Posts

Showing posts from November, 2022

သပိတ်မှောက်ကျောင်းသားများဘွဲ့တေးထပ်

ယူနီဘာစတီ အက် ကိုဖြင့် ပြည်မမက် မုန်းစင် သည်အခက် မတုံးခင်ဝယ် ပြုံးရွှင်ရွှင်ရည်ဘွဲ့။ ကောလိပ်ဆိုတဲ့ နှစ်လိပ်ပြောင်အောင် သပိတ်တောင်မှောက်ကြသတဲ့။ ပရိုဖက် ဆာအနေ ဆရာတွေသင်မဲ့ စာပေမမြင်တဲ့ခင်ပ တမင်သွဲ့ခက်ဘွယ်။ ကူးရှင်းခေါ် ဟိုက်စကူးဆီက ရိုက်ကျူးလို့ ကူးပြန့်ကျယ်။ အထူးခက် အံ့ဘွယ်ပေ ခန့်ထည်ထည် စီနိတ်က သည်နှစ်လိပ် ဝင်ပစေ ခွန်းမိန့်သံတွေ။ လွှမ်းပစိမ့် ဖန်လေသည် မြန်ပြေတွင်  တပွဲပေါ့လေး။ မစ္စတာမောင်မှိုင်း (အဘိုးဆရာသခင်ကိုယ်တော်မှိုင်း) ဘွိုင်းကောက်ဋီကာ၊ စာမျက်နှာ၃၀၆ ပထမအကြိမ် ၁၉၂၇။

ဘရာမရှိတော့တဲ့ပန်းပွင့်

သူရဲ့အထိအတွေ့က  ဆိုဖာပေါ်မှာ ဆယ်သက်စာ ဖီးလ်ပဲတဲ့ ဒါကြောင့်လဲ သူဟာ မတရားသဖြင့် ဖာသည်မဖြစ်ခဲ့ပုံရ သူဖာသည်မဖြစ်တော့ တချို့က သနားကြ တချို့က ခံပြင်းကြ တချို့တွေကတော့ သူ့ဆံပင်တွေကို  ခေတ်အဆက်ဆက် တစ်ပင်ချင်း ခုတ်ပိုင်းပစ်ကြပေါ့  ပြီးတော့ သူ့ရဲ့ဖွံ့ထွားနေတဲ့နို့အုံတွေပေါ်  ကုန်တင်ကားနဲ့ တက်တယ် ဂျစ်ကားနဲ့တက်တယ် သူ့နို့အုံများဟာ အလင်းတွေနဲ့ ရွှေရည်စိမ် ရွေ့လျားမှုတွေနဲ့ဖြစ်လို့ ညှော်နံ့တွေ အထပ်ထပ်နဲ့ နောက်ဆုံး တွင်းအနက်ကြီးတွေဖြစ်ခဲ့ သူရဲ့စျေးကွက်မှာ  ဘီအီးနံ့မရှိ ဖက်စပ်နံ့မရှိ ဖန်ခွက်ထဲက ရေခဲအတွက် သူဟာဖြစ်ချင်တိုင်း  အဖြစ်ခံထားရတဲ့ အပဲ့အရွဲ့ အရောင်နဲ့ အမှောင်နဲ့ အပွင့်အခက်နဲ့ ဆူးတွေနဲ့ နည်းအမျိုးမျိုးနဲ့  တချို့ သို့မဟုတ် အတော်များများ ဖာသည်မလေးကို အဓမ္မကျင့်ခဲ့ကြပေါ့ နှစ်ပေါင်းများစွာပါပဲ တက်ပြီးပြန်မဆင်းချင်တဲ့  ဖာခေါင်းအဆက်ဆက်ကြောင့်  အဲဒီဖာသည်မလေးဟာ ဖျားနာနေခဲ့ရ သူဟာ နောက်ဆုံးတန်းက ချူချာနေတဲ့ ဖာသည်မလေးပါ သူဟာ ဘရာမရှိတော့တဲ့ ကချေသည် ပန်းတစ်ပွင့်ပါ သူ့အင်္ဂါထဲ ကိုယ့်အင်္ဂါထည့်ဖို့ လက်ညိုးတွေ ​ ကွေးပစ်ဖို့ထိမလိုပါဘူး ပြန်မဖာနိုင်သေးတဲ့ သူ့အပေါက်တွေက...

