Posts

Showing posts from April, 2022

"လူဖြစ်ရတာကောင်းတယ်"

လူဖြစ်ရတာကောင်းတယ် လူဖြစ်ရတာဟာ ဒုက္ခဘုံထဲ ရောက်လာတာပဲတဲ့ အဲဒီဒုက္ခဘုံကြီးအကြောင်း ငါတို့ ... ရေရေလည်လည် သိနိုင်တယ် ဒါကြောင့် လူဖြစ်ရတာကောင်းတယ်။ ငါဒုက္ခရောက်တုန်းက မင်းတို့မှတ်မိကြသေးလား အေး ... ဒါပေမယ့် လူဖြစ်ရတာကောင်းတယ် ငါ အစတုန်းက ဒီလောက်မသိဘူး လူဖြစ်ရတာကောင်းတယ် ငါတို့အတွက် ခေါင်းကိုက်ပျောက်ဆေးပြားတွေ လိုသလောက် ထုတ်လုပ်ထားတယ် ဒါကြောင့် ငါပြောတာပေါ့ လူဖြစ်ရတာကောင်းတယ်။ တစ်ခါတစ်လေ ဘ၀င်နည်းနည်းမြင့် တစ်ခါတစ်လေ အရှက်ရ တစ်ခါတစ်လေ ဆွေး တစ်ခါတစ်လေ သတိရ တစ်ခါတစ်လေ ပျော်ရွှင် တစ်ခါတစ်လေ စိတ်တို လူဖြစ်ရတာကောင်းတယ်။ ငါ ရဲရဲကြီးပြောပါတယ် လူဖြစ်ရတာကောင်းတယ်။ ဆေးရုံတက်မလား ဘီယာဆိုင်သွားမလား အပြေးလေ့ကျင့်မလား အိမ်ထောင်ပြုမလား လူဖြစ်ရတာကောင်းတယ်။ ယဉ်ကျေးပါ သင်ယူပါ ရိုးဖြောင့်ပါ လူဖြစ်ရတာကောင်းတယ်။ လောကကြီးကို အရှူံးပေးခဲ့ပါပြီဆိုပဲ ... လူတစ်ယောက်ရဲ့ နောက်ဆုံးဝါကျကို ငါဖတ်ခဲ့ရတယ် ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်။ လူဖြစ်ရတာကောင်းတယ် ... လူဖြစ်ရတာကောင်းတယ်လို့ ငါပိုသိလာတဲ့အချိန်မှာ .... ငါဟာ ဝံပုလွေတစ်ကောင်ဖြစ်နေခဲ့ပြီကွဲ့။ -နေမျိုး

ကူကြပါ

RIPလို့ခဏခဏတင်တဲ့ အကိုကြီးတို့ အစ်မကြီးတို့... 10000 ရှိရင် 1000 လှူ 1000 ရှိရင် 100 လှူ 100 ရှိရင် 10 လှူ လိုအပ်လို့ အကူညီတောင်းကြတာလေ ပိုက်ဆံရှိမှ ကျည်ဝယ်လို့ရမယ် ကျည်ဝယ်ရမှ တိုက်ပွဲဝင်လို့ရမယ် ဒါပေမဲ့ တိုက်ပွဲက ကျည်ဆံကို စောင့်မနေဘူး ကျည်မရှိတဲ့သေနတ်ကလည်း တုတ်တစ်ချောင်းလောက် အသုံးမဝင်ဘူး ကူညီကြပါ.. ပေးဆပ်တာခြင်း အတူတူကို သူတို့က အသက်တွေပါ ရင်းထားရတာ တိုက်ပွဲတိုင်းအောင်မြင်ပီး ဘေးမသီရန်မခပဲ အနိုင်ရကြပါစေ ရဲဘော်တို့ ✊ San Zuren 🌸

ကဗျာ ကဏ္ဍ

 ဟန်ဆောင်လောကကြီးကိုမုန်းမိတယ် နောက်တော့သူတို့ကို သနားလာတယ် လူဆိုတဲ့သဘောသဘာဝကို နားလည်သလိုရှိလာတယ် သူလည်း သနားစရာကောင်းလာတယ် အချစ်ရဲ့လမ်းဟာ မဖြောင့်ဖြူးပါ ဒါကိုသိသွားတော့ ငါပိုချစ်လာတယ်။ -သုခမိန်လှိုင် (ကြောင်စီးရီး မှ)

တော်လှန်သူ

ကိုယ်ဟာ... နန်းမဆန်သလို ပန်းလည်း မပန်တတ်ပါဘူး  အကန်းမဟုတ်ခဲ့လေတော့ အပွေးမြင် အပင်လည်း သိပါရဲ့ အတွေးအမြင်ကလည်း ခပ်ရှင်းရှင်းပါပဲ ရှင်းလွန်းတော့လဲ ပြတ်သပေါ့ ချစ်သူ...     ဒီချိန်ခါ ကိုယ်ဟာ... လူတန်းစားအသိနဲ့ ဝါဒကို ယုံကြည်သူ အမှန်တရားကို မြတ်နိုးသူ ဖိနှိပ်ခံတွေဖက်က ရပ်တည်သူ ဓမ္မ ကိုလိုလားသူပါ... ချစ်သူ   ကိုယ့်ကို  တန်ဖိုးထားပါ ကိုယ်ဟာ သူတကာထက် ပိုချစ်တတ်သူပါ ကိုယ့်ကို  ဂုဏ်ယူပါ ကိုယ်ဟာ သူတကာထက် တာဝန်ကျေသူပါ ကိုယ့်ကို  သစ္စာရှိပါ ကိုယ်ဟာ သူတကာထက် စွဲမြဲတတ်သူပါ... ချစ်သူ ကိုယ့်အတွက် ဘဝမှာ အလိုအပ်ဆုံးအရာဟာလည်း နွေးထွေးစွာ ဆီးကြိုပွေ့မယ့် မင်းတစ်ယောက်တည်းပါ... ချစ်သူ  San Zuren 🌸

ကျည်ဆံ

Image
လက်ဖက်ရည်ဝိုင်းကနေ အာပေါ ဝါယော တသောသောနဲ့ ပစ်လိုက်တဲ့ ကျည်ဆံတွေဟာ လေထဲမှာ တဖောဖော ဘီယာဝိုင်း အရက်ဝိုင်းကနေ လက်သီးလက်မောင်းတန်းပြီး အရေးတော်ပုံ အောင်နေပြီလို့. အော်ဟစ်ပြီး ပစ်လိုက်တဲ့ ကျည်ဆံတွေဟာ လေထဲမှာ တဖောဖော လွတ်မြောက်ရာ နယ်မြေကနေ တိုက်ပွဲခေါ်သံ တညံညံပေးပြီး ငါတို့ဟာ အနိုင်ရတော့မှာ ပါးစပ်က တရစပ် မနားတမ်းပေါ့ ပစ်လိုက်တဲ့ ကျည်ဆံတွေဟာ လေထဲမှာ တဖောဖော ပေါလိုက်တဲ့ ကျည်ဆံတွေ ဖောလိုက်တဲ့ ကျည်ဆံတွေ ရှားပါးနေတာ ငါတို့ဆီမှာပါလား သူတို့ပစ်လိုက်တဲ့ ကျည်ဆံတွေဟာ လေထဲက လာပေမဲ့ တကယ်တမ်းကျ ငါတို့နှလုံးသားထဲထိုးဖောက်လို့ သွေးစိမ်းရှင်ရှင် စီးကျလို့ပါလေ ... San Zuren 🌸

