Posts

Showing posts from September, 2022

ကဗျာ ကဏ္ဍ

 ပြက္ခဒိန်တစ်ရွက်ဖြဲပစ်ရမယ် နေ့စွဲတွေမှာ လ နာမည်အသစ်လဲတပ်ရမယ်  ရက်ပေါင်းသုံးဆယ် အသက်ကြီးသွားတယ် ဒါပါပဲ ..။ ရိပ်ငြိမ်

ဖူးပွင့်ဝေဆာနေခဲ့ပြီ

 ကြိုးစားအားထုတ်မှုတစ်ခုတိုင်းက အချည်းနှီးမဖြစ်ပါဘူး။ ကိုယ်တို့မျှော်လင့်မထားတဲ့အချိန် မျှော်လင့်မထားတဲ့အရပ်မှာ ဟော .... ကြည့်လိုက် ကိုယ်တို့ပျိုးခဲ့တဲ့မျိုးစေ့တွေ ဖူးပွင့်ဝေဆာနေခဲ့ပြီ။ နိုင်းနိုင်းစနေ

ဇာတ်လိုက်မင်းသားနှစ်တွေ

Image
တီရှပ်ကိုပြောင်းပြန်ဝတ်လာကြတဲ့ ဒီဘက်နှစ်တွေ ငါ့ကိုပိုအထီးကျန်လာစေတဲ့ ဒီဘက်နှစ်တွေ ကျွမ်းကျင်ရာ မိုက်မဲခဲ့ ကြတဲ့ ဒီဘက်နှစ်တွေ အချိန်ပေးပြီးမဆွေးမြေ့နိုင်တော့တဲ့ ဒီဘက်နှစ်တွေ လျှာထိုးဦးထုပ်ကိုတစောင်းဆောင်းလာကြတဲ့ ဒီဘက်နှစ်တွေ သေချင်းတရားဟာ သိပ်အရေးမပါတော့ သယောင်ယောင် ဒီဘက်နှစ်တွေ အထူအပါးနားလည်နေရတဲ့ဒီဘက်နှစ်တွေ ကိုယ်ချင်းစာတရားကလွဲပြီး အကုန်ဝါသနာပါကြတဲ့ဒီဘက်နှစ်တွေ ကြံမိကြံရာဒီဘက်နှစ်တွေ မကြံတတ် မစီတတ်ဒီဘက်နှစ်တွေ တကမ္ဘာလုံးစီးပွားကျတဲ့ဒီဘက်နှစ်တွေ မကောင်းသူထိပ်ကောင်းသူထိပ်ပဲ ဒီဘက်နှစ်တွေ ဖခင်ကကုန်သည်ပွဲစားမို့ သူကုန်သည်ပွဲစားဖြစ်လာရတဲ့ဒီဘက်နှစ်တွေ အသောက်အစားကင်းဖို့မလွယ်တဲ့ဒီဘက်နှစ်တွေ အကြောက်တရားကင်းဖို့မလွယ်တဲ့ဒီဘက်နှစ်တွေ ဒုက္ခရောက်လည်း လေတကျူကျူနဲ့ဒီဘက်နှစ်တွေ နောက်ခံရှူခင်းလည်း ကောင်း ရေချိုးဆိပ်လည်းရှိတဲ့ ကမ်းခြေတစ်ခုမှာ ဒီဘက်နှစ်တွေကို မင်းသားတင်ရိုက်ပစ်ချင်ရဲ့။        -အောင်ခိုင်မြတ်

ချစ်သောတော်လှန်ရေး (springversion )

ဒီလိုနဲ့ ‌ညိုညစ်ညစ်‌ပြဿဒါးရက်တွေကို ရောက်ရှိလာခဲ့ နဂါးခေါင်းက အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာကို ပြိုင်တူကြီးလှည့်ထားတယ် အနီရောင်တောက်နေတဲ့ လမ်းတွေမှာ  နောက်ဆုံးပေါ် တော်လှန်ရေးမျိုးစိတ်တွေ ရဲပဒေါင်းခတ်သွား။ ၁၉ရာစု လက်ကျန် လူသတ်ဝါဒီတွေကို  ရ ရာ ရ ရာ လက်နက်တွေကိုင်စွဲလို့။ ဖေဖော်ဝါရီရဲ့ ဆံပင်နီကြဲကြဲ‌နဲ့ ကောင်လေးဟာ အစမှာ လက်သုံးချောင်းထောင်တယ်၊ တစ်ဆင့်မြင့်လာတဲ့ မတ်လ ဆံပင်နီကြဲကြဲလေးက ဂျင်းပန်င်အစုတ်ဝတ်ပြီး ဒိုင်းကာကိုင်တယ်။ အခု G3ကိုင်ထားတဲ့ ဆံပင်နီကြဲကြဲကောင်လေး မှတ်ပုံတင်မရှိ၊ဘွဲမရ ၊ဆယ်တန်းမအောင် ၊ ပစ္စည်းမဲ့။ လူတန်းစားအကြောင်းမသိဘူး။ ချေနဲ့မော်ကိုမသိဘူး။ ဖက်ဒရယ်ကိုမသိဘူး။  လစ်ဘရယ်တွေ ဖောက်ပြန်တတ်တာကိုမသိဘူးး။ ရွှေရောင်ဖုံးလွှမ်းသော ရက်များဆီက အပစ်ပယ်ခံ‌ ပေတေတေကောင်လေးဟာ အခုဖောက်ခွဲရေး ၊ အခုထောက်ပံ့ရေး၊ အခုတော့ တော်လှန်ရေး။ သူ့ကိုပစ်ပယ်သူ အထက်တန်းလွှာက ရေပေါ်ဆီနိုင်ငံရေးသမားတွေကတော့ လွတ်မြောက်ရာတွေဆီမှာသူရဲဘောကြောင်စွာပုန်းခိုလို့။ ဘောင်းဘီတိုနှံ့နှံနဲ့ မိတ်ကပ်မလေးကနေ ဟိုး ခေါင်းဖြူစုတ်ဖွား အဘိုးကြီးအထိ လက်သီးကို ကျစ်အောင်ဆုပ်ပြီး မကျေနပ်ခြင်းတွေကို အံကြိတ် ‌ပေါက်ကွဲနေတ...

ပေါ့ဆိမ့်နေ့စွဲများ

သေမင်းရဲ့ နိဗ္ဗာန်ဘုံထဲက လက်ဖက်ရည် မှောင်ခိုဆိုင် ချောင်ကျကျ ဝိုင်းတဝိုင်း နေ့တိုင်း ပေါ့ဆိမ့်များသောက်လို့ ငါ့လို ပေါ့ရွှတ်ရွှတ်လူတချို့ရဲ့  ​အထီးကျန် ဌာနချုပ်တစ်ခု။ ငရဲတံခါး ပွင့်သွားကတည်းက အရင်လို ဌာနချုပ်မှာ လူမစုံတော့ဘူး ဘယ်သူမှန်းမသိပေမယ့် ပျောက်ဆုံးသွားတဲ့ ငါ့ကောင်တွေ သေမင်းနဲ့စစ်ခင်းဖို့သွားတဲ့ ငါ့ကောင်တွေ တစတစ များလာခဲ့တဲ့နောက် အကြောက်တရားနဲ့နေထိုင်သူ ငါ့လိုလူတချို့ပဲ ပေါ့ဆိမ့်သောက်နေခဲ့တယ်။ ငါတို့ဌာနချုပ်ဘေးမှာတော့ ဘာမှမဖြစ်သလို ပုံမှန်သောက်နေတဲ့သူတွေလည်းရှိရဲ့ လမ်းမကြီးပေါ် ငရဲခွေးတွေဖြတ်သွားတိုင်း ထထပြေးနေရတဲ့ သေမင်းရဲ့နိုင်ငံတော်မှာ သေခြင်းတရားတွေက အမြဲစိုးမိုးလို့ ငါတို့ရှိခဲ့ဖူးတဲ့နှစ်တွေ ငါတို့မရှိတော့သလို သေဆုံးခြင်းမှာ ဘယ်သူမှဝမ်းမနည်းကြတော့ဘူး သူတို့ဟာ ပုံမှန်ကိုဇိမ်ခံသောက်ကြရင်း သေမင်းထံ ဒူးထောက်ထားကြတယ်။ ​ဒူးမထောက်ပေမယ့် ဆူးကြောက်တဲ့  ပေါ့ဆိမ့်သောက်သူ ငါတို့ကတော့ ​လူပျောက်ကြော်ငြာတွေကို ရှာကြရင်း ဝေးကွာသူတွေကို မျှော်ကြရင်းနဲ့ ကြယ်ကြွေ စမ်းချောင်းနံဘေးမှာ လအက္ခရာတွေကို ရေးဆွဲလို့ ထွက်ပြေးသွားတဲ့နေ့တွေကို ငေးမောလို့ သေရဲလား သေရဲတယ်နဲ့အော်ခဲ့ပြီး ပျော်ခဲ့ပြီ...