ကဗျာကဏ္ဍ

 အိမ်ခြေယာမဲ့ လူငယ်တစ်ယောက် ချစ်ခြင်းမေတ္တာ ငတ်မွန်းတဲ့လူငယ်တစ်ယောက် ဘဝမှာ ရူးသွပ်တဲ့အတွေးအခေါ်က နှစ်ရပ်တည်း ကဗျာ သရဏံ ဂစ်ဆာမိ  ချစ်ခြင်းမေတ္တာ သရဏံ ဂစ္ဆာမိ ပါတဲ့  ဗန်ဂိုး ဂရိုမော့ဗ်  မြို့မငြိမ်း လွတ်မြောက်ရေးဆီ ဦးတည်လျှောက်ခဲ့ကြ သူတို့အကြောင်းသိတဲ့ အိမ်ခြေယာမဲ့ ကဗျာဆရာလည်း ကိုယ့်ကိုယ်ကိုယ် နဲ့ ကိုယ့် ခေတ်ကို ပြန်ကြည့်မှ  "သေနတ်က  လိုနေပြန်ပါပြီ"။   -ဆောင်းဦးသွင်

လမ်း

မိသားစုများ အခန်းကဏ္ဍ ကမ္ဘာဦးပုံသဏ္ဌာန် တစ်ဦးပြန်အလာ တစ်ဦးမျှော်ကြ မီးဖိုကြ ငါတို့ခေတ်မှာ ငါတို့ဟာ ချစ်မေတ္တာကို ယူလာနိုင်ခဲ့လို့လား အိမ်ပြန်လာကြတယ်။ ကားတစ်စင်း သေနေပေါ့ ညောင်ပင်ကြီးရဲ့အောက်မှာ မိုးကမတိတ်တော့ဘူးလား ဟောဒီလောကမှာ။ အောင်ချိမ့် (ရနံ့သစ်- ဒီဇင်ဘာ၊ ၁၉၉၆)

ငါ့စုဗူး – ၃၉

   အရာရာတိုင်းဟာ မျှော်လင့်တိုင်း ဖြစ်လာရင် သင်ဟာ နောက်တစ်ခါ မျှော်လင့်ချင်ဦးမှာလား မမျှော်လင့်ချင်တော့ဘူးလား ပျင်းလာ ငြီးငွေ့လာမှာလား ပျော်ရွှင် နောက်ထပ် ပျော်ရွှင်လာမှာလား ကျွန်တော့်ကို ပြောပြနိုင်ပါသလား။ ဥာဏ်နည်းသူမို့ ကျွန်တော့်ကို ပြောပြနိုင်ပါသလား။ ကံနည်းသူမို့ ကျွန်တော် သိချင်လှပါတယ်။ ။ - ​အောင်ချိမ့် -

ကဗျာ ကဏ္ဍ

 အမေရယ် တခြားသူတွေအတွက်တော့ အရာရာဟာ  လက်တပစ်စာရယ်ပါ ။ သားမှာတော့ ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့..... ။  ။ -မောင်ချောနွယ် (ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်) မှ -

စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးစနစ်

  နွေဦးတော်လှန်ရေးဟာ လူသတ်လက်နက်များ ကိုယ်စီကိုင်ဆောင်ထားတဲ့ armed struggle အဆင့်ကို ဖြတ်သန်းနေပြီဖြစ်တယ်။ လက်နက်ဆိုတာ စည်းစိမ်တစ်မျိုးဖြစ်တာမို့ အဲဒီစည်းစိမ်အပေါ်သာယာပြီး တရားမဲ့ပြုကျင့်မှုတွေက မလွှဲသာမရှောင်သာ ကြုံတွေ့ရမယ့် ကိစ္စတွေဖြစ်ပါတယ်။  စစ်တပ်ဖွဲ့ပြီဆိုတာနဲ့ စစ်စည်းကမ်း၊စစ်ဥပဒေဆိုတာ ရေးဆွဲပြဋ္ဌာန်းဖို့ လိုအပ်ပြီး လက်နက်ကိုင်များက ချိုးဖောက်ကျူးလွန်တဲ့ တရားမဲ့ပြုကျင့်မှုများကို ထိရောက်စွာအရေးယူနိုင်ဖို့လည်း လိုပါတယ်။ လက်နက်ကိုင်ပြီး ထင်ရာရမ်းနေပါက စစ်သွေးကြွများသာဖြစ်ပြီး တော်လှန်ရေးလို့ ခေါ်ဆိုနိုင်မည်မဟုတ်ပေ။ ယနေ့အချိန် နုကြည်၊ကာကွယ်ရေးဌာနက စစ်ဥပဒေရေးဆွဲပြဋ္ဌာန်းပြီး ပြီလား မသိပါ (မျက်မြင်မြေပြင်မှာတော့ လက်နက်ကိုင်များကို ဥပဒေ၊စည်းကမ်းအရ ကိုင်တွယ်နိုင်မှု နည်းပါးနေတာ တွေ့ရပါတယ်။) စစ်သည်တော်ကျင့်ဝတ်ဆိုတာနဲ့ မလုံလောက်ပေ။ဥပဒေ ပြဋ္ဌာန်း ထိန်းကွပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ စစ်ဥပဒေနဲ့ စစ်ဘက်ဆိုင်ရာ တရားစီရင်မှုစနစ်အကြောင်းကို အမြည်းမျှ စုစည်းတင်ပြလိုက်ပါတယ်။ စစ်စည်းကမ်း လက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ လူသတ်ဖို့ဖွဲ့စည်းလေ့ကျင့်ထားတာဖြစ်လို့ တပ်ဖွဲ့ဝင်များကို တင်းကျပ်...

ကဗျာ ကဏ္ဍ

 လရောင်က အလင်းကိုပဲပြတာ  ကြယ်တွေက လမ်းကိုပြတာ အရွေ့မြန်တဲ့  အမြန်ရွေ့ခေတ်ကြီးထဲ ခင်ဗျား နောက်တခေါက်ပြန်ရောက်လာပုံ ဆန်းတယ်   ခင်ဗျားတို့ကျနော်တို့ အရွယ်တွေဆိုတာကလည်း တဆိတ်ရှိ  ကိုယ့်ဇာတိကိုယ်ပြန်လွမ်းရတာနဲ့ ကိုယ့်အောင်မြေလေးကိုယ်   စိတ်ကူးနဲ့ ပြန်ပြန်နင်းကြည့်ရတာနဲ့ ဒါကိုဘဲ  အရသာတွေ့နေတတ်တာမျိုးကလား ဒါပေမယ့်   အီလွန်မတ်စ်နဲ့ ဇူကာဘတ်နဲ့  ကီဗင်ကလင်းန်တီရှပ်နဲ့ ကျူးဘားကို ခင်ဗျားမှတ်မိမယ်မထင်ဘူး"ချေ" သမိုင်းဆိုတာ   တပါတ်လည်တတ်တယ်ဆိုဘဲ "ချေ"ရဲ့ လူတွေဆိုတာကလည်း တဘဝလုံးလုံး မျက်စိလည်ချင်လည်နေတတ်တာမျိုး.... (သံသရာတခုလုံးလို့များပြောမိရင် ခင်ဗျားကရယ်ချင်ရယ်နေဦးမှာ) အရင်းရှင်စနစ်ဆိုတာ ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေနဲ့သာ ဖြားယောင်းတတ်တာ မဟုတ်ဘူး တခါတခါ ဘုရားသခင်ကိုပါ စစ်ကူခေါ်သေးတာ ရုရှားပြိုကွဲသွားမှာစိုးလို့ ဆိုဗီယက်ကို ဖြိုခွဲပေးလိုက်ရတာဆိုတဲ့ ဂေါ်ဘာချော့ကို ခင်ဗျားဘယ်လိုမြင်လဲ ဆိုဗီယက်ကို စပ်ထဘီလို ပြန်တွဲချုပ်ပေးချင်နေတဲ့ပူတင်ကိုရော လူတန်းစားအမြင်ကို စွန့်လွှတ်လိုက်ရင် ကွန်မြူနစ်တယောက်မှာ ဘာတွေကျန်ရစ်မလဲ ဆင်းရဲတာ မကောင်းဘူးဆိုပေမယ့် ချမ်းသာခြင...