မုသားချို ဆိုမိပါရဲ့

  မေမေက မသက်သာဘူး။ ထမင်းမစားတာ ၁၄ ရက်ရှိပြီ တဲ့။ ဆရာမကို စစ်ကြောင်းသတင်းတွေ၊ တိုက်ပွဲသတင်းတွေ မသိစေတော့နဲ့။ ပြေးရမယ်ဆိုခါမှ ထပြေးကြစို့လို့ ပြောပြီး ထွက်လာခဲ့မိတယ်။  စိတ်ထောင်းလို့ကိုယ်ကျေ တဲ့။ ပင်စင်ယူပြီးချိန်မှ နေအိမ်ပစ်ခွါ စစ်ရှောင်ဘဝကို ရောက်ရရှာတဲ့ဆရာမ။ ငယ်ငယ်ကဆို ခင်ပွန်းသည် တောင်သူကြီး အလုပ်လုပ်ရာတောကို တစ်နှစ်နေလို့ တစ်ခါ မရောက်တဲ့ ဆရာမ။ ကျောင်းဆရာမကို ယူထားတာကိုးကွ၊ ဘယ်က အကူရမလဲတဲ့။ ပတ်ဝန်းကျင်က စကြ ထေ့ကြလည်း ဆရာမရဲ့ ခင်ပွန်းဖြစ်သူ ဦးလေးဝင်းက အပြုံးမပျက်ခဲ့။ မနက်လင်းလာရင် ဆရာမအတွက် ထမင်းကြော်ပြီး၊ ထမင်းထုပ်ပေးပြီး အသင့်။ သူတောသွားချိန်မှ ဆရာမ အိပ်ရာထစမြဲ။ ညညဆို ဝမ်းမနာသား တပည့်တွေက အိမ်လာ စာကျက်ကြသကိုး။ နေ့တစ်နေကုန်စာသင်၊ ည စာကျက်တဲ့ကလေးတွေ ထိန်းကျောင်း။ ကျူရှင်မဟုတ်၊ ညကျောင်းမဟုတ်။ စေတနာ အခမဲ့ ညစာကျက်ဝိုင်း။ ဆန်ပြုတ်ဖိုး ၊ ဖယောင်းတိုင်ဖိုးတောင် ကုန်လိုက်ရသေး။  ခေတ်ကြီးပျက်တော့ အိမ်ကိုပစ်ပြီး တောတောင်ထဲ စစ်ရှောင်နေရတဲ့ဘဝကို ဆရာမ ရခဲ့ပြီ။ စစ်ကြောင်းထိုးလာသံကြားတိုင်း ယာတောကနေ တဆင့်ထပ်ခွါပြီး ပိုဝေးရာဆီ ထပ်ပြေးရတာလည်း အခါခါ။ သားရေ အေးချမ်းရဲ့လား၊ သားရေ ဘာသတင်းထူးသ...

TEAMWORK

စိန်ခေါ်မှု ကြီးကြီးမားမားတွေကို  ရင်ဆိုင်ကြတဲ့အခါ  သွေးစည်းကြဖို့ စည်းလုံးကြဖို့က အဓိက အောင်မြင်ခြင်းရဲ့ အခြေခံပါပဲ San Zuren 🌸

ကဗျာ ကဏ္ဍ

 တစ်နေ့မှာတစ်ယောက်ယောက်ကတော့ လောကကြီးထဲကနေ အရင်ထွက်ခွာသွားရမှာပဲ ။ "ဘယ်တော့မှမခွဲဘူး"လို့ တစ်ယောက်ကပြောလိုက်ရင် နောက်တစ်ယောက်က ပြည့်ပြည့်ဝဝယုံကြည်သွားတယ်ဆိုတာ မေတ္တာတရားနဲ့ပဲဆိုင်ပါတယ် ။ -ညံလင်း

ဘယ်သွားနေလဲ မောင်ရေခဲ ကမ္ဘာကြီးထဲကို ဓားနဲ့ဆို

စစ်ဆိုတာ ကမ္ဘာမြေပေါ့ပါးလာအောင် စစ်ထုတ်လိုက်တဲ့ရေစစ်လား ငြိမ်းချမ်းရေးဆိုတာ သေခြင်းမှာ လူတွေငြိမ်းချမ်း ဒုက္ခတွေ သိမ်းသွားတာကို ဆိုလိုသလား။ သေနတ်သံတစ်ချက်မှာ သွေးတစ်စက်ဆင်းလာ အစဉ်အဆက် ဒါဆို နှင်းဆီတွေ ရဲနေတာ သွေးသောက်ထားလို့ပေါ့ ညနေညနေ နေလုံးကြီးနီရဲနေတာ သေနတ်မှန်ထားလို့ပေါ့ သေချာပြီ ငါတို့နှလုံးသားများနီရဲနေတာ သေချာပြီ ငါတို့သံသယဟာ မြဲခဲ့ပြီ ကြည့်လေ … ရွှေဒင်္ဂါးပြားလေး တစ်ဖက်မှာ ပန်းဥယျာဉ် တစ်ဖက်မှာ ခေါင်းပြတ် နောက်ထပ်ခုတ်ဖဲ့ထားတဲ့ လရဲ့မျက်နှာပြင်ပေါ်မှာ သွေးလန့်နေတဲ့ အဘိုးအိုနဲ့ယုန်တစ်ကောင် ဟေ့ … လူတွေ ကိုယ့်ဒဏ်ရာ ကိုယ်မေ့ ကော်ဖီဆိုင်ထိုင် ဂျာနယ်လေးတစ်စောင်ဖတ်လို့ စီးကရက်လေးဖွာ ဂြိုလ်တုသတင်းတွေစောင့်ကြည့်လို့ အိုးနဲ့အိမ်နဲ့ ကမ္ဘာအနှံ့အပြား ခင်ဗျားတို့ အိုးမဲ့အိမ်မဲ့တွေကို အရသာခံနေလို့။ ။ ခရမ်းပြာထက်လူ။

"ချစ်သောတောပန်းကလေးများ"

