"ဆည်းဆာ"

စီးဆင်းနေသော မြစ်၏နံဘေးတွင် လွမ်းဆွေးနေသည့် ကမ်းပါးတွေရှိသည်။ တစ်ဦးနှင့်တစ်ဦး အမှန်ချစ်လျှင် ငှက်ကလေးတွေပင် အတူပျံသန်းခွင့် ရပါသည်။ တခါရံ၌ တိမ်တွေလှပခဲ့သည်ကို တဘဝလုံး မျှော်တွေး၍ ကောင်းကင် ငေးသူ။ အဝေးမှညနေသည် အတောင်ပါသော အလွမ်းများပင်ဖြစ်သည်။ ချစ်သူချင်းပေါင်းရသော ကမ္ဘာ၌သာ လူ အဖြစ်ကို ကျွန်တော်ရလိုသည်။ ချစ်သူချင်းပေါင်းရသော ကမ္ဘာ၌သာ လူ့ အဖြစ် ကိုကျွန်တော်ရလိုသည်။ - မောင်သိန်းဇော်