UG - 2

ကောင်လေးမြင်ချင်တဲ့  နောက်ဖေးလမ်းကြားက ပန်းချီကားတွေနဲ့ လူတွေတည်ဆောက်လိုက်တဲ့ နောက်ဖေးလမ်းကြားက အမှိုက်ထုပ်တွေနဲ့ ပန်းပွင့်တွေကိုဖုံးကွယ်သွားသည်အထိ အမှိုက်ထုပ်တွေ ကြားထဲ တနေ့မှာ သေဆုံးဒါဏ်ရာမသိရတဲ့  ပိုင်ရှင်မဲ့အလောင်းတလောင်း ဘွားခနဲပေါ်လာ ဒါဏ်ရာမသိရတာက အလောင်းမှာ  ရင်ဘတ်မပါတော့လို့ ပိုင်ရှင်မဲ့ရတာက ကောင်လေးဖြစ်နေလို့ မြို့တော်က ကောင်လေးရဲ့ ရင်ဘတ်တခုလုံးကို စားပစ်လိုက်တာ။ သရဲ

''ရွှေကိုယ်တော်''

ဘီလ်ဂိတ်လောက်မှာ မချမ်းသာလေတော့ နေရ ထိုင်ရတာ သိပ် အဆင်မပြေလှဘူး။ နတ်ကောင်းနတ်မြတ်များကိုလည်း ပသခဲ့ပါရဲ့ ယတြာတွေ အကြိမ်ကြိမ် ချေပေမယ့်လည်း အဆိုးတွေက အဆိုးအတိုင်းပဲ ဆက်ပြီး ဆိုးကြတယ် လက်နှစ်ဖက်နဲ့ ရေးတာတောင် ကဗျာတစ်ပုဒ်မှ မဖြစ် စောင့်စားရတဲ့ မျှော်လင့်ခြင်းမှာ နာရီတွေက နောက်ပြန်သွား ငါးဒေါ်လာလောက်မှ ကိုယ့်အပေါ် မစွန့်ကြဲရက်တဲ့ ကံကြမ္မာရယ် ကြက်သားဟင်းနဲ့ ထမင်းမစားရတာလည်း ကြာလှပါပေါ့။ -ပိုင်စိုးဝေ

ဘုရားသခင်အတွက်မေးခွန်း

လမ်းတိုင်းဟာ ရောမကို ရောက်နိုင်ပေမယ့် ရောမကနေ ရောက်နိုင်တာ တစ်လမ်းပဲ ရှိတယ် အဲ့ဒါဟာ ငရဲပဲ ဆီဇာဟာ ကလီယိုပက်ထရာရဲ့ရင်သားထက်မှာ စစ်ရှုံး ငါတို့အားလုံးဟာ ဘရုတပ်စ်များသာပေါ့ ရဲရဲကြီး နာမည်ပျက်ကြတာပေါ့ မာတဲ့ခေါင်းက ရိုက်ခွဲလို့အကောင်းဆုံးပဲ ညစ်ပတ်ပေရေနေမှ လျှော်ဖွပ်ရတာ မဟုတ်ဘူး အဖြူလည်း အဖြူစွန်းတာပဲ အမြဲ လျှော်ဖွပ်နေရတယ် မင်းရဲ့ဦးခေါင်းထဲ ယမ်းဘီလူးတွေ တပ်ဆင်ထားရင် မင်းရဲ့နှလုံးသားမှာ ဘယ်ချိုးငှက်မှ  သံလွင်ခက်နဲ့ ရောက်မလာဘူး မင်းရရှိမှာ ဆူးခက်သရဖူနဲ့ လှောင်ပြောင်သရော်မှု မင်းရဲ့ ရှင်ပြန်ထမြောက်ချိန်ကို  လူသားတွေက ကျောခိုင်းလို့ ငတ်မွတ်နေတဲ့ ကလေးငယ်တွေနဲ့ ခြေတဖက်ပြတ် စစ်သားတယောက်က ပြောမယ် လူတိုင်းက ယေရှုမဖြစ်နိုင်ဘူး  ဖြစ်ချင်းဖြစ် နပိုလီယံပဲ ဖြစ်မယ်တဲ့ အာဟာရပြတ် လဲကျနေတဲ့ အဘွားတယောက်က ပြောလိုက်တယ် ယေဟောဝါက နပိုလီယံကို နှစ်ယောက် မဖန်တီးခဲ့ဘူး နပိုလီယံတော့ ဖြစ်မှာ မဟုတ်ဘူး နပိုလီယံရူးပဲ ဖြစ်ရမယ် မင်းတို့ ရူးသွပ်မှုအောက်မှာ ငါ့တောင်ယာခင်းလေးနဲ့ ငါ့လင်သား ငါ့သားမြေးမြစ်များ ပါသွားခဲ့ပြီ ပျက်သုဥ်းခြင်းဟာ အဆုံးရှိတယ် အမုန်းတွေဟာ အဆုံး မရှိဘူး စစ်ပွဲတွေ ဘယ်နည်းနဲ့ ပြီးမလဲ ဘုရားသခင်သာ ...

မှည့်နေသောကျိန်စာ

ဒုက္ခက ရွေးနှုတ်ဖို့ ဒုက္ခပဲ ရင်းစားရှိ နှလုံးသားရော ဦးနှောက်ပါ လောင်မီးကျခဲ့ပြီ၊ ငတ်ရင်းသေမလား သတ်ရင်းသေမလား ရေပွက်ပမာကို အနက်မြှင့် ဖွင့်ကြ တော်လှန်ရေး ရင့်ရွှန်းဝင်းစို ချင်းချင်းနီနေတဲ့ ခေါင်းတွေ တလားထဲ ရောက်တဲ့တိုင် ညွတ်ကျမသွားဘူး၊ ဘာမဆိုလုပ်ရဲသူဟာ ဘာမဆိုဖြစ်ရဲမှာပါပဲ သံသရာမဆုံး ငရဲတဆုံး နစ်စေ ။     ။ ◾️ ဝေစည် အိုးဝေစာစောင် Oway0209 

တော်လှန်လူငယ်တယောက်ရဲ့ မှတ်တမ်း

တွေဝေချိန်တောင်မရလိုက်တဲ့ လူငယ်တယောက် နိုင်ငံသားတယောက် ရဲဘော်တယောက်။   နှစ်ထောင့်နှစ်ဆယ့်တခုနှစ် ဇန်နဝါရီလအလွန်နေ့ရက်တွေ ယုံကြည်ချက်ကိုဦး စားပေးခဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့ပဲ တော်လှန်ခရီး စထွက်ခဲ့တယ်။ အခက်အခဲ အကျပ်အတည်းတွေ အဆင်မပြေမှုတွေကိုတော့ ရဲဘော်တချို့ ၊ သူငယ်ချင်းတချို့နဲ့ ရင်ဖွင့်ရင်း စစ်အာဏာရှင်ကို စိန်ခေါ်အံတု၊ ပြည်သူလူထုနှင့်အတူ တသားတည်းတော်လှန်ခဲ့ကြတယ်။ ကိုဇင်လင်းရဲ့ "ကျောင်းသားထုတေးသံ” ကိုဖွင့် နားကြပ်နဲ့နားထောင်ရင်း မြို့ပြအမှောင်ထုကြားထဲ ထိတ်လန့်စွာ နေရာရွှေ့ခဲ့ရတယ်။ မိသားစုကိုဓားစာခံဖမ်းပြီး လူချင်းလဲမယ့် စစ်အာဏာရှင်ရှေ့မှာ ခရီးလမ်းတဝက်အရောက် အလိုမတူဘဲ ရန်သူ့အိမ်တံခါးအနောက် အလည်ရောက်ခဲ့ရတယ်။ "အစားထိုးမရတဲ့ဆုံးရှုံးမှုဟာ” ဆိုတဲ့အိမ်ထဲမှာ ငါတို့တွေကိုရင်းနှီးစေခဲ့ပြီး သီချင်းသံတွေ ကြွေးကြော်သံတွေ ငိုကြွေးသံတွေ၊ မျှော်လင့်ချက်တွေနဲ့ သီချင်းတွေဆိုခဲ့ရင်း ချုပ်ချယ်မှုတွေကို ကြွေးကြော်တွန်းလှန်ခဲ့ သတိရခြင်းတွေနဲ့ ငိုကြွေးခဲ့ အိမ်ပြင်သတင်းတွေကို နားစွင့်ရင်း မျှော်လင့်ချက်တွေနဲ့ အားတင်းခဲ့ရတယ်။ ခေတ်ကြီးက တောင်းဆိုတဲ့အတိုင်း အလည်အပတ်ခရီးကနေ စွန့်စားခန်းတွေ ပိုတိုးခဲ့တယ...