ခုနေခါ ငါသွားနေတဲ့မြေလမ်းနံဘေးက တောပန်းကလေးတွေမင်းကိုလက်ဆောင်ပေးချင်တယ် ဘာအလိုဆန္ဒမှ မများမြောင်ရပါဘူးအချစ်ရယ် မင်း ကျန်းမာရဲ့လား မင်း စိတ်ချမ်းသာရဲ့လား ဒီအတိုင်းသာ တစ်ကမ္ဘာလုံးရှိနေဖို့ပဲ မဟုတ်လား... -သုခမိန်လှိုင်

ပြည်သူ့သူရဲကောင်းများ သို့

Image
အရာအားလုံး စွန့်ပေးထားတဲ့ သူရဲကောင်းတွေ အားလုံး ဘေးကင်းစွာနဲ့ မိသားစုတွေဆီ ပြန်ခွင့်ရစေဖို့ ဆုတောင်းပါတယ် မိသားစုကိုခွဲနိုင်သူဟာ ဘယ်သူရှိလို့လဲ သူတို့က အရာရာကို စွန့်ထားတာ တစ်ကိုယ်စာအတွက် မဟုတ်ပဲ တစ်နိုင်ငံလုံးရဲ့ အနာဂတ်အတွက် သူတို့ရဲ့ မိသားစု အသက် အရာရာကို စတေးပေးထားတာ ဘယ်တော့မှ မမေ့ပါဘူး ရတဲ့နေရာကနေ အမြဲပါဝင်နေပါတယ် တစ်နေ့တော့ တို့အားလုံးပန်းတိုင် ရောက်ကိုရောက်မှာပါ ပန်းတိုင်ရောက်တဲ့အထိ အကုန်လုံးကို ဘေးကင်းစွာရှိစေချင်တယ် ဘေးကင်းကြပါစေ အောင်မြင်ပါစေ မေတ္တာတွေခြုံလို့ လုံခြုံကြပါစေ San Zuren 🌸

ကိုယ့်ကိုယ်ကို ယုံကြည်ပါ

Image
အခက်အခဲတွေကြုံတိုင်း ကိုယ့်ထက်ဆိုးတဲ့ အခြေအနေမှာ ရင်ဆိုင်နေရတဲ့သူတွေကို ကြည့်ပီး ငါကအများကြီး လုပ်နိုင်ရမယ်လို့ အားတင်းထားကြပါ ကိုယ့်ကို ကိုယ်ယုံကြည်ပါ ငါဖြတ်သန်းနိုင်မယ် ဆိုတာ✊🏻 San Zuren 🌸

မြစန်းကြည်သို့ ပေးစာ

မြစန်းကြည်ရေ... မင်းကြိုက်တာကအစ မင်းမကြိုက်တာ အဆုံး မမေ့နိုင်လည်း မေ့နိုင်အောင်ကြိုးစားနေမယ် အားလုံးကြေကွဲနေတဲ့အချိန်မှာ တယောက် မျက်နှာ  တယောက်ကြည့်ပြီး ကြည်းနူးမှုဟာလည်း နိုင်ငံတော်အပေါ်  သစ္စာဖောက်ရာကျတယ်  ခေတ်အနွမ်းကြီးထဲမှာ အချစ်ပန်းကစ မိုးခေါင်ရေရှားရဲ့  မြစန်းကြည် ငါ့အသံအစား ပြည်သူတွေရဲ့  နှလုံးသားထဲကအသံကို နားထောင်ပါ ငါ့အပေါ် မှာ နုညံ့မှုအစား ပြည်သူတွေရဲ့ဒုက္ခကို စာနာပါ ငါ့အပေါ် ပျော့ပျောင်းခဲ့သမျှ  အာဏာရှင်ကို တွန်းလှန်ပါ မြစန်းကြည် တော်လှန်ရေး မပြီးမဆုံးသေးသမျှ မင်းနဲ့ ငါ မခေါ်မပြောကြေး ဘယ်လောက်ပဲဆွေးဆွေး ခဏတော့ဝေးနေကြရဉီးမှာပဲ ရင်ဘတ်က အလံကို မလိုအပ်တဲ့အချိန်မှာ ထုတ်ပြရင်  ကျဆုံးသလို လိုအပ်တဲ့အချိန်မှာ  ထုတ်မပြရင်လည်း  ကျဆုံးခြင်းပါပဲ မမြစန်းကြည် ဒါကြောင့် ငါ့ဘာသာပုန်ကန်သလို မင်းလည်းမင်းဘာသာ တော်လှန်ပါ မမြစန်းကြည်။  ။ ကျော့ဝေအောင်

Vampire

သဒ္ဓါတရားမှာ သဒ္ဒါမမှန်ခဲ့တဲ့နောက် ဘယ်စေတနာက ခရီးရောက်မှာလဲ၊ စက်ဆုတ်ဖွယ်သတ္တဝါကောင်တကောင်ဖြစ်ဖို့ဆို မျိုးရိုးမှ မလိုတာ၊ လည်ဂုတ်ပြင်ကို စားကျက်ထင် မွေးဖွားလာသူက လေလည်ပြတော့ masks တွေကိုဖြုတ်ပစ်လိုက်ကြတာ အငမ်းမရ၊ ခွေးဦးနှောက်နဲ့အကောင်တွေ၊ မနှစ်မြို့မိသလောက်ကို စိတ်ပျက်လက်ပျက် နှစ်ခြိုက်နေရသတဲ့၊ ပျော်ပျော်ကြီး ပင့်သက်တွေရှူနေကြတာပါပဲ။ စိတ်ပါလက်ပါ ဆန့်ကျင်တဲ့တနေ့ဟာ ဆက်ရက်မင်း စည်းစိမ်ပျက်ရုံမက အတောင်ပါကျိုးတယ်။ သေတနေ့၊မွေးတနေ့ဆိုတာ ဘယ်မှာဟုတ်လို့လဲ။ ရွံရှာမုန်းတီးမှုကို ပိုင်ဆိုင်ထားရတဲ့ရှင်သန်မှုတွေက အများပါးစပ်ဖျားမှာ အခါခါသေကြ၊ မသတီစရာ အကောင်ပုပ်တွေကမှ သက်ဆိုးတွေရှည်ကြတာမျိုး ဖုတ်ဝင်သလို၊ တကယ်ဆို *ဖြစ်သင့်တာထက်ပိုလာတဲ့ အခွင့်အလမ်းဟာ ရသင့်တဲ့အခွင့်အရေးမှ မဟုတ်တာ၊ အဲဒါဟာ ကျိန်စာ*  ငါတို့ဟာ လူသားစစ်စစ်တွေပါ၊ မျှော်လင့်ချက်ဟာ နှစ်ထောင်ချီနေရဖို့မဟုတ်၊ ကြည်ညိုဖွယ်ရာ စွန့်လွှတ်ခြင်းတွေကို ကြည်ကြည်ဖြူဖြူ‌ ပွေ့ပိုက်လို့ အကြိမ်ကြိမ်မွေးဖွားရင်း နှစ် ၈၀ သက်တမ်းအပြည့်မှာ  ကျေကျေနပ်နပ်ကြီး လူပီပီသသသေရဖို့။ ။ နှင်းဝေဝေ ( ပွင့်ဖြူ )