ကိုကိုအင်ပါယာကျဆုံးခန်း

ထတော့ ကိုကို ထတော့ ညကပြောတော့ စောစောထ ရောမသွားမယ်ဆို ကိုကိုပြောတော့  ရောမဆိုတာ ဘုန်းလက်ရုံးတဲ့ သူတို့မြို့မှာ  မြို့ရိုးတွေကို အရိုးနဲ့စီကြသတဲ့ ကိုကိုပြောတော့ ရောမဆိုတာ ကိုလိုစီယမ်ဆိုတဲ့ လူသတ်ကွင်းတဲ့ အဲ့ဒီ လူသတ်ကွင်းကို  ကျေးကျွန်သုံ့ပန်းတွေရဲ့ အသက်သွေးချွေးတွေနဲ့ သရိုး ကိုင်ထားတာပေါ့တဲ့ ကိုကို ပြောတော့ ရောမဆိုတာ ဖိုရမ်တဲ့ လူထုရင်ပြင်တဲ့ အဲ့ဒီရင်ပြင်ဟာ ကျွန်တွေရဲ့ ပုခုံး သုံးပန်းတွေရဲ့ လက်နဲ့ ထွန်ယက်ခဲ့တဲ့ မြေသားကောင်းပေါ့တဲ့ ခေါင်းမတ် ရင်ပင့် မိုးထိမြင့်မယ့် လက်ရုံးတွေ ဆန့်တန်းလို့ လူထုရင်ပြင်ပေါ့ အဲဒီလက်ရုံးတွေကြားမှာ နီရိုးရဲ့ လက်တွေလည်း ပါလို့ ပွန်တီးယပ်ပိုင်းလိတ်ရဲ့ လက်တွေလည်း ပါလို့ လူထုရင်ပြင်ပေါ့ ဒါ ရောမလား ကိုကို ရောမ လူအုပ်ဝါဒ ဆိုတာ ရောမ လူထုဝါဒ ရဲ့ ခေါ်ဗုံ တလုံးပါဆို လုပ်... ကိုကို အုပ်တချပ်နဲ့  ကျောက်ရုပ်များများ မြို့ကြီးက ဥရောပရဲ့ လှေကားခုံမှာ အရုဏ်မီးကျည် အချိန်းအချက် ထွက်စောင့်နေရော့မယ် ထတော့ဆို လက်ဝဲနံတောင်း လက်ယာနံတောင်း ပြောင်းအိပ်မိသူ အကောင်ကြီးကြီးကို ကမ္ဘာကျော် နေနည်းထိုင်နည်းနဲ့ အမြှီးလှန် ချိုးလိုက်တာများ ဘာတဲ့. ..  ရောမ ရောက်သခိုက် ရောမ...

တိမ်အရုပ်ရေးသူ(၅၁)

လူငယ်​တွေလက်ထဲမှာ မီးတုတ်​တွေရှိတယ် လူကြီးဆိုတာ မီးတုတ်​တွေကိုလုယူရမှာ မဟုတ်ဘူး အဲဒီမီးတုတ်​နဲ့ သူတို့ရှို့ရမယ့်​အရာကို ညွှန်ပြရမှာ။ -ကိုသန်းထွန်း