ကိုယ်

ကိုယ်သာလျှင် ကိုယ့်ပျော်ရွှင်မှုကို  ဖန်တီးနိုင်တယ်ဆိုတာ သိလာလေ ကိုယ်ဟာ သိပ်လောဘကြီးတတ်လာလေပဲ ကိုယ့်ကိုယ်ကိုယ် ပိုလှအောင်နေတယ် ပိုထက်မြက်အောင်နေတယ် ကိုယ်ကျန်းမာအောင်နေတယ် စာများများဖတ်တယ် ကိုယ်ပိုကြီးပြင်းရင့်ကျက်ဖို့ လက်တွေ့ဘဝထဲက သင်ခန်းစာယူတယ် ကိုယ်အလုပ်ကြိုးစားတယ် လိုအပ်သူအပေါ် ဝေမျှပြီး  ပျော်ရွှင်ခြင်းတွေကို ရိတ်သိမ်းတယ် ကိုယ်မတုံ့ပြန်ချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို ထွေးပွေ့တယ် ကိုယ် မားမားမတ်မတ်ရှင်သန်‌တယ်    San Zuren 🌸

ကမ္ဘာကြီးမပျက်ခင် ဂျူဗလီဟောကို ဝင်သိမ်းဖို့

ငါတို့နှစ်ယောက်စီးလာတဲ့ ကားဟာ ဘယ်တော့မှ လေအိတ်မပွင့်။ပြန်မလာတဲ့အကြောင်းတွေ ပြောရင် ပြန်လာမှ ပွင့်တဲ့ ဥယာဉ်တခုအကြောင်း ထည့်ပြော။ အမှန်တော့ Guns & Roses တီရှပ်တထည်ကို နှစ်ယောက်တူတူဝတ်ဖို့ စိတ်ကူးထားတာ။ခုတော့ ရုန်းပင်တွေ မိုးထားတဲ့ တဲလေးထဲမှာပေါ့။ဒါနဲ့ အဓွန့်ရှည်တည်တံ့ဖို့ အချိန်တွေကို ဝါးစား။ တကယ်ဆို ဘာမှမလိုပါဘူး။ဝင်မလာမယ့် စာတ‌စောင်ရယ် ပြန်မလာမယ့် ပွိုင့်ဖိနပ်တွေရယ်။ဒီတောင်ကုန်းကို သိမ်းချင်ရင် ဒီတောအုပ်ကို ချစ်တတ်ရတယ်။ တကယ်ဆို ဂျူဗလီဟောကို ကိုယ်မရောက်ဖူးဘူး။ ဒါနဲ့မြေပုံအညွှန်းအတိုင်း ကိုယ်မင်းစီရောက်ခဲ့တယ်။မဟာမိတ်တွေနဲ့အတူပေါ့။ မင်းသားဟာ ဇာတ်လမ်းအစကတည်းက စေ့စပ်ပြီးသား မင်းသမီးကို နှစ်နာရီဆယ့်ငါးမိနစ်ကျော်စာ ချစ်ပြပြီး ဂျူဗလီဟောကို သူမရောက်ခဲ့ပါဘူး။ သူလှိုင်းမော် ရုန်းပင်=အမိုးမိုးလို့ရတဲ့ အပင်တမျိုး

ဆုတောင်း ဆုယူ

 ပျော်စရာရှာရမယ့်အရွယ်လား ပျော်သလိုနေရမယ့်အချိန်လား။ တကယ်တမ်းကျတော့ စံပါယ်ပန်းနဲ့လည်း အလွမ်းမပြေ။ ပန်းကလေး အိပ်ပျော်သွားတဲ့ညမှ လမ်းကလေးဟာ ချမ်းအေးလာတော့တယ်။ ဆပ်ရိပ် -24/9/22

မျှော်

မြန်မာပြည် ငြိမ်းချမ်းပါစေ သွေးစတွေ စိုလူး အလံဦးမှာ ကိုယ့်အမည်ချိတ်လို့ ကြိုးစင်ရိပ်ဝယ် ကျတော်တို့ တိုက်ပွဲဝင်နေပါတယ်။ ပိတ်မထားရသေးတဲ့ သားကြီးတို့ရဲ့ကျောင်းစာအုပ်မှာ ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့ မေမေမျက်ရည် ဝဲရော့မယ်။ ရှစ်ဆယ့်ရှစ်ခုနှစ်ရဲ့ လက်နက်နဲ့ လွယ်အိတ်တိုက်ပွဲများ မှုန်ဝါးပြာဝေ ကမ္ဘာမကြေဘူး ဘီလူးတစ်ခေတ်၊ ဒေါင်းတစ်ခေတ်။ တစ်နေ့နေ့လေ မသေသေးရင် ပြန်လာချင်တယ် ရင်ခွင်မှာ ထွေးလို့ကြိုပါ မေမေရယ်။ မြန်မာပြည် ငြိမ်းချမ်းပါစေ သွေးစတွေစိုလူး အလံဦးမှာ ကိုယ့်အမည်ချိတ်လို့ ကြိုးစင်ရိပ်ဝယ် ကျတော်တို့ တိုက်ပွဲဝင်နေပါတယ်။  - ရွှေဘုန်းလူ(တာရာမင်းဝေ) 

ကဗျာ ကဏ္ဍ

 ငါ့ကိုယ်ထဲ မကောင်းဆိုးဝါး တစ်ကောင်  ဝင်ရောက်နေတယ်  တစ်ကိုယ်ကောင်းဆန်တတ် မုန်းတီးတတ်ပြီး မနာလိုဝန်တို စိတ်များတဲ့ မကောင်းဆိုးဝါး  စိတ်အညံ့အဖျင်းနဲ့ မကောင်းဆိုးဝါး  ငါ့ကိုယ်ထဲ ဝင်ရောက်နေတယ် ဘယ်အချိန်ကတည်းကလဲ ဘယ်အရွယ်ကတည်းကလဲ  ငါ သေချာ မသိဘူး  ရေရာတာက  မွေးရာပါ ဖြစ်ကောင်းနိုင်ရဲ့ လူတွေ အမြင်မှာ  ရင့်ကျက် ဖော်ရွေပြီး ပြုံးရယ်နေတတ်တဲ့ ငါက တကယ်တော့ လူရေ ခြုံထားတဲ့  မကောင်းဆိုးဝါး တစ်ကောင်ပဲ တယုတယ မွေးမြူ မထားပါလဲ မကောင်းဆိုးဝါးဟာ ငါ့ကိုယ်ထဲ အမြစ်တွေ တွယ် နူးညံ့ နွေးထွေးတဲ့ ကောင်မလေး  တစ်ယောက် ဖြစ်စေချင်တာ အမေ့ရဲ့ ဆန္ဒ တကယ်တမ်း ဖြစ်လာတာ  အော်ဟစ် သောင်းကျန်းတဲ့  မကောင်းဆိုးဝါး တစ်ကောင် ရိုင်းစိုင်းစွာ ရန်လိုတတ် သူ  မနာလိုခြင်းတွေ ပေါကြွယ်စွာ  ကိုင်ဆောင်ထား သူ  ဒီဗီဇဆိုးတွေဟာ ငါနဲ့ မကင်းကွာနိုင်တဲ့ အရာ မထူးဆန်းပါဘူး  ငါဟာ မိစ္ဆာရာသီနဲ့ မွေးဖွားလာတဲ့ သူပဲ လူတွေ မကြိုက်တဲ့ အရာကိုမှ  တမင်တကာ ရွေးလုပ်မယ်   တော်လှန် ပုန်ကန် နေရတာ ငါ့ဝါသနာပဲ ငါ မလိုချင်ဘဲ  ရှင်သန်လာရတဲ့ ဘဝထဲ ငါကတော့ ငါ ကြိုက်တာတွေ လုပ်...