သတ္တိ နဲ့ပညာ

သတ္တိ ရှိသူ   လွှမ်းမိုးနိုင်တဲ့ခေတ်မှာ  မြန်မာပြည်ဟာ ကြီးမားကျယ်ပြန့်စွာ ထူထောင်နိုင်ခဲ့ပြီး  ဒေသတွင်းမှာ  လွှမ်းမိုးကြီးစိုးနိုင်ခဲ့ပေမယ့် ပညာ က  ရှေ့ရောက်လာတဲ့ခေတ်မှာ  သူ့ကျွန်ဘဝတောင်  ကျရောက်ခဲ့ရတယ် ပညာဖြင့်ယှဉ်သော  သတ္တိကသာလျှင် ရေရှည်မှာ အောင်မြင်မှုကို  ယူဆောင်ပေးနိုင်ပါလိမ့်မယ် မိမိသတင်းလုံခြုံမှုနဲ့  ရန်သူ့သတင်းရရှိမှုဆိုတာ တိုက်ပွဲအတွက်  အရေးကြီးဆုံး  အခြေခံဥပဒေသ ဖြစ်ပါတယ် San Zuren 🌸  

ဒီနေ့ ပျော်ပျော်နေ

ဘဝက တိုတိုလေး ကိုယ့် ဖြစ်တည်မှုကို ကျပျောက်မခံနဲ့ လက်ရှိအချိန် ကိုယ်အသက်ရှင်နေသေးတာ  သိပ် ကံကောင်းတယ် လုပ်ချင်တာတွေ လုပ်ခွင့်ရှိသေးတယ် လူတွေကြောင့် စိတ်ညစ်ရတဲ့အခါ   ကောင်ကင်းကြီးကို မော့ကြည့်လိုက်  အကျယ်ကြီးအော်ပြောလိုက်  ငါက မင်းတို့ထင်ထားတာထက် ပိုသန်မာတယ် မွန်းကြပ်တဲ့အခါ နားကြပ်လေးတပ်ပြီး  သီချင်းနားထောင်  အများကြီး မတွေးနဲ့  ဒီနေ့   ပျော်ပျော်နေ  ကြိုးစားရင်း ရုန်းကန်ရင်း  သေသွားကြမဲ့ လူတွေချည်းပါ  ဘာကြောင့် ဘယ်သူ့ကြောင့်နဲ့ စိတ်ညစ်ခံနေဦးမှာလဲလေ... San Zuren 🌸

"သားချော့တေး"

သားရေ ငိုသံတွေကို လမ်းခင်းပြီးမှ မင်းရဲ့နန်းတော်ကြီးဆီ ရောက်မယ်ဆိုရင် အဲဒီလမ်းကို မလျှောက်လေနဲ့။ မိုးလောက်ကြီးပဲ မြင့်ပါစေ လူတွေရဲ့ပခုံးကို တက်နင်းပြီးမှ မင်းဘဝ အထက်တန်းကျမယ်ဆိုရင် အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့။ မင်းရဲ့ယုံကြည်ချက်ကြောင့် ဘဝတွေ ပျက် အိုးအိမ်တွေ ပျက် မိသားစုတွေရဲ့ ပျော်စရာအနာဂတ်တွေလည်း ကြေကွဲပျက်စီးရမယ်ဆိုရင် အဲဒီယုံကြည်ချက်ကိုလည်း မင်း အကောင်အထည် မဖော်လေနဲ့။ မသိနားမလည်သူ လူတွေကို လှည့်စားပြီးမှ ဇိမ်ခံခွင့် ရမယ်ဆိုရင် အဲဒီစည်းစိမ်ကိုလည်း မင်း မမက်မောလေနဲ့။ ဒီလောကကြီးမှာ သစ်သီးကလေးတစ်လုံး သီးဖို့ အချိန်တွေ အများကြီး ယူရတယ် ပန်းကလေးတစ်ပွင့် ပွင့်ဖို့ အဆင့်ဆင့် တည်ဆောက်ခဲ့ရတယ် မြေနီလမ်းနံဘေးက တောပန်းကလေးတွေကအစ ကြင်နာပါ ဒုက္ခရောက်သူကို ဖေးကူပါ လူ့ဂုဏ်သိက္ခာကို စောင့်ရှောက်ပါ အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။ ရိုးသားဖြူစင်သူတွေကို တစ်ဖက်သတ်အနိုင်ယူပြီးမှ မင်းရဲ့သရဖူကို ရမယ်ဆိုရင် အဲဒီသရဖူကိုလည်း မင်း လုံးဝ မယူလေနဲ့။ -မိုဃ်းဇော်

"ငါ့နားထင်ကိုတေ့ထားတဲ့သီချင်း"

သေခြင်းတရားအကြောင်း လူပြောသူပြော များလှတဲ့နေ့တနေ့မှာ ကျနော်ဒီကဗျာကို ရေးဖြစ်တယ်။ ပရက်စလေ ကတ်ကိုဘိန်း ၊ မြို့မငြိမ်း နဲ့ ဗင်းဆင့်ဗန်ဂိုး… သူတို့လောက်သတ္တိမရှိတာ နာတယ်။ ခေါင်းတိုင်ကထွက်လာတဲ့မီးခိုးငွေ့လို အလွမ်းအမောများနဲ့ ဘဝက … ဆွဲရင်လည်းသေ မဆွဲရင်လည်း အစားခံရမယ့်ဖဲ သင်္ဘောပျက်တစီးလို တိတ်ဆိတ်နေလိုက်တယ်။ မတော်တဆတော့  ကျနော်ကျမကွဲချင်ဘူး အမေ။ ။ -ရိုးဒီ

သင်ယူခြင်း

ဘဝ ဆိုတာ သင်ယူရတယ် နေဖို့ သင်ယူတယ် သေဖို့ သင်ယူတယ် ရှင်ဖို့ သင်ယူတယ် ဘဝကို ခင်တွယ်ဖို့လည်း သင်ယူရတယ် ။       ။ -လှသန်း

ကဗျာ ကဏ္ဍ

 မနက်အစောကြီး ကြားနေရတဲ့တရားရွတ်သံမှာ ငါတရားမရဘဲ မနက်အစောကြီး မင်းကို သတိရနေမိတယ် မင်းဟာ ငါ့တရားပဲ။ ကြည်ဇော်အေး