ကဗျာ ကဏ္ဍ

မတားပါနဲ့ သွားပါရစေ လောကကြီးကိုလည်း လွယ်အိတ်ထဲ ထည့်သွားတော့မယ် မုန်တိုင်းတွေ မိုးမှောင်ကြီးတွေ နှင်းခါးညတွေ အို . . မခွဲဘူး မခွဲဘူး အသည်းထဲမှာ ဖက်ထားမယ် ဖော်ဝေး (ပန်းများကို နမ်းရှိုက်ခြင်း မှ . . .)
  တချို့လူတွေအဆင်ပြေအောင်မနည်း  ပျော်အောင်သာနေပြနေတာ၊သူတို့တကယ်အဆင်ပြေနေပီးပျော်နေတာမဟုတ်ဘူး၊အမှိုက်တွေရှိနေသေးတယ် အမှိုက်ပုံးထဲမှာ၊အမှိုက်ပြည့်လာရင်သွန်ရတယ် အမှိုက်ပြည့်နေရင်မစွန့်ပစ်ဘဲထားလိုက်မိရင်၊ အရီအရွှဲ၊အညှီအဟောက်တွေနဲ့၊ဆိုးရွားတဲ့အနံအသက်တွေ၊နေထိုင်ရတာရေရှည်အဆင်မပြေတော့ဘူး လူတိုင်းမှာအမှိုက်ပုံးတွေရှိတယ် လူအမှိုက်တွေ၊စိတ်အမှိုက်တွေ၊အတိတ်ကအမှိုက်တွေကို၊ပြည့်လာရင်သွန်ပစ်ရတယ် ဖက်တွယ်ထားတာကတစ်ခါတစ်လေ့၊အောက်ဆုံးထိဆွဲချပြီး၊ကိုယ့်ကိုနစ်မှန်းမသိနစ်နေတက်တယ်၊လမ်းပျောက်စေတယ်၊ကိုယ်နဲ့တကယ်ထိုက်တန်ပြီး၊ကိုယ်အနားရောက်လာနိုင်တဲ့၊ကောင်းမွန်မူနဲစစ်မှန်မူတွေကိုလည်းဝေဝါးစေတယ် ဒါကြောင့်၊ကိုယ်အမှိုက်ပုံးထဲမှာ၊အမှိုက်တွေ ပြည့်နေရင်၊စွန့်ပစ်ဖို့အရေးကြီးပါတယ်၊ ရောင်နီ

နိုင်ငံတော်သီချင်း ၁၀

သန်းခေါင်ယံကောင်းကင်ထဲ လောင်ကျွမ်းနေတဲ့နေလုံးနီနီ အိပ်မပျော်တဲ့ဝံပုလွေလူတွေဟာ အဖြူ   အမဲဓာတ်ပုံဟောင်းတွေပြန်ကြည့်လို့ လိင်ဆက်ဆံမှုရဲ့နောက်ဆက်တွဲအချစ် သို့မဟုတ်   အချစ်ရဲ့နောက်ဆက်တွဲလိင်ဆက်ဆံမှု အဲဒီနှစ်ခုထဲကတစ်ခုခု မိသားစုဘဝလေးကို လက်ပစ်ဗုံးတစ်လုံးလိုဆုပ်ကိုင်ထားရင်း ကြယ်တာရာစစ်ပွဲ အနာ့ပဆုပ်တွေ ငရဲကိုသွားတဲ့တံတားသစ်ကြီးတွေ တိမ်ပေါ်ကနေငုံ့ကြည့်ရင် သမိုင်းဟာဆွတ်ပျံ့ဖွယ် သင်၏   လွမ်းမောကြေကွဲဖွယ်နိုင်ငံတော်။ အောင်ခင်မြင့်

နေမထွက်နိုင်ငံတော်(၆)

နေ့ရက်တိုင်း ဟောလိုးဝင်းရုပ်ရှင်ထဲကအတိုင်း နှစ်ကာလများ ငါတို့ကလည်း တစ္ဆေမျက်နှာဖုံးကိုစွပ် မိစ္ဆာစစ်စစ်တွေကလည်း တစ္ဆေမျက်နှာဖုံးကိုစွပ် အောက်ခရိုင် ကျောက်တိုင်စိုက်တဲ့ ဦးရှင်ကြီးလည်း တစ္ဆေမျက်နှာဖုံးကိုစွပ် ဘုန်းတော်ကြီးတွေလည်း တစ္ဆေမျက်နှာဖုံးကိုစွပ် စိတ္တဇလူသတ်သမားမိုက်ကယ်ရဲ့ လက်ထဲမှာ ငါတို့ဘဝတွေ ငါတို့ရဲ့လက်ထဲမှာ  စိတ္တဇလူသတ်သမားမိုက်ကယ့်ရဲ့ ဓါးတွေ အခင်းဖြစ်ပွားရာ နေရာတိုင်းမှာ ကလေးတွေပျော်ရွှင်စွာ ချိုချဥ်လုံးတောင်းဖူးကြတယ် *ဒီကမ္ဘာမှာ စစ် စစ် စစ်မဖြစ်ရာမြေ တနေရာ ရှိ ရှိ ရှိ ရမယ်လေ* နေမထွက်နိုင်ငံတော်ထဲ အားလုံးတိုးဝှေ့။ အန်နိုလာ