စည်း နဲ့ စီး

သွေး မစည်းရင် သွေး ' စီး ' မှာ သွေး မစီးအောင် သွေး 'စည်း' ပါ San Zuren 🌸

ဘာမှအဆင်မပြေဘူး

Image
လေက အေးပေမယ့် လတ်ဆတ်မနေဘူး လမ်းမတွေကျယ်ပေမယ့် မလွတ်လပ်ဘူး ချစ်ခင်သယောင်ရှိပေမယ့် တစ်ဦးနဲ့တစ်ဦး သံသယတွေနဲ့ အိပ်ပျော်သယောင်ယောင်ပေမယ့် အိပ်မက်ဆိုးတွေနဲ့ တံခါးတွေပိတ်ထားပေမယ့် လုံခြုံမနေဘူး မနက်ဖြန်ဆိုတာ ရှိကောင်းရှိနိုင်ပေမယ့် မနေ့ကတွေအတိုင်းပဲ စိမ်းလန်းတဲ့ဝန်းကျင်မှာပေမယ့် အသက်ရှူမဝဘူး ဘာမှ အဆင်ပြေမနေပါဘူး ငြိမ်းမှ  မငြိမ်းချမ်းဘဲ San Zuren 🌸

UG

ငါဟာလူသားတစ်ယောက်ဖြစ်တယ် ပုံစံအတည်တကျမရှိဘူး အသံအတည်တကျမရှိဘူး နာမည်အတည်တကျမရှိဘူး ၂ ပါတ်တစ်ခါလောက် နာမည်ပြောင်းရတယ် အသံပြောင်းရတယ် ပုံစံပြောင်းရတယ် ဒါတွေမတိုင်ခင်က ငါက ဘာကောင်ကြီးလည်း ဘာတွေလုပ်နေခဲ့တာလည်း ဘယ်ကနေလာခဲ့တာလည်း ဘဝကြီးတစ်ခုလုံး factory reset ချလိုက်သလို ဘာကိုမှ သိပ်မမှတ်မိနေတော့ဘူး ဒီမြို့ကြီးမှာ တချိန်က ညနေခင်းတွေ ရှိခဲ့တယ်ဆိုတာတောင် မမှတ်မိနေတော့ဘူး  မိသားစုနဲ့လည်း အဆက်အသွယ်ရှိမနေတော့ဘူး တစ်မြို့လုံးက ငါ့မိသားစုဆိုပေမယ့် ငါ့ကိုဘယ်သူမှမသိကြဘူး ငါကလည်း ဘယ်သူ့ကိုမှ မသိဘူး တမြို့လုံးကို သိပ်ချစ်လို့ အသက်ကိုပေးထားပေမယ့် တမြို့လုံးကို ငါယုံလို့မရဘူး ဘယ်သူ့ကိုမှ မယုံကြည်တာ ငါ့အလုပ်ပဲ ခင်များတို့ကို သိပ်ချစ်တဲ့အကြောင်းလည်း ပြောခွင့်မရှိဘူး ခရီးအရှည်ကြီးထွက်လာခဲ့ပေမယ့် အဝတ်ထုတ် သယ်လာခွင့်မရှိခဲ့ဘူး ကိုယ်ပိုင်ဖိနပ်မရှိဘူး ကိုယ်ပိုင်အင်္ကျီမရှိဘူး လူတွေ နာမည်တွေ အရုပ်တွေကို တမင်တကာ မမှတ်မိအောင် နေထိုင်ရတယ် ငါ့အရိပ်ဟာ ငါ့ချစ်သူပဲ  ညတိုင်းနီးပါး ထမင်းစားပွဲ ကိုပဲ ခဏခဏ အိပ်မက်မက်တယ် ဒီလိုအချိန်မျိုးမှာ အဲ့ဒါ အိပ်မက်ဆိုးပဲ ငါဝတ်ထားတာတွေက မြို့တော်ကပေးထားတဲ့ အကာအကွယ်ပဲ ငါ့အသက်ကိ...

ကဗျာ ကဏ္ဍ

ငါက အမေ့မျက်ရည်၊  အဖေ့ မသောက်ဖြစ်တဲ့ ဝီစကီခွက်ထဲ ပြုတ်ကျသွားတဲ့ယင်ကောင်၊ မပျော်ရွှင်ရတဲ့ နွေနှောင်းညနေဖာလူဒါ၊  ညှိုးခြောက်သွားတဲ့ ဘုရားစင်က စံပယ်တစ်ပွင့်၊  (ဟိုလ်ဒင်ကောဖီးရေ ငါတို့အိမ်ပြန်ကြရအောင်) ငါက လေတိုက်တိုင်း လဲ,လဲကျသွားတဲ့ အလံတိုင်၊ မခေါ်ဖြစ်တဲ့ ဖုန်းနံပတ်တစ်ခုကို ကြည့်မိတိုင်း မျက်ရည်ခဏခဏကျရ။ မစားဖြစ်ခဲ့တဲ့ သရက်သီးတွေအကြောင်း  အမေ့ကိုပြောပြချင်သေးတယ်။ PlugX မအောင်မြင်သေးတဲ့  အိမ်ပြန်ခြင်းကိစ္စအတွက်  ဆယ်လ်မွန်ငါးတို့အပြန်_

"ငါတို့တိုက်ပွဲ သံဓိဌာန်"

တိုက်ပွဲမပြီး ငါမငြီးဘူး ခရီးကပန်း ငါမမောဘူး အလွမ်းအဆွေး ငါမတွေးဘူး ရိက္ခာပြတ်လဲ ငါမမှု့ဘူး လမ်းခရီးတွေ  ကြမ်းထန်ခက်လည်း စိတ်ပျက်လက်အား ‌  ငါ လျှော့မသွားဘူး သွေးစိမ်းတောက်တောက် ခြေဖဝါးအောက် ကျပါစေ  ငါ ဂရုမစိုက်ဘူး ဆက်လျှောက်နေမယ့်  ငါတို့ရဲ့ လမ်း စိတ်အား သံမဏိ  လူ သံမဏိ လို ငါထားပြီးမှ လိုရာပန်းတိုင် နောက်မဆုတ်ပဲ အရောက်လှမ်းကြမယ်ဟေ့ ဒါ  ငါတို့တိုက်ပွဲ သံဓိဌာန်✊ San Zuren 🌸

ငြိမ်းချမ်းရေး

ကချင်က   ဝါးခုတ် ကရင်က  နှီးဖြာ ကယားက  တိုင်ထူ ချင်းက  ကြမ်းခင်း မွန်က  နှီးချည် ဗမာက  ထရံရက် ရခိုင်က  သက်ငယ်ပျစ် ရှမ်းက  ခြံစည်းရိုးကာလို့.... မိုးပြာပြာအောက် ရိုးရာအိမ်ကလေး  ဆောက်ကြရအောင်.... San Zuren 🌸

ဘာမှအဆင်မပြေဘူး

လေက အေးပေမယ့် လတ်ဆတ်မနေဘူး လမ်းမတွေကျယ်ပေမယ့် မလွတ်လပ်ဘူး ချစ်ခင်သယောင်ရှိပေမယ့် တစ်ဦးနဲ့တစ်ဦး သံသယတွေနဲ့ အိပ်ပျော်သယောင်ယောင်ပေမယ့် အိပ်မက်ဆိုးတွေနဲ့ တံခါးတွေပိတ်ထားပေမယ့် လုံခြုံမနေဘူး မနက်ဖြန်ဆိုတာ ရှိကောင်းရှိနိုင်ပေမယ့် မနေ့ကတွေအတိုင်းပဲ စိမ်းလန်းတဲ့ဝန်းကျင်မှာပေမယ့် အသက်ရှူမဝဘူး ဘာမှ အဆင်ပြေမနေပါဘူး ငြိမ်းမှ  မငြိမ်းချမ်းဘဲ San Zuren 🌸

ကဗျာ ကဏ္ဍ

 ဂျာမနီမှာ ဟစ်တလာမရှိတော့ဘူး အီတလီမှာ မူဆိုလိုနီမရှိတော့ဘူး အီရွတ်မှာ ဆပ်ဒန်ဂူစိန်မရှိတော့ဘူး လစ်ဖျားမှာ ကဒါဖီမရှိတော့ဘူး လွမ်းစရာကောင်းလိုက်တာ... လွမ်းစရာကောင်းလိုက်တာအချစ်ရယ်. နောက်ဆိုရင် ကမ္ဘာပေါ်မှာ အာဏာရှင်ဆိုတာ. ဒိုင်နိုဆောတွေ မျိုးသုဉ်းပျောက်ကွယ်သွားသလို မျိုးသုဉ်းပျောက်ကွယ်သွားမှာပါ  အချစ်ရယ်...။    အောင်ဘညို..