ကိုယ့်တန်ဖိုးသည် ကိုယ့်အနာဂတ်

လောကမှာ လိုချင်တာတွေပဲ ရတတ်တယ် တန်ဖိုးမရှိတာတွေ လိုချင်တတ်ရင် တန်ဖိုးမရှိတာတွေပဲ ရပြီး ဘဝဟာ တန်ဖိုးမဲ့သွားမှာအသေအချာပဲ တန်ဖိုးရှိတာတွေ လိုချင်တတ်မှ တန်ဖိုးရှိတာတွေရလို့ ဘဝကလည်း တန်ဖိုးရှိလာနိုင်ပါတယ် တန်ဖိုးရှိတာတွေဆိုတာက ရုပ်ဝတ္ထုတွေ ငွေတွေကို မဆိုလိုဘူး လူ့ကျင့်ဝတ်တွေ စိတ်ဓာတ်ကောင်းတွေ စာနာတတ်ခြင်းတွေ အတွေးအခေါ်တွေ ငြိမ်းချမ်းမှုတွေ လောကကိုချစ်ခင်ခြင်းတွေ လူလူချင်းလေးစား တန်ဖိုးထားမှုတွေ စသည်....... San Zuren 🌸

ကဗျာ ကဏ္ဍ

 ဤကမ္ဘာမြေပြင်ပေါ်တွင် ချစ်ခြင်းမေတ္တာ နှင့် ဉာဏ်ပညာမှတစ်ပါး အခြားသောအလေးအမြတ် ပြုအပ်ရာမည်သည်မရှိ။     -ထူးအိမ်သင်

"ကလစ်ခြင်း အနုပညာ"

" မသိသူကျော်သွား သိသူဖော်စား" တဲ့ ။ ယခု သိတဲ့သူတွေကတော့ ဖော်စားနေကြပြီနော် ။ အဲဒါ ဘာလဲဆိုတော့ ဒီတော်လှန်ရေးမှာ အထိရောက်ဆုံးနဲ့ လုံခြုံဘေးကင်းစွာ တစ်ထောင့်တစ်နေရာမှ ပါဝင်ခွင့် ရမှာဖြစ်တဲ့ ကလစ် (Click) ခြင်းပါပဲ ။ Click ခြင်းအားဖြင့် ဘာတွေအကျိုးသက်ရောက်မှုရှိသလဲဆိုတာ အားလုံးလဲ သိရှိပြီးဖြစ်လို့ ထွေထွေထူးထူးတွေတော့ ထပ်မပြောတော့ပါဘူး ။ အရေးတော်ပုံကြီး မြန်မြန်အောင်ချင်လျှင် များများပါဝင်ပြီး ကလစ် (Click) ကြပါလို့ပဲ ပြောလိုက်ပါရစေ ။  လက်ရှိ Clicker စုစုပေါင်းမှာ သောင်းဂဏန်းမျှသာ ရှိသေးသော်လဲ ကျနော်များထောက်ခံသော အစိုးရအတွက် လစဉ် သိန်းပေါင်း ထောင်နှင့်ချီ၍ ရန်ပုံငွေများ ရှာဖွေပေးနိုင်နေပြီ ဖြစ်ပါသည် ။  နိုင်ငံ့လူဦးရေနှင့် နှိုင်းယှဥ်လျှင် ကလစ်သူ (Clicker) ပမာဏမှာ  အလွန် နည်းနေသေးပါသည် ။ ဒီ့ထက် Clicker ဦးရေ ပိုများလာမယ် ၊ သိန်းနဲ့သန်းနဲ့ ချီလာမယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ ။ တော်လှန်ရေးတစ်ခု အောင်မြင်ဖို့ ဆိုတာလဲ ဘက်ဂျက် အနည်း ၊အများအပေါ် မှာ အများကြီးမူတည် နေပြန်တယ်လေ ။   မ အ လ ကို လျှင်မြန်စွာ ဖြုတ်ချချင်တယ်ဆိုရင်တော့ သိပ်အခက်ကြီး မဟုတ်ပါဘူး ။ အိမ်မှာ လုံခြ...

ကဗျာ ကဏ္ဍ

 ဘဝက ခဏလေး မင်းပါ ငါနဲ့ ရောရောပြီး အသက်တိုရတယ်... ဘာမှမဖြစ်ပါဘူး... ကြာကြာလည်း မနေချင်ပါဘူး။ ။ -ကောက်ကွေ့

ကဗျာ ကဏ္ဍ

 စေတီရင်ပြင်တော်က အဆင်းမှာ သက်စေ့လွှတ်ဖို့ ငှက်တွေကို ဝယ်ရတယ် ခက်တာကကောင်းကင်ကို ရှာမတွေ့ဘူး... မြတ်စွာဘုရား တပည့်တော်ဝယ်ထားမိတဲ့ ငှက်တွေက တပည့်တော့်အသက်ပါလားဘုရား ။ -ကေဇဝင်း

တော်လှန်ရေး ကဗျာ ၁၉

 ရန်သူကို သူရဲဘောကြောင်လေ ကိုယ့်အချင်းချင်း ပြန်တိုက်လေပဲ ရန်သူကို အထင်ကြီးလေ ကိုယ့်ရဲဘော်ကို အထင်သေးလေပဲ ရန်သူကို ရန်ငါမပြတ်လေ ကိုယ့်ရဲဘော်ကိုယ် ရန်ငါဖြတ်လေပဲ ဘယ်သူလဲ မမေးနဲ့ ကိုယ့်အနားပတ်လည်မှာပဲရှိတယ် နောက်ဆုံး မိမိကိုယ်တိုင်တောင် ဖြစ်နေနိုင်တယ် တော်လှန်ရေးကို သစ္စာဖောက်ခဲ့သူတွေကပဲ အောင်ပွဲရ ရင် လက်မထောင်ပြီး ဝင်လာလိမ့်မယ် မြင်အောင်သာ ကြည့်ထားကြ ။ ခက်သီ 

သူရဲကောင်းများ သို့

ပေးဆပ်ခြင်းရဲ့ နောက်ကွယ်မှာ ရယူခြင်းတွေ ရှိတယ် ရှုံးနိမ့်ခြင်းရဲ့ နောက်ကွယ်မှာ သင်ခန်းစာတွေ ရှိတယ် သည်းခံခြင်းရဲ့ နောက်ကွယ်မှာ  ပြင်ဆင်ခြင်းတွေ ရှိတယ် မပြီးဆုံးသေးခင်မှာတော့ မဖြစ်နိုင်ဘူးလို့  ထင်ရတတ်တယ် ကြိုးစားခြင်းရဲ့ နောက်ကွယ်မှာ အောင်မြင်ခြင်းတွေ စောင့်နေတယ် နှစ်ပေါင်း ၇၀ ကျော် အိပ်မက်မက်လာတဲ့  ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အိပ်မက်ဟာ  သူရဲကောင်းတွေရဲ့ ပေးဆပ်မှု  အနစ်နာခံမှု သတ္တိရှိမှု ကြိုးစားအားထုတ်မှုတွေကြောင့် နှစ်အနည်းငယ်အတွင်း ရလာနိုင်တော့မယ် လောကသစ်တစ်ခု ဖန်တီးနိုင်ဖို့ သူရဲကောင်းတွေကို အမှန်တရားက အရှေ့မှာ စောင့်လို့ကြို‌နေတယ် သူရဲကောင်းများကို                      ဂုဏ်ယူစွာဖြင့် San Zuren 🌸