ကဗျာ ကဏ္ဍ

 မင်းကိုယ်မင်းသိပါတယ်  မင်းပတ်ဝန်းကျင် မင်းကမ္ဘာကြီးနဲ့ ပို၍ပို၍ သဟဇာတဖြစ်မလာနေကြောင်း  သိရှိခံစားလာရတာနဲ့အမျှ  မင်းကိုတတ်နိုင်သလောက် နားလည်မြင်နိုင်တဲ့  မင်းတွယ်တာရတဲ့ တစ်ဦးတစ်ယောက်သောသူကို  ညနေကမင်းရောက်ခဲ့တဲ့တစ်ဆိုင်ဆိုင်မှာ  နှစ်ရာတန်အကြွေအသစ်ကလေး  အအမ်းခံခဲ့ရတဲ့အကြောင်းကအစ ပျော်ပျော်ရွှင်ရွှင် ပြောပြချင်နေမိမှာပဲ။ - နိုင်ငံ

လှေငယ်ရှင်

Image
  ရေရယ်လှေရယ် လှော်တက်ရယ် အမယ်ပြည့်စုံ၏ စီးသူကများ လှော်သူရှား အသွားနှေးလေ၏ လှေပေါ်စီးတက် မငြိမ်သက် ထိန်းရခက်လေ၏ သူများကိုညစ် ကိုယ်လည်းနစ် တွေးစစ်မြင်အောင်ကြည့် လှေကိုကူက ကိုယ်လည်းရ လမ်းမှန်‌မြင်လေ၏ အားလုံးကြည်ဖြူ ဝိုင်း၍ကူ ညီတူရောက်နိုင်၏ မြန်ပြည်လှေကြီး ပျော်ပျော်စီး အေးငြိမ်းချင်စေမိ San Zuren 🌸

ပြောလိုက်ပါဘိ ဟောပါဘိ

ငါ့ညီပြောင်၀င်း၊မောင်သစ်စင်း၊ မင်း၏သက်လှယ်၊မင့်သားငယ်သည်၊ သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။ သူသုံးနှစ်သား၊ဖော်ချင်းများနှင့်၊ အူယားဖားယား၊ ကစားရာမှ၊နွားရုပ်ချ၍၊ နတ်ကျသည့်သွင်၊မင့်ရင်ခွင်သို့ ပြေး၀င်ပုန်းလာ၊သူ့မူရာကို၊ ငါမြင်ခဲ့၏ မှတ်မိ၏။ မိုးကစိုစို၊ကျီးအုပ်ပြို၍၊ ထိုမှဤမှ၊တို့လမ်းမတွင်၊ ပျံကြဝဲကြ၊ငရဲထသို့၊ အုံကြွမြည်အာ၊မသာယာကို၊ ငါကြားခဲ့၏ မှတ်မိ၏။ ထို့နေ့၌ပင်၊ထိုချိန်ထင်၏၊ သခင်အောင်ဆန်း၊ပြည့်သူပန်းသည်၊ ပွင့်လန်းခါစ၊ကြွေလိုက်ရ၏၊ မြေခသတင်း၊မိုးကြိုးခွင်းသို့၊ အိမ်တွင်းအိမ်ပြင်၊တို့လမ်းခွင်၌ မချင့်မရဲ၊၀မ်းနည်းခံခက်၊ မျက်စိမျက်နှာ၊ညှိးကြရှာသည်၊ ရွာဦးပိုင်းမှသင်္ချိုင်းထိ။ ငါ့ညီပြောင်၀င်း၊မောင်သစ်ဆင်း၊ မင်း၏သားငယ်၊နှစ်ဆယ်သက်စစ်၊ သူ့တို့ခေတ်၌၊ တိုင်းချစ်ပြည်ခင်၊မြတ်စေချင်၏၊ မင်းမြင်ငါကြား၊စကားဥဒါန်း၊ ဆန်း၏သတ္တိ၊ဆန်း၏သမာဓိ၊ဆန်း၏ပညာ ဆန်းမှာဆုံပေါင်း၊ယောက်ျားကောင်းတို့၊ ခေါင်းဆောင်သသော၊မင့်သားချောကို ပြောလိုက်ပါဘိ ဟောပါဘိ။                 ဇော်ဂျီ