ကဗျာ ကဏ္ဍ

Image
 ဘာတစ်ခုမှ အဆင်မပြေတာကိုရော ကံဆိုးမှုအကြိမ်ကြိမ် ကျရောက်ရတာကိုရော၊ ရောဂါပိုမွှားတွေ ထူထပ်သိပ်သည်းနေခဲ့တာကိုရော၊ တစ်စိမ့်စိမ့် တစ်မြေ့မြေ့ နာကျင်ပြီး ဆာလောင်နေရတာကိုရော၊ ကိုယ်ကချစ်လိုက်ပြီး ပြန်အချစ်ခံခွင့်ရတာကိုရော၊ အမုန်းခံလိုက်ရတာကိုရော၊ အစစစုပေါင်းဖြစ်တည် ပျက်ယွင်းနေတဲ့ ဒီ ဘဝတိုတိုဆိုတာလေးကို အထူးလှိုက်လှဲစွာ ကျေနပ်လှပါတယ်… -မောင်ချောနွယ်

မြစ်ထဲပြုတ်ကျသွားတဲ့ ကဗျာ

ဘာတွေများ တွေးနေခဲ့လဲ  လူကောင်းတွေ ငတ်ပြီး လူဆိုးတွေ စားရတဲ့ လောကကြီးဆိုပြီးလား...  သွေးနဲ့ထိုးထားတဲ့ ကျောက်စာ‌ချပ်ကို ဓါတ်ပုံရိုက်တာထက် ပိုအလေးမထားတဲ့ခေတ်ဆိုပြီးလား  ဓမ္မက ဓါးမလောက် အရာမရောက်ဘူးဆိုပြီးလား  လေနဲ့တိုက်ပြီး လူတွေသေနေတဲ့ စစ်ပွဲကြီးဆိုပြီးလား  ဒါမှမဟုတ်  ငါတော့ တော်ပြီကွာလို့ပဲ တိုတိုလေးတွေးခဲ့သလား  ရှာလို့မရဖြစ်နေဆဲ မျှော်လင့်ချက် အလင်းမှုန်တစ်စ  မပြတတ်ခဲ့တော့  ကျခဲ့ပြီပေါ့လေ ဒီမြစ်ရေပြင်အောက်  ထမ်းထားတဲ့ စိတ်နဲ့ ကိုယ်ကို ပစ်ချလိုက်တော့  ပေါ့သွားခဲ့လား  ရှင်ရစ်သူတွေကတော့ လေးလံနေဆဲသာ  Tommy

ကဗျာ ကဏ္ဍ

Image
  လောကဓံဆိုတာလည်း အရက်တွေမူးရင်း လမ်းမီးတိုင်တွေအောက်  တစ်ယောက်တည်း လျှောက်လာရင်း တစ်စုံတစ်ဦးကို သတိရမိနေရင်း ဒါဟာအဓိပ္ပါယ်မရှိဘူးလို့ တွေးမိကာမှ ကိုယ်ဟာ လောကဓံထဲ ခေါက်တွန့်ခေါက်ပြန်  လူးလွန့်နေတာကို သတိရမိတာ ခြံတံခါးကို သော့ဖွင့်ဖို့စမ်းမိတယ် ကိုယ့်ဘဝကိုယ် စမ်းဖို့တော့ မအားခဲ့ဘူး။ ကိုယ်ကို အရမ်းချစ်တဲ့လူတစ်ယောက်နဲ့ ကိုယ်က အရမ်းချစ်ခဲ့ရတဲ့လူတစ်ယောက် အဲဒီလူ နှစ်ယောက်လုံးကို  ခင်ဗျားဆုံးရူံးဖူးရင် အချစ်ရေးနဲ့ပတ်သတ်ပြီး ခင်ဗျားဟာအတော်ရင့်ကျက်လာမယ်။ ကိုယ်တွေရဲ့ နေထိုင်မှုက ငါးတွေလိုပဲ အသံမထွက်တတ်တော့ ဘယ်တော့မှ အသနားမခံရဘူး ရပါတယ်။ မငိုတော့ရုံနဲ့ ရယ်စရာဖြစ်စတမ်းလား နာကျင်မှုစစ်ရင် အချိန်တိုက်စားခံနိုင်ရမယ် သတိရတိုင်း နာကျင်နေအောင်။ နာကျင်နေရမယ်။ အားလုံးကို ခွင့်လွှတ်တယ်။ -ဘုန်းပြည့်စုံမင်း

ကဗျာကဏ္ဍ

 ငါ့ကို ယုံ ဘေဘီ စံပယ်တွေ ပွင့်လာအုံးမှာ  ဒီနေ့ သို့မဟုတ် မနက်ဖြန်မှာပေါ့  ​ ငါက ကြွေဖူးတယ် ငှက်ဆိတ် ခူး​ဖျက် နှင်းခါး အားလုံးကြုံဖူးတယ်  ငါ့ကို မပူနဲ့  မင်းက သစ်ရွက်နုလေး မင်း မြင်ရမှာတွေ အများကြီးရှိနေသေး  အလွယ်တကူ ပြုတ်မကျစေနဲ့ ဘေဘီရေ.... ။  မြကျေး

"အာဇာနည်ကျောင်းသားများဘွဲ့"

 ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်) ၈လေးလုံး အရေးတော်ပုံ၌ ရေးသားခဲ့သော  "အာဇာနည်ကျောင်းသားများဘွဲ့"  မဟာကဗျာလေးချိုးကြီး """""""""""""""""""""""""""""""""" မိုးတဆုံး မြေတဆုံး တအုံးအုံး တကြွက်ကြွက်သာပ တန်ခိုးဘုန်း နေတနှုန်း အဟုန်းဟုန်း အလက်လက်ဟာမို့ တမျိုးလုံး သရေမရှုံး သွေးသုံးပြီး ဆက်လိုက်ပြီကော။ သြော် ရှေးထုံးမပျက်ယုံမက  ယူဇနာ့ယူဇနာ စံချိန်လွန် ညွတ်မပြောင်းဘူးဟေ့ ခွပ်ဒေါင်းတဲ့နော် မာန်ပီပီနဲ့ ညံစီစီ ကမ္ဘာဟိန်းတဲ့အောင် အသိန်းမက အသန်းမက လှမ်းကြတဲ့ ခြေသံတွေနဲ့ မယိမ်းသပ မနွမ်းသပ ရမ်းကြလဲ  အသေခံမတဲ့ အမယ်မင်း ဖမ်းလဲဖမ်းကြ၊ ကြမ်းလဲကြမ်းကြတော့ စွန်းလဲစွန်းခဲ့ရသည် မြေယံဗွေ သွေးကျံကျံ စေးထန်ထန်နီနီရဲခဲ့ပေါ့ အသဲသံမဏိနဲ့ တပည့်တွေရေ... ဇွဲမာန်အပြည့်နဲ့ မင်းတို့လေ အသေရဲပေမယ့် သင်းရို့တွေ တစ္ဆေသရဲဟာမို့ ရင်ထဲက ဆရာနာလှချည့်။ (သြော်) ဘဂဝါလောင်းမြတ်အဆူဆူ သတ္တဝါကောင်းဇာတ်တွက် အသက်ကိုလှူ အထက်ကမူ...

ကိုက်လမ်း

ငါဟာ ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ။ နေ့စဉ်နေ့စဉ် ငါ့၀ပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း သစ်ပင်မြက်ပင်ငယ်လေးတွေကိုကိုက်ကိုက်ပြီး ငါထွက်လာခဲ့မြဲ။ ခု... လူနဲ့ ခွေးများ တောခြောက်ကြ အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ ပိုက်ထဲ ငါ့သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့။ မောင်ချောနွယ်