ရှင်သန်ခြင်းရှင်းတမ်း

သူရဲကောင်းလည်း မဖြစ်ချင်ဘူး အာဇာနည်လည်းမဖြစ်ချင်ဘူး ပျော့ညံ့သွေးကြောင်သူလည်း မဖြစ်ချင်ဘူး။ မိုက်ရူးရဲလည်း မဖြစ်ချင်ဘူး တွေဝေခြောက်ခြားသူလည်း မဖြစ်ချင်ဘူး ကိုယ့်ကိုယ်ကို ပြန်အရှက်ရသူလည်း မဖြစ်ချင်ဘူး။  လျာဖြတ်ခံရတဲ့ပြောရေးဆိုခွင့်ကို ကြုံဖူးတယ် အကျဉ်းချခံရတဲ့ လူ့အခွင့်အရေးတွေ နေဖူးတယ် သားကြောဖြတ်ခံရတဲ့ နေ့ရက်တွေနဲ့ ရှင်သန်ဖူးတယ်။ ငါတို့ ငရဲကို ငါတို့နဲ့ပဲ အဆုံးသတ်ချင်တယ်။ ရေပေါ်ဆီ နိုင်ငံရေးသမားမဖြစ်ချင်ဘူး စိတ်ကူးယဉ်ကဗျာဆရာ မဖြစ်ချင်ဘူး အဓမ္မဝါဒကို ထောက်ခံတဲ့လူတယောက်မဖြစ်ချင်ဘူး ။ ရှင်သန်မှုဟာ တမိနစ်ပဲကျန်တော့မယ်ဆိုရင် အဲ့ဒီတမိနစ်ကိုတောင် လိပ်ပြာသန့်သန့်နေချင်တယ် ။     ။ ခက်သီ 14.2.2021

ပြည်သူတိုင်းသည် တော်လှန်ရေးသမားဖြစ်ရမည်

Image
လာကြပါလေ လူပင်လယ် ပန်းခင်းကြီး အမှောင်ကမ္ဘာက ဖွင့်ထွက် ခပ်ရဲရဲ  ပွင့်ကြရအောင်       ဒီမိုကရေစီ  ဝေါဟာရ ပွင့်သစ်ဖို့  စွန့်လွှတ်ကြပါစို့         ငါတို့ခေါင်းက  ထွက်တဲ့သွေး အနာဂတ်ပန်းတွေ လန်းစေရေး ဆွတ်ဖြန်းပေးမယ်    ငါတို့ ခန္ဓာရဲ့မြေဆွေး တန်းတူအရေးအတွက် ပေါင်းသင်ပေးမယ် အဖျက်သမား ဖက်ဆစ် မိစ္ဆာတပ်အား ဟောဒီ ကမ္ဘာမြေပေါ်မှာ အရှင်မထား        တူတန်ရာ  အဝီစိငရဲ တို့အားနဲ့  ပို့ကြရအောင် ကျဆုံးရဲဘော် ပြည်သူတွေကို တိုင်တည်လို့ ဖက်ဆစ် ကြေးစားတပ်ကို  အဆုံးထိ သေတပန်ဆုံး တိုက်ထုတ်ကြပါစို့ San Zuren 🌸

ဖက်ဒရယ်ယူနစ်ကောင်စီတစ်ခု ဘယ်လို တည်ဆောက်မလဲ

  အရင်အပတ်က မေးခွန်းထုတ်ခဲ့သလိုပဲ သက်ဆိုင်ရာ stakeholder တွေဟာ တော်လှန်ရေးအားကောင်းလှတဲ့ စစ်ကိုင်းတိုင်း ချင်းတွင်း၊ မူးနဲ့ ဧရာဝတီလွင်ပြင်ဒေသတွေကိုစုစည်းပြီး ဖက်ဒရယ်ယူနစ်တစ်ခုတည်ဆောက်ကြဖို့ ဘာကြောင့် နှောင့်နှေးနေရသလဲဆိုတာနဲ့ပတ်သက်လို့ ရင်းမြစ်တွေလည်းတသီတတန်းထွက်လာပါတယ်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်တချို့ဟာ ရရှိထားတဲ့ De jure ပါဝါကို အခြေပြုပြီး လုပ်ပိုင်ခွင့်အာဏာကို မောင်ပိုင်စီးလို တာလားဆိုတဲ့ အဖြေလည်းထွက်လာပေမဲ့ ဒါဟာပြဿနာတစ်ခုမဟုတ်တော့ဘဲ တကယ့် ပြဿနာအစစ်က De jure ပါဝါရထားသူတွေကိုယ်တိုင်က ဖက်ဒရယ်ယူနစ်ကို တည်ဆောက်နိုင်တဲ့ capacity မရှိတာလား၊ ဘယ်လိုစပြီးတည်ဆောက်ရမယ်ဆိုတာကိုတောင် မသိတာလားဆိုတဲ့ ပိုတိကျတဲ့ ယူဆချက်တစ်ခု ဝေဖန်သူတွေထံက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပါတယ်။ ဒါဟာလည်းဖြစ်နိုင်ခြေရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာ နိုင်ငံရေးဟာ ပရော်ဖက်ရှင်နယ်တစ်ခုအဖြစ်သတ်မှတ် ထားတာမျိုး မရှိလို့ပါပဲ။ အဲဒီအကျိုးဆက်က လက်ရှိ နိုင်ငံရေးလုပ်နေသူတွေဟာ ခရီးသွားဟန်လွဲဝင်လုပ်နေရသလိုဖြစ်ပြီး state building ပိုင်းနိုင်ငံရေးအိမ်စာမကျေတာကြောင့်တကြောင်း၊  သမိုင်းစဉ်ဆက်ပညာရေးကနေ အပင်းသွင်းခဲ့တဲ့ စကားလုံးကျိန...

