိုင်းချင်တိုင်း နှိုင်းလို့မရပေမဲ့ ဥယျာဉ်မှုးသာပျိုးထောင်ကောင်းရင် သည်ပန်းရိုင်းလည်း လောကတစ်လွှား တော်ဝင်ပန်းအလားထင်ရှားပြီး မျိုးဂုဏ်မြင့်မြတ် အမြဲလတ်ဆတ်ပြီးလှပနေတော့မှာ။ ပန်းရိုင်း

"သနားစရာလူနာငယ်"

                          ဘာတွေဖြစ်ခဲ့လဲဆိုတာတော့ အထိန်းအကွပ်မဲ့ ချာချာလည်နေတဲ့လောကကြီးပဲ သိပါလိမ့်မယ် ။ အို သနားစရာလူနာငယ် ။ ဘယ်ဥယျာဉ်တော်မှ လက်မခံတဲ့ပန်းတစ်ပွင့် ၊ ထိုးဇာတ်များစွာရဲ့ သားကောင် ၊ သတင်းဆိုးတွေကျန်နေသေးတဲ့  ရွက်ဆုတ်ပြက္ခဒိန် ။ ထိတ်လန့်ခဲ့သမျှ ဒဏ်ရာတွေနဲ့ သက်သေထူပြသူလည်း ဖြစ်ရဲ့ ။ ဘုရားသခင်တွေထက်  သူ့လူတွေကိုကြပ်ကြပ်သတိထားဖို့ အမှာပါးခဲ့သူလည်း ဖြစ်ရဲ့ ။ အို သနားစရာလူနာငယ် ။ သူ့အသားအရောင်ကို  လေအကန်းမိုးအကန်းစွေခြင်းလို့ ခေါ်တယ် ။ ရှူမျော်ခင်းကိုကွယ်ထားတဲ့ သစ်ခြောက်ပင်လို့လည်း တချို့ဆိုကြတယ် ။ မှင်ရည်ဆွတ်ထားတဲ့ စုပ်တံအောက်က အချိန်ခါမရွေး လှုပ်နှိုးနိုင်တဲ့သံသယလို့လည်း ပြောတာရှိပါတယ် ။ ပြတင်းတံခါးရွက်တစ်ခု ပြုတ်ထွက်နေတဲ့အိမ်လို အကောင်းတိုင်းကျန်နေသေးတဲ့  မျက်လုံးတစ်ဖက် အဲဒီမှာ ဝတ်မှုံဟာ မကူးတော့ဘူး ။ သူ့သီချင်းသံတွေ သူ့ထံပြန်လာဖို့ လိပ်ပြာတစ်မြို့စာ နှစ်မြို့စာမက ခြားနေပြီ ။ သူ့သီချင်းမှာ သောက်ရေကန်ဘေးက တာရိုးလမ်းလေး ပါချင်ပါနေမယ် ။ ပြီးတော့ သူ့နွားလေးတွေအကြောင်း ၊ သူ့ဆိတ်မကြီး သားပေါက်တော့မ...
"ဒီပရက်ရှင် မြစ်ကျိုးအင်းကြီးထဲ ထည်ထည်ဝင့်ဝင့် စီးဝင်နေတဲ့  လူသားဖြစ်တည်မှု ပျောက်ဆုံးနေသော လူငယ်ဘဝတွေ" ခွေးခွေးချင်း ကိုက်ချင်လို့ကိုက်ကြတာမဟုတ်ဘဲ မကိုက်မဖြစ် ကိုက်ကြရတာပဲမဟုတ်လား အမဲအူပြုတ်ဆိုင်မှာ ဘက်ထရီမီးချောင်းတစ်ချောင်းနဲ့ ငါတို့ အငွေ့အသက်တွေ ပွက်ပွက်ဆူနေတယ် ဒီနားက သိပ်ဆူတာပဲ ဒီနားမှမဟုတ်ပါဘူးကွာ  လောကငရဲဆိုတာ တကယ်ရှိပါတယ် ငုံ့ထားတဲ့ခေါင်းတွေ မော့လာကာမှ တိုက်အမြင့်ကြီးပေါ်က တစ်ခါသုံးဘောပင်က မျက်လုံးတည့်တည့်ဖောက်ဝင်တယ် ကြားဖူးနေကျစကားကို ကြားဖူးနေသလိုရှိတယ် ကောင်းကင်ဘုံအထိ ပျံတက်မယ့် သစ်ပင်က ငရဲအထိ အမြစ်တွေ ကုပ်ယူထားရမယ် မနက်ဖြန်အတွက် ဘာမှ မပြင်ဆင်ထားဘူး ဒီနေ့လိုပေါ့ ဘာမှန်းမသိတဲ့ အထုပ်အပိုးတွေ ပခုံးပေါ်ထမ်းတင်ပြီး ကမ်းနားလမ်းတလျှောက် မှောက်ကျသွားတဲ့ ရထားတစ်စင်းက ဟောဟိုက  သင်္ဘောတွေအောက်မှာ စက်လှေတွေအောက်မှာ မြို့လယ်ခေါင် လမ်းမတွေအောက်မှာ အမှန်တရားဆိုတဲ့ ပုဂ္ဂိုလ်က ပြောတယ် သူပြောတဲ့စကားကိုလည်း မထိမကိုင်ကြည့်ရသေးဘဲ ပစ္စလက်ခတ် ပွေ့ပိုက်လိုက်ကြတယ် ဘာသာတရားအသစ် ငွေစက္ကူအသစ် ဆူးပန်းခက်တွေ ပန်ဆင်ပြီး တံတားပေါ်တက်လာတဲ့ အိပ်မက်က ပြန်ဆင်းသွားတယ်...

ကျမသာ အဲဒီမိန်းမဖြစ်ခဲ့ရင်

ကျမမှာ  မုန်ယိုနေတဲ့ပင်လယ်တစ်ခင်းရှိတယ် မျက်ရည်စက်လက်ကျနေတဲ့ အသည်းနှလုံးရှိတယ် ရှင်လာရင် တည်ခင်းမယ်ဆိုပြီး ညတိုင်း ပိုးလိုမွေးရတယ် ရာဇဝင်ထဲက မိန်းမတွေ  ဘယ်လိုအသည်းကွဲကြလဲ ကျမက စစ်ကိုမခေါ်ဝံ့ မျက်နှာလွဲပြီး ချစ်ရေးဆိုဖို့ပဲ တတ်နိုင်တယ်။ ကျမသာ အဲဒီမိန်းမဖြစ်ခဲ့ရင် ရှင့်လည်ဆံမွှေးထဲ  ကဗျာရေးတဲ့ လက်ဖျားတွေ ထည့်သိမ်းမယ်။ ရှင်မပျော်ရွှင်တဲ့အခါသောက်ဖို့ ကျမကိုယ်ကျမ စပျစ်ဝိုင်လိုအချဉ်သိပ်ထားမယ်။ အခု  ဘုရားက ကျမဆုတောင်းကိုမဖြည့်လို့ ကျမက ရှင်ချစ်တဲ့မိန်းမမဟုတ်လို့...။ မယ်ကဗျာ 15th Feb,2022