ခေတ်

Image
(၁) ခေတ်ဟာခေတ်နဲ့စလို့ ခေတ်နဲ့ဆက်တယ်။ ခေတ်တွေဟာဆာလောင်ခြင်းနဲ့ဆက်လို့ သွေးပေါတယ် နောက်ကျည်ဆံလဲပေါတယ်။ သူ့ကျွန်တွေ ကိုယ့်ကျွန်တွေကြောင့် သမိုင်းဟာလဲပန်းအိုးအလွတ်လေးပိုက်ကာ ခေတ်အဖြစ်အသက်ဝင်အောင် ငိုနေတယ်။ ‌ကျောင်းသားတွေကလဲ သမိုင်းကိုယ်ပေါ်မှာ လှုပ်တိုင်းမြည်အောင် အလံနီချူလေးဆွဲပေးကာ သေတဲ့လူကလဲသေပေါ့ ရှင်တဲ့လူကလဲကျိုးပေါ့။ (၂) ဟိုတစ်လောကပဲ ငါရှင်သန်လာတာပါ ခေတ်အကြောင်းတစ်စေ့စောင်းပြောရင် ငါဟာလွန်လိမ့်မယ် လွန်စေတော့။ ငါဟာလဲအဲ့‌ခေတ်ရဲ့ကော်ပီခေတ်ထဲမှာ ရှင်သန်ခဲ့ဖူးပြီ ‌အနည်းစုကြောင့် အများစုသေတဲ့ခေတ်ပေါ့ ပြောင်းဝတွေဟာ နေသာတဲ့ဖတ်ကိုမှလှည့်တာ ဘာတဲ့လဲမြန်မာပြည် ဒီဆင်ဟာနှ‌မောင်းလဲပါပါတယ် အစွယ်တောင် ၁ပေလောက်ပါသေး ဒါတောင်ကျားကြီးပါဆိုတဲ့ ဟန်ကန်းမျိုးနွယ်စုဟာလဲ အရိုးထုတ်ကြီးနဲ့ စောင့်ကြွားကြွားလုပ်သေးတယ်။ (၃) သွေးအလူးလူးနဲ့ သေခါနီးလူက “ငါတို့နိုင်မှာကွ”လို့ပြောသွားတယ်။ ကျည်ထိလို့ ကျောင်းရှေ့မှာခွေကျနေတဲ့ အနာဂတ်မျိုးဆက်ကလဲ ပြေးလွှားသံတွေကြားမှာကျဆုံးသွားပြီ။ “သားရေမသွားပါနဲ့”ဒါဟာမိခင်တစ်ယောက်ရဲ့ စိုးရိမ်မှု‌...ဒီစိုးရိမ်မှုကတကယ်ဖြစ်လာခဲ့တယ်။ ညဦးယံအထိ ကြယ်တွေကိုရေတွက်ရင်းအမေစောင့်နေခဲ့တယ်။ အဲ့ကြယ်တွေက...

"စိတ်အန်ဖတ်"

"ကျား"မီးခြစ်ကို တအားကြီး ဖိခြစ်ပစ်လိုက်တယ် လက်ဖက်ရည်ခွက်ထဲက ကမ္ဘာကြီးကို ငါသိပ်စိတ်မတွေ့ဘူး။ သတိထားကြ ထမင်းပန်ကန်ထဲက အမှန်တရား ငါစားပစ်လိုက်ပြီ။ တစ်ခြမ်းက မှည့်ရွမ်းအရသာရှိပြီး တစ်ခြမ်းက စိမ်းနေသေးတဲ့ ကမ္ဘာကြီးဟာ ငါပုံကြမ်းလောင်းထားတဲ့ ပန်းပုရုပ်ကလေးပေါ့။ ဝိညာဥ်တွေကို ဖိနပ်လုပ်ပြီး စီးပစ်မယ် လူတွေမျက်နှာပေါ်က ကမ္ဘာကြီးကိုငါမယုံဘူး။ အငမ်းမရ သောက်ခြင်းမျိုးနဲ့ လမင်းကို ငါသောက်ပစ်လိုက်ပြီ တေးဂီတအားလုံးကို ငါသောက်ပစ်လိုက်ပြီ မုန်တိုင်းတွေကို ငါသောက်ပစ်လိုက်ပြီ ကမ္ဘာကြီးကိုလည်း ငါသောက်ပစ်လိုက်ပြီ လေထဲမှာ ကဗျာဆန်ဆန် ဝဲနေတဲ့ ဗာဒံရွက်တွေကိုလည်း ငါသောက်ပစ်လိုက်ပြီပေါ့။ ဟောဟိုက ခုံဖိနပ် တခွပ်ခွပ်နဲ့ လမ်းလျှောက်လာတာ ငါ့အာရုံပေါ့။ တွေ့လား အပင်ပေါ်မှာ ညွတ်အောင်သီးနေတဲ့ ဝင်းဖန့်ဖန့် လိမ္မော်သီးတွေကလည်း ငါ့အာရုံပေါ့။ ဟိုကတ္တီပါ မြက်ခင်းလေးရယ် ဟိုကောင်မလေးဆိုးထားတဲ့နှုတ်ခမ်းနီရယ် ငါ့အာရုံတွေပေါ့။ ငါ ငါ့လက်ထဲမှာ ငါ့ဘဝလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ငါ... ဦးနောက်က ထွက်ခဲ့ပြီ နှလုံးသားအိမ်က ထွက်ခဲ့ပြီ အာရုံကဖီးက ထွက်ခဲ့ပြီ အချစ်ရေ... နှလုံးသားကိုလေ ထဘီအဆင်လှလှလေးရက်ပေးမယ် လောကဓံတရားတွေကိုတော...

'' မျှော်လင့်ခြင်း ''

တကယ်တော့ ကျွန်တော်တို့တွေဟာ နေကြာပန်းလေးတွေလိုပါပဲ သူတို့တွေဟာ နေရောင်ရှိရာ အရပ်မှာ မျက်နှာမူပြီး ပွင့်လန်းကြသလို ကျွန်တော်တို့ကလည်း ရောင်နီလာမဲ့နေ့တွေကို ယုံကြည်ချက် မျှော်လင့်ချက်ကိုယ်စီနဲ့   စောင့်မျှော်ကြရင်းနဲ့ပေါ့    Juno

ကျောင်းသားကဗျာ

စာသင်ခန်းထဲမှာ ကဗျာတစ်ပုဒ်စပ်ဖူးတယ် စာသင်ခန်းထဲမှာ ဗားတော့ဘရက်ဖတ်ဖူးတယ် စာသင်ခန်းထဲမှာ ဆေးလိပ်ခိုးသောက်ဖူးတယ် စာသင်ခန်းထဲမှာ ဆရာဆူတာခံရဖူးတယ်။ စာသင်ခန်းထဲ စာမေးပွဲဖြေရမှာကို ကြောက် စာအမေးခံရမှာကို ကြောက် ပျင်းစရာကောင်းတဲ့ ပြဌာန်းစာအုပ်ကြီးတွေကို ကြောက်ရင်း ကျောင်းအတန်တန်ပြေးဖူးတဲ့ လူ‌တစ်ယောက် ခုတော့ . . . စာသင်ခန်းထဲ ပြန်ရောက်ချင်တယ် စာမေးပွဲတွေ ပြန်ဖြေချင်တယ် စာသင်ခန်း . . . ငါ လွမ်းတယ်ကွယ်။ တောထဲတောင်ထဲမှာ စာမေးပွဲမရှိ စာသင်ခန်းမရှိ ပြဌာန်းစာအုပ်မရှိ လက်နက်ကိုင်နည်းလမ်းနဲ့ ကြမ်းတမ်းတဲ့ ငှက်ဖျားရောဂါပိုးတွေရှိတယ် လူမျိုးစုတော်လှန်ရေးသမားတွေ ရှိတယ် သူတိုနဲ့ အတူလက်တွဲလို စစ်အာဏာရှင်တွေကို ရင်ဆိုင်မယ် ဗမာပြည်ကို ကယ်တင်မယ် အမိမြေကို ပြန်အရယူမယ် ဒီမိုကရေစီရဲ့ ရွှေရောင်ဝင်းပတဲ့ လမ်းမ ငါတိုသွေးစက်များက လမ်းပြရှေ့ဆောင် ပန်းပွင့်များအားလုံးအတွက် အောင်ပွဲ ငါတိုသွေးနဲ့ လဲရမယ်။ မဝေးလှတဲ့ အနာဂတ်ရဲ့ စာသင်ခန်းထဲ ငါမရှိလည်း ငါရှိနေသလို မင်းမရှိလည်း မင်းရှိနေသလို သူမရှိလည်း သူရှိနေသလို ။ သူငယ်ချင်းတို့ရယ် စွယ်တော်ရွက်တွေဝေတိုင်း ငါတို့ကို သတိရပါ ကံ့ကော်ပွင့်တွေပွင့်တိုင်း ငါတို့ကို သတိရပါ "ကျောင်...

