ပြန်စာ
ငိုသံတွေ တစ်စစီ ပြန်ဆက်တော့ ကလေးဘဝ လက်ခုပ်သံများနဲ့ ဝေးရာ။ ရယ်သံတွေ တစ်ဘဝစီ ပြန်ကောက်တော့ သင်္ချိုင်းအောက်က နောင်တများနဲ့ နီးရာ။ စက္ကူမှာ ဘာမှ မရေးရသေးတဲ့အတိုင်း အရင်တုန်းက စံပယ်ပွင့်တွေဟာ မညီညာပေမယ့် မြတ်နိုးစရာ ပုံပြင်လို ညအိပ်ရာဝင်မှာ လှတဲ့ ကြယ်ကလေးတစ်လုံးစီလို။ သတိမမူ ဂူမမြင် အရိုးရင့်လာတဲ့ နေရောင်ခြည်နဲ့ ခေါ်မကြား အော်မကြား ငါ့အာရုံတွေ ဘေးမဲ့ထားလိုက်ပြီ။ အခု ငါဟာ ခွေးသွားစိပ်ပြုန်းနေတဲ့ စံပယ်တစ်ပွင့် မမျှော်လင့်နဲ့တော့။ ။ ဝင်းမြင့်