ကရုဏာတရားထားပါ

ကရုဏာတရားဆိုတာ အေးအတူပူအမျှ အတူတကွရင်ဆိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ် စိတ်ဓာတ်‌ကျနေတယ် တခုခုလိုအပ်နေတယ်လို့ ခံစားရရင် အကောင်းဆုံးနည်းလမ်းက အခြားသူတွေကို ကူညီဖေးမခြင်းပါဘဲ ကူညီလိုက်လို့ တဖက်သားပျော်သွားတာဖြစ်ဖြစ် အဆင်ပြေသွားတာဖြစ်ဖြစ် မြင်တွေ့ရတဲ့အခါ စိတ်ထဲမှာ အလိုလိုကြည်နူးမိလာတယ် စိတ်ကျေနပ်မှုတွေရလာတယ် ကျွန်မပြောတာ မယုံရင် တစုံတယောက်ကို ကူညီလိုက်ပါ San Zuren 🌸

နိုင်ငံတော်သီချင်း-၉

အပမှီနေသလို   လူတွေ မအိပ်ခင်ကြယ်ဖြူ   တစ်ပွင့်စီသောက်ကြ ၁၂ထပ်တိုက်ပေါ်က နောက်ထပ်သူရဲကောင်းတစ်ယောက်ခုန်ချလာ ဘေကန်ရဲ့ပုပ်ရဟန်းတစ္ဆေကြီးနဲ့ ငါတို့ထိတ်လန့်နေခဲ့သောနှစ်များ လူသေတို့ရဲ့ဘာသာဗေဒနဲ့ အချင်းချင်းဆက်သွယ်ခဲ့ကြ ပခြုပ်ထဲကလူးလွန့်ထွက်လာတဲ့ သောကဆိုနာတာ အဖြစ်အပျက်တစ်ခုလုံးရဲ့အဓိပ္ပါယ်ဟာ ကန်ထုတ်လိုက်တဲ့သစ်သီးပုပ်တစ်လုံးလို အဝေးကိုလိမ့်   လိမ့်   လိမ့် သင်၏     စိတ်ချောက်ချားဖွယ်ရာနိုင်ငံတော်။ အောင်ခင်မြင့်

နေမထွက်နိုင်ငံတော် (၅)

ဘာမှတွေးမနေနဲ့ မေးခွန်းက နှစ်ခုထဲ သတ်မှာလား သေမှာလား နေမထွက်နိုင်ငံတော်ထဲ အားလုံးတိုးဝှေ့။ အန်နိုလာ

စိတ်ဖိစီးမှုများ - ၄

ကျည်ဆန်ဟာ မြေနေရာသာမက သာသနာကိုပါ အာဏာတက်သိမ်းသွားတော့ ဘုရားဟာ ပုလ္လင်ပေါ်က ဆင်းပေးလိုက်ရတယ်  သရဏံ ဂစ္ဆာမိ သရဏံ ဂစ္ဆာမိ သရဏံ ဂစ္ဆာမိ  လူသားတွေရဲ့ မုသားကြား  တရားများ အလွဲသုံးစားလုပ်ခံရ တရားပေးလိုက်ပြီး တရားပြန်မရတော့ ဘုရားသခင်ဟာ မွဲသွားတယ်။  နန်းကျဘုရားသခင်ကို အားကိုးမရတော့ သေမင်းဟာ မျှော်လင့်ချက်မဲ့  ရုတ်တရက် ဟုတ်ပြီ ဆိုပြီး ဖျောက်ခနဲ လက်ဖျောက်တချက်တီး  တရားကိုယူ ဓားကိုယူ ဝတ်ရုံကိုလဲ  ဒေါင်းအလံကို လွှမ်းခြုံ၍ ကျောင်းသားဝိဉာဉ်များနဲ့အတူ သေမင်းဟာ ကိုဟိန်း

"ကလောင်သမားတို့ ကံကုန်ချိန်"

ကဗျာဆရာတွေသေတော့ အမှန်တရားကျန်တယ် စာရေးဆရာတွေသေတော့ မှတ်သားစရာကျန်တယ