ထီးကလေး

ကျွန်တော့်ကောင်းကင်သည် မို့ပြာအုံ့မှိုင်းလျက်ရှိ၏ ကျွန်တော့်တောင်ကုန်းမှာ ခတ္တာရနံ့တို့ ထစ်ခြုန်းပြီ ။ ကျွန်တော် မိုးရွာတော့မည်လောဟု ငြိမ်သက်တွေးတောရင်း တစ်ခါတုန်းက ထီးကလေးကို သတိရမိနေတော့၏ ။  ။ -တာရာမင်းဝေ

ကမ်းတက်

သေချာတာက မေခလာမကယ်ဘူး။ ကိုယ့်ဘာသာကူး မကူးရင်မြုပ် မမြုပ်ရင်မျော အမြုပ်အမျောမခံ မနက်ဖြန်အရုဏ် ကမ်းပေါ်ဆုံစို့ ယုံကြည်မှုကဒို့အသက်။ ယုံကြည်ချက်မသေပါ မေခလာမကယ်ပဲကမ်းတက်မယ်။ မောင်စိန်ဝင်း(ပုတီးကုန်း)

တောတွင်းတစ်နေရာမှ ညီမငယ်သို့ ပေးစာ

Image
သို့/   ချစ်ရတဲ့ညီမငယ် "နွေဦးတော်လှန်ရေးကြီး ၂ နှစ် ပြည့်တော့မယ်။ အမြန်အဆုံးသတ်ချင်လှပြီ" ညီမငယ် ရေရွတ်တဲ့ စကားသံ ကိုကြီး ကြားယောင်နေမိတယ်။ ကိုကြီးတို့အိမ်အပြန်လမ်း မှန်းမျှော်တွေးလို့ အားတင်းထားဆဲပါတဲ့။ အိမ်ပြန်ရောက်မယ့်အချိန် မြင်နေရပြီလား ကိုကြီးတဲ့... 'ညီမလေး အမေး 'ကိုကြီး တောတွင်းတစ်နေရာမှ ရင်မှာဆို့နင့်စွာဖြင့် ရေးဖွဲ့ကာ  ရေးပို့လိုက်ပါတယ်...... ညီမငယ်ရေ.. ကျန်းမာအောင်နေပါနော်၊ အခုရာသီအကူးပြောင်းကာလမှာ ရဲဘော်တွေ တုပ်ကွေး မိကြတယ်လေ။ အခုချိန်မှာ အိမ်ကို ပိုသတိရမိတာပေါ့။ ချစ်ညီမငယ်ကို ပြောချင်တာက ကိုကြီးတို့ ပြည်သူတွေဟာ နွေဦးတော်လှန်ရေးဆိုတဲ့ သစ်ပင်ကြီးကို အတူစိုက်ပျိုးခဲ့တာ၊ ဒီတော်လှန်ရေးသစ်ပင်ကြီးကို ထာဝရရှင်သန်စေဖို့ရာ ကျရာ၊ နိုင်ရာတာဝန်ထမ်းလို့ ရုန်းကန်ခဲ့ကြတာ အခုဆို အသီးအပွင့်တွေ ဝေဆာနေတာ မြင်နေရပြီလေ။ ဒီအချိန်မှာ တုတ်(ဒုတ်)စာ၊ ခဲစာ အမိဆုံး၊အခံရဆုံးအခါပဲဆိုတာ။  ညီမလေး.... တကယ်တော့ ကံဆိုတာ အလုပ်ပဲ၊ ပြည်သူတစ်ရပ်လုံး အမှန်တရားကိုရရှိဖို့ အခု အာဏာရှင်စနစ်ကို တော်လှန်နေကြတာ။ ဆိုလိုချင်တာက တော်လှန်ရေးလုပ်ကြတယ်ဆိုတာ သစ်ပင်စိုက်သလိုပါပဲ။ ကံဆိုတာကလည်း ထိုနည်းတူပါပဲ။ မက...

ကဗျာ ကဏ္ဍ

Image
  ဘာတစ်ခုမှ အဆင်မပြေတာကိုရော ကံဆိုးမှုအကြိမ်ကြိမ် ကျရောက်ရတာကိုရော၊ ရောဂါပိုမွှားတွေ ထူထပ်သိပ်သည်းနေခဲ့တာကိုရော၊ တစ်စိမ့်စိမ့် တစ်မြေ့မြေ့ နာကျင်ပြီး ဆာလောင်နေရတာကိုရော၊ ကိုယ်ကချစ်လိုက်ပြီး ပြန်အချစ်ခံခွင့်ရတာကိုရော၊ အမုန်းခံလိုက်ရတာကိုရော၊ အစစစုပေါင်းဖြစ်တည် ပျက်ယွင်းနေတဲ့ ဒီ ဘဝတိုတိုဆိုတာလေးကို အထူးလှိုက်လှဲစွာ ကျေနပ်လှပါတယ်… -မောင်ချောနွယ်

စည်းရှိကမ်းရှိ ဝိရောဓိများ

Image
တောက်ပတဲ့ ညနက်သန်းခေါင် ကွင်းပြင်အကျယ်ကြီးထဲ ရှင်သန်ကျန်ရစ်ချင်တဲ့ လူသေကောင်တွေ အချင်းချင်းစီးချင်းထိုးရန် နှလုံးသားတွေ ကျောချင်းကပ်  စိတ်ချင်း မျက်နှာဆိုင်ထားကြလို့ အမှောင်ဘက်ခြမ်းက ဆွံ့ အ တဲ့ ဒိုင်အချို့က​သတိပေးတယ် စည်းကမ်းလိုက်နာကြဖို့ မျှတစွာတိုက်ကြဖို့  ဟိုး ကွင်းအပြင်မှာတော့ နားမကြားသူတစ်သိုက် တိုက်ပွဲသတင်း နားစွင့်ရင်း အချင်းချင်းတီးတိုးပြောနေကြရဲ့ နိုင်တဲ့သူတွေ ငိုပွဲဆင်ပြီး ရှုံးတဲ့သူတွေ သေပွဲဝင်မဲ့အကြောင်း ငြိမ်းချမ်းရေးလိုလားတဲ့ မျက်မမြင်ပရိသတ်အများအပြား ကွင်းထဲမှာ နေရာကိုယ်စီ အမှန်အကန်ရော အကြံအဖန်ရော အပြန်အလှန်ဆို ဘာဆိုဘာမှ မဆို ကိုယ့်သဘော သူဆောင်နေကြသလို သူ့သဘော ကိုယ်ဆောင်နေကြသလို မြင်နေရတယ် ကြားနေရတယ်  ပြီးတော့ ကြည့်နေကြတယ်  ကြောင်နေကြတယ် ကြည့်နေရင်း  ကြောင်နေရင်း ​ပြီးသွားပြီ ရပ်သွားပြီ အကျန်တချို့ကတော့ မပြီး မပြတ် မရပ် ပြတ်သူက ပြတ် မတ်သူ ပြတ် ရပ်သူ ပြတ် သွေးညွန့် တလူလူ မီးခိုးချောင်း တလွင်လွင် အနီရောင် အမဲရောင် အရောင် တလွင့်လွင့် သေသူက သေ ရှင်သူက သေ အပေ အတေ စီးချင်းထိုးပွဲ အသေ အကြေ စီးချင်းထိုးပွဲ ခွေးဖြစ် နွားဖြစ် စီးချင်းထိုးပွဲ  ပြီးတော့ ...

သူပုန်တေး

Image
လွမ်းတတ်ရင်လည်း  လမ်းမှာပဲ လွမ်းတော့မယ်* လဖက်ရည်ဆိုင်နဲ့မိုင်ငါးရာ စာအုပ်စဥ်နဲ့စိတ္တညများစွာ အနာကို တိတ်တိတ်လေး နားထောင်နေပါတယ် ပေတရာပေါ်က သွေးတွေမခြောက်ခင် တောင်ပေါ်ရွာလေးတွေ လည်လှီးခံရတယ် ကမ္ဘာက ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ အညာက စစ်ဘေးရှောင်စခန်းကလေးတွေ မိုးဒဏ် မီးဒဏ်ခံနေရတယ် လူကြီးတွေစကားပြောဖို့ လူငယ်တွေသေပေးနေရတာကို စစ်ပွဲလို့ခေါ်တယ်ဆို ရေပေါ်ဆီကလေးတွေ အောင်ပွဲခံဖို့ အခြေခံလူတန်းစားတွေသေပေးနေရတာကို တော်လှန်ရေးလို့ ခေါ်ပါတယ် ဓာတ်ဆီတဗူး လေးထောင် မီးခြစ်တလုံးငါးရာ မနက်စာက မလွယ်တော့ဘူး  ညစာရောဆို ခက်ပါတယ် ပြည်သူတွေ အဆီအစိမ့်မစားပဲ  သွေးတိုးနေရတယ် တယောက်ကိုတယောက် နမ်းဖို့လည်း မလွယ်ကူ လွမ်းဖို့လည်း မလွယ်ကူ လွယ်ကူတာဆိုလို့ စစ်ငရဲခံနေရတဲ့ ပြည်သူတွေရဲ့အသက်ပဲရှိတယ် တို့ရဲဘော်တွေ ညီရဲ့လားဟေ့ ညီတယ်ဟေ့ တို့ရဲဘော်သွေး နီရဲ့လားဟေ့ နီတယ်ဟေ့  တို့ရဲဘော်တွေ တိုက်ရဲလားဟေ့ တိုက်ရဲတယ်ဟေ့  တို့ရဲဘော်တွေ သေရဲလားဟေ့ မသေရဲဘူးအကို  ကျွန်တော်တို့ကသတ်မှာ စစ်မိစ္ဆာခေါင်းကို ဖြတ်မှာ ကျွန်တော်တို့ သေနတ်ပြောင်းကို စစ်ဘီလူးသွေးနဲ့ဆေးမှာ သူတို့ အရေကိုဆုတ်ပြီး သူတို့အရိုးကို ပုလွေမှုတ်မှာ...