ကိုယ့်စိတ်စွမ်းအားကို ပြန်ယူခြင်း

ရေရှည်တွေးခေါ်ဉာဏ်မဲ့တဲ့ အာဏာမက်   လူတစ်စုက မြန်မာနိုင်ငံသားတွေကို နိုင်ငံရေး/ စီးပွားရေး အပြင်းအထန် ထိုးနှက်နေတာ  လပေါင်းများစွာ ကြာညောင်းနေပြီ တချို့ဟာ အနာဂတ် မရေရာဘဲ  လမ်းပျောက်သလို ခံစားနေရတယ် ဖိနှိပ်သူတွေကြောင့်  စိတ်ဖိစီးမှုဒဏ်ကို  ခံနေကြရပြီ ... ဒါတွေကို ကျမတို့  မကျော်လွှားနိုင်တော့ဘူးလား...? **ကျော်လွှားနိုင်ပါတ ယ်** ၁။ လက်ရှိ ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ပါ ၂။ အခက်အခဲတွေကို လက်ခံပြီး ရင်ဆိုင်ပါ , ရှောင်မပြေးပါနဲ့ ၃။ အကြောက်တရားအောက် ပြားပြားမှောက် အညံ့မခံပါနဲ့ ၄။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ပါ ၅။ အပြုသဘော တုံ့ပြန်နိုင်အောင် ကြိုးစားပါ ၆။ အာရုံမလွင့်အောင် သတိကပ်ပါ ၇။ ကိုယ်တစ်ယောက်ထဲ ကြုံနေရတာ မဟုတ်ဘူးဆိုတာ သိပါ ၈။ စိတ်ကို လေ့ကျင့်ပါ ၉။ အဖြေရှာပါ ကိုယ့်စိတ်စွမ်းအားကို ကိုယ်တိုင်  ပြန်လည်ရယူနိုင်ကြပါစေ.... San Zuren 🌸

နွေရောင် ချည်မျှင်တန်းများ

ဒီမနက် ကော်ဖီသောက်ရင်း  ဝမ်းနည်းရင်း ဝမ်းသာရတယ် ဒီနှစ်ထဲ မရှိတော့ခြင်းများကြား ကော်ဖီတစ်ခွက်တော့ ရှိနေသေးလို့ ဝမ်းနည်းရင်း ဝမ်းသားတယ်။ -4oems-

“တစ်ပါးလူရဲ့ မကောင်းတဲ့စိတ်အညစ်အကြေးက သင့်ကို လာအနှောင့်ယှက်ဖြစ်တာမျိုး မခံပါနဲ့”

ကျွန်တော်အနေနဲ့ ခံယူထားတာတော့ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် လုံလောက်တဲ့ကာကွယ်မှုတစ်ခုရှိရမယ်ဆိုတာပဲ လောကကြီးဟာ အရာအားလုံးပျံ့ကျဲနေတဲ့အလျှောက် မကောင်းတာတွေကိုယ့်ဆီကိုဘယ်လိုပဲဖြစ်ဖြစ် လွင့်စင်လာနိုင်တာပဲလေ။  ဥပမာ ဒီနေ့လို social mediaခေတ်မှာဆို ကိုယ်ကဘယ်လောက်ပဲ ကောင်းအောင်နေနေ - မကောင်းပြောခံရတာ(ကဲ့ရဲ့တာထက်ပိုတဲ့မကောင်းခြင်းမျိုးပေါ့)  Ngr loe ma (sexual harassment ဆန်ဆန်စကားတွေပြောခံရတာမျိုးလည်းရှိကြတာပါပဲ။) ပြင်ပလောကမှာဆိုလည်း တချို့သောအခြေအနေတွေမှာ ဒီလိုမိုက်ရိုင်းစွာ ဆဲရေးတိုင်းထွာခံရတာမျိုး  ဖြစ်ဖူးကြမှာပါ။ဒါဟာတစ်ဖက်လူက သူ့ရဲ့စိတ်ဓါတ်အဆင့်အရ သူ့အလုပ်သူလုပ်နေတာပါ။ အဲ့လိုပြောခံရရင် ကျွန်တော်ကတော့  1%လေးတောင် စိတ်အနှောင့်ယှက်မဖြစ်ပါဘူး။  အဲ့အစားကျွန်တော့်ခေါင်းကအလုပ်လုပ်လိုက်ပုံက  “ဒီလူ ပညာမဲ့လိုက်တာ၊အဆင့်အတန်းမရှိဘူးပဲ၊သနားစရာပါလား”ဆိုတာမျိုး မှတ်ချက်ချလိုက်တာပါပဲ။ အဲ့အခါအဲ့လိုcmtမျိုးကို ဖျက်လိုက်မယ်။ဒီတိုင်းကိုယ့်ဘာသာပြောစရာရှိတာ၊လုပ်စရာရှိတာဆက်လုပ်မယ် ဒါပါပဲ။ပြင်ပမှာဆိုလည်း အဲ့လူနဲ့ဆက်စကားပြောမရ၊မလိုတော့ဘူး။သူ့ဆီကအပုတ်တွေပဲထွက်မှာလေ  ဒါဟာ သူ့ရဲ့အည...

ကိစ္စမရှိပါဘူး ညီမလေး

တစ်နေကုန်ဖို့ လွယ်ပေမယ့် တစ်နေကုန်နေရဖို့ မလွယ်ဘူး ရောင်နီလာဖို့ လွယ်ပေမယ့် နေရောင်ကိုမြင်ရဖို့ မလွယ်ပြန်ဘူး ဘယ်အရာမှ သိပ်မလွယ်ဘူးဆိုတာ သိဖို့လွယ်ပြန်ရဲ့ လူ့ဘဝကမ္ဘာ ။ ဒုက္ခတွေ ဆန့်ကျင်ဘက်တွေ အပြည့်အသိပ်နဲ့ ဟောဒီလောက ရွေ့လျားထောင်ထဲ မင်းဘက်က လက်ဖမိုးနဲ့ ငါ့ဘက်ကလက်ဖဝါးအတိုင်းမှာ ညီမလေးရေ  မင်းရင်မခုန်တဲ့ ရခဲလှတဲ့  ကဗျာဆရာဘဝ စစ်ဒဏ်ဗုံးဒဏ်ကြားက အရိုးပြိုင်းပြိုင်း မီးလောင်ပြင်လည်း ဖြစ်ခဲ့ဖူးမှ တုံးတိုက်တိုက် ကျားကိုက်ကိုက်  ရဲရဲတောက်စိတ်ဓာတ်မှာ မီးသေမခံတဲ့ ဆေးလိပ်လိုလည်း ဖြစ်ခဲ့ဖူးမှ အရွက်ကျရာ အပင်ပေါက်တဲ့ ရွက်ကျပင်လိုလည်းဖြစ်ခဲ့ဖူးမှ ဟုတ်ရဲ့လား အရက်အကြောင်းကို အရက်သမားကပိုသိသလို ပင်လယ်အကြောင်းကို ပင်လယ်ပျော်ဓားပြက ပိုသိသလို ကဗျာဆရာအကြောင်းလည်း ကဗျာဆရာကပိုသိရဲ့ သွေးနဲ့သားနဲ့ ခန္ဓာမှာ အမှတ်တစ်မှတ်ကစခဲ့တဲ့ ငါတို့ဘဝတွေ တစ်ချို့ လေယူရာယိမ်းလို့ တစ်ချို့ ကျောက်ဆောင်လိုမားမားမတ်လို့ ဘယ်တော့မှ မပြိုင်ဘူး/မဆုံဘူး စိတ်ဘာသာဗေဒနဲ့ ရုပ်ဘာသာဗေဒမှာ ဘယ်ဟာက ပိုလို့အရေးကြီးရဲ့ လမ်းမှားပြီးလျှောက်တော့ လမ်းသစ်ပဲဖောက်သလိုလို အဲဒါကိုက လူ့ဘဝ လူဖြစ်ကျိုးလား ကိုယ့်မြင်းကိုယ်စီးလို့ ကိုယ့်အိပ်မက် ကို...