လူငယ်ဆိုတာ သေနတ်လိုတယ်

လူငယ်တွေက သေနတ်လိုတယ် ​မဝေရေ သေနတ်မရှိရင် ငြိမ်းချမ်းရေး မဖြစ်ဘူးကွဲ့ လူငယ်ဆိုတာ သေနတ်လိုတယ်။ သေနတ်တွေဟာ တောင်တန်းတွေမှာ အမြဲရှိ့မယ် ​မဝေရေ ငါတို့တောင်တန်းတွေပေါ် ချီတက်ကြမယ် လူငယ်ဆိုတာ သေနတ်လိုတယ်။ နာသုံးနာနဲ့လစာကို သမိုင်းပေးအရ စွန့်လွှတ်ကာ ပီတိနဲ့ အသက်မွေးပြီး ကျောင်းဆရာအဖြစ် သေလိုတဲ့ လူငယ်မှာလည်း သေနတ်လိုခဲ့တယ် ကျည်ဆန်တွေနဲ့ ဦးခေါင်း ဘယ်အရာ မာကျောကြောင်း သက်သေပြချင်ခဲ့ ငါ့ရဲဘော်လည်း  သေနတ်လိုချင်ခဲ့ရောပေါ့ လူငယ်တိုင်း လူငယ်တိုင်း စစ်ပွဲသတင်းရာသီကို စောင့်မျှော်ရင်း ငြိမ်းချမ်းရေးအတွက် ယုံကြည်ရင်း  သေနတ်ပြောင်းကိုပဲ တိုက်နေကြလေရဲ့။ ဒါပေမဲ့ မဝေရယ် ဘယ်သူမှ တိုက်ပွဲတွေမှာ  ရဲဘော်တွေကျတာ ကျည်ဆန်မလောက်တာ ဘယ်သူမှ မတွေးမိ့ခဲ့ကြဘူး။ ဒါဟာ ငါတို့လူငယ်တွေနဲ့ သူတို့စွန်လွှတ်ခဲ့ကြရတဲ့ အသက်တွေများ အကြောင်းပေါ့။ ဟော့ဒီဆောင်းက လူတစ်ယောက်အတွက်တော့ သေမင်းကအကောင်းကြိုက်တဲ့ အကြောင်းကိုသာသွားပြီး သတိရစေခဲ့တယ်။ သူ့အိမ်မက်ဖြစ်တဲ့ ငြိမ်ချမ်းတဲ့နိုင်ငံတော်အတွက် သူ့ပေးဆပ်နိုင်ခဲ့တဲ့ သူ့အသက်ဟာ အကောင်းဆုံးအရာလို့တွေမိ့ခဲ့ရင်ပေါ့။ တော်လှန်ရေးကို သေနတ်ကိုင်တိုက်မယ်ဆိုတဲ့ လူငယ်တစ်ယောက်ဖို့မှာလည်း နှ...

တနေ့ ကျနော်သေချာပေါက် အိမ်ပြန်လာခဲ့မယ် အမေ

Image
  ပဲခူးရိုးမကြီးကလည်း ကျနော့်အိမ် ဝါးပင်တွေ စိမ်းစိုနေသလောက် ကျနော့ စိတ်တွေ သွေ့ခြောက်လွန်းတယ် အမေ  တောင်တန်းကြီးတွေရဲ့ တည်ကြည်ရဲရင့်မှုမျိုးကို အတုခိုးနေတဲ့ကျနော်က  ည ညဆို အမေ့အိမ်ကို ကြိတ်လွမ်းပြီး စိတ်ပျော့နေတတ်တယ်  မြို့ပေါ်က သားရိုင်းတွေ သွေးဆာသလောက် တောကောင်ရိုင်းတွေက ကျနော်တို့ကို  ဓမ္မသီချင်းနဲ့ အမြဲ သွေးစည်းစေခဲ့တယ် အဲ့ဒီပဲခူးရိုးမကြီးကလည်း ကျနော့်အိမ်ပေါ့ ။ ဒေါနတောင်တန်းကြီးကလည်း ကျနော့်အိမ် ပေလေးရာကျော်အမြင့်က  ဒီမိုကရေစီ အစွန်းထွက်ပဲရှိတယ်  တနေ့ ၂ ခေါက် အဆင်းအတက်နှုန်းဆိုရင် ပန်းတိုင် အမြန်ရောက်ကောင်းပါရဲ့  ပခုံးပေါ်မှာ ဖက်ဒရယ်ကို ထမ်းလို့  ရေမြေရှုခင်းတွေ ပန်းချီဆန်လွန်းတယ် ပတ်လည်ဝိုင်းနေတဲ့ ဆည်ရေပူမှာ အဆိပ်တွေနဲ့  အဲ့ဒီဒေါနတောင်တန်းကြီးကလည်း ကျနော့်အိမ်ပေါ့ ။ ' မ ' တစ်ရာသားတွေစုနေတဲ့ စခန်းကုန်းကလည်း ကျနော့်အိမ် မနက် နေ့ ည ပင်ပန်းမှုတွေကို ကျနော့်တစ်ယောက်တည်းကိုပဲ ခွဲတမ်းချပေးပါ  ကော်ဖီမစ်နဲ့ ကြယ်နီဆေးပေါ့လိပ်သာ အားလုံးကို ရာရှင် ခွဲပေးပါ  ငါးသေတ္တာ တစ်ဗူးနှစ်ယောက်နှုန်းတဲ့  ကျနော်မကြိုက်ဘူးလို့ ငြင်းလိုက်တယ်...

လွမ်းငွေ့သင်း ဆောင်းတွင်း‌ပုံပြင်

“အိမ်ကို....ပြန်ခဲ့တော့” တေးသံလျော့ရဲရဲ ဖုန်းထဲ မြည်နေချိန် အိမ်က အခန်းတစ်ခန်းလည်း လွတ်နေခဲ့တာ ကြာလှပါလားဗျာ  အနာရှိမှန်းတောင်မသိ ထုံဆေး မေ့ဆေးမိနေသလို တိုင်းပြည် ဆေးပြယ်တော့ မျှော်လင့်ချက် ကြိုးက ပြတ်လုဆဲဆဲ မျိုးဆက်သစ်သွေးရဲရဲ‌တွေ ခင်းချလိုက်မယ်ဟေ့ သူရေးလို့တွေး ကြွေးကျော်သမျှတွေ အခုတော့ မေ့သွားကြလေရဲ့ ငါ့ညီရေ... နောက်ဆုံးကျ ဂျုး‌တွေကို ကယ်တဲ့လူတွေပဲ ဒိုင်ခံငိုရတာ နာဇီတွေက နောင်တမရှိခဲ့ဘူး  ညညဆို မအိပ်ပဲ တလှိမ့်လှိမ့်နဲ့  ဖုန်းတွေဆက်နေကြ မင်းချစ်ရသူကလည်း ရင်တွေပူနေရတာ နှစ်ပေါက်ပြီ အမေလည်း နေ့တိုင်း ဘုရားရှေ့ဆုတောင်းနေ အဖေကတော့ အပြင်က ပြန်လာတိုင်း မင်းကြိုက်တတ်တဲ့ ငါးကင်ကို ဝယ်ဝယ်မိနေသေးတယ်  တောထဲကနေ ကြည့်ရတဲ့ နေဝင်ချိန်က လှလား ငါ့ညီ ငါတော့ မရယ်ရတာ နှစ်ပေါက်ပြီ မင်းဟာသတွေကို ကြားချင်သေးတယ် ငါတို့မြို့ကြီးကတော့ မျက်နှာဖုံးတွေနဲ့ ပြုံးနေကြတာပဲ နွေဦးမှာ လေရူးတွေ တိုက်ကတည်းကစလို့ ဆောင်းအကုန်မှာ ခိုက်ခိုက်တုန်အောင် ချမ်းလို့ပြီးတဲ့အထိ သတိမရတဲ့ရက်ကို မရှိခဲ့တာ  ငါ့ညီရေ စစ်ကြီးဟာ ငြိမ်းချမ်းရေးကို သင်ကြားပေးတဲ့ ကြမ်းတမ်းတဲ့ဆရာပဲဆိုတာ ငါလ...