ဒီအချိန်မဖွဲ့ရင် ဘယ်အချိန်ဖွဲ့မလဲ

တူမီးတော်လှန်ရေး စာစဉ်    အယ်ဒီတာ့ အာဘော် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ဟာ မကြာခင်မှာ ချင်းဖက်ဒရယ်ပြည်နယ် ကြေညာ စာတမ်းနဲ့အတူ ချင်းပြည်နယ်အစိုးရကို ဖွဲ့စည်းတော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ KIO ကလည်း ထုတ်ပြန်ကြေညာချက်ထဲမှာ ကချင်အစိုးရလို့ တရားဝင်သုံးစွဲလာသလို ကြားကာလ ကချင်ပြည်သူ့ကောင်စီ KPICT ကိုလည်း စနစ်တကျဖွဲ့စည်းထားပြီးပါပြီ။ ထို့အတူ တအာန်းအမျိုးသားအတိုင်ပင်ခံကောင်စီ TPCC နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကော်မတီ PNFC တို့ကလည်း သူတို့ရဲ့ နိုင်ငံရေး/စစ်ရေးတည်ဆောက်မှုတွေကို ပေါ်ပေါ်တင်တင် ထုတ်ဖော်လာကြသလို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC ကလည်း ဒေသတွင်းအုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ကိစ္စတွေကို မကြာမကြာထုတ်ဖော်ပြောဆိုလာတာတွေ့ရပါတယ်။ မူလရှိပြီးသား ကရင်အမျိုးသားအစည်းအရုံး ကလည်း NUCC နဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေကို တရားဝင်ပြောကြားလာတာဖြစ်ပါတယ်။ ဒီလို အားကောင်းတဲ့ ဖက်ဒရယ်ယူနစ်ဆိုင်ရာ လှုပ်ရှားမှုတွေ အရှိန်အဟုန်နဲ့ပေါ်ပေါက်နေတဲ့ အချိန်ကာလမှာ ဒေသတစ်ခုလုံးအတိုင်းအတာတော်လှန်ရေးအားကောင်းနေပြီး လက်ရှိ အနေအထားမှာလည်း ပြည်သူ့အုပ်ချုပ်ရေးစိုးမိုးမှုအရှိဆုံး ဒေ...

ကဗျာ ကဏ္ဍ

 အာရုံအလျင်ထဲ စွဲလမ်းမူသီအိုရီတွေရောက်ရောက်လာ သစ်သစ်သွားကြ တယောက်တမျိုးစီမှားခဲ့ကြတယ်တဲ့ သံသရာကိုချစ်တယ်တဲ့ ရွှေသားသံယောဇဉ်လေးကို မြတ်နိးတယ်တဲ့ အချိန်တန်ရင်တော့  ကိုယ်ဇာတိဆီ ပြန်ကြရတာပဲတဲ့ အေးငါဇာတိဟာ အလွမ်းဖြစ်တယ်။ ပြဇတ်ဆန်ဆန်အရောင်ရိပ်တွေ ငါအလွန်မုန်း မြုံးမိတဲ့ငါး အသက်ရှင်စဉ်မှာ ဘာတွေ တွေးခေါ်နေမိမလဲ ငါသိချင်မိ ငါကိုယ်တိုင်မြုံးမှာ မိမှာပဲ လွတ်လမ်းကိုသာလိုချင်ခဲ့မိ အရင်လိုဘဝဆိုးထဲကိုပဲ လွတ်ချင်ရဲ့ ဒါဘဝရဲ့  အဘိဓမ္မာပဲ သေချာရဲ့ အိမ်မက်ဆန်ဆန်တွေလာရောင်းဝယ်မနေနဲ့ စက္ကူလေယဉ်ပျံလေးကို လက်ထဲက လွှတ်ချလိုက်ပြီ။ မောင်ချောနွယ်

သစ္စာပန်းများနဲ့မေလ

တစ်ဘ၀ ကဗျာဆရာ မဟုတ်ခဲ့တာ သေချာပြီ။ ဘာတစ်ခုမှ မရှိတော့တဲ့ မေလမှာ နောက်ထပ် ဘာမဆို ပေးလိုက်ရပြန်တဲ့ မေလမှာ အဆင်မပြေမှုတွေ အစီအစဉ်ကျနလွန်းတဲ့ မေလမှာ အလကားရတဲ့ ညနေခင်းကတောင် မထေမဲ့မြင်ပြုခံရတဲ့ မေလမှာ ဒုက္ခတွေ အဆုပ်လိုက် အဆုပ်လိုက် ပွင့်အားကောင်းတဲ့ မေလမှာ အားကြီးဖုန်ထတဲ့ လေပူထဲ အနှံ့ပြားစီပွချင်တိုင်း ပွနေ လွင့်နေတဲ့ လဲမှို့တွေလို မေလမှာ အဆုပ်ပွပွ ညတွေရသူ မေလမှာ သလိပ်ဖတ်လို လမင်းကြီးကို မြင်မိသူ မေလမှာ အပ်တစ်ဖျားထောက်စရာ မလပ်အောင်ဘဲ ဒဏ်ရာအပြည့်ခန္ဓာနဲ့ မေလမှာ မေလပေါင်းများစွာ ပြန်လည်စုစည်းမိသူ မေလမှာ အချိန်မှန်အတွင်း လူနာအဖြစ် တင်ပို့ခံရသူ မေလမှာ အပ်ဖျားတစ်ခုပေါ် ရောက်ခဲ့ပေမယ့်လည်း ပြန်လည်ကျန်းမာခွင့်မရှိတော့တဲ့ မေလမှာ အသက်ရှင်တစ်ချက် မရှင်တစ်ချက် မေလမှာ မေလက မေလကို အသေသာ ပြန်ရလိုက်တဲ့ မေလမှာပေါ့။ ချော်ရည်ပူ ကျိချွဲချွဲ နေ့လည်စာတွေ ငါးမန်းတောင် ဆူးကြမ်းပြင်တွေ ဆာတေးရီးယန်း မြက်ပင်ရှည်လက်တွေ လူအဖြစ် သရုပ်ဆောင်ရသူ မေလ လောကဘရိတ်သွားပေါ် တွားသွားသတ္တဝါဖြစ်ရသူ မေလ တစ်နေ့ထဲ သင်္ဘောအကြိမ်တစ်ရာ မှောက်ရတဲ့ မေလ တောအလှူတစ်ခုမှာ လူချင်းတိုက်မိလို့ မတော်တဆ ပန်းကန်ထဲ ဖိတ်ကျတဲ့ အသားတုံး အကျလေးတောင်မှ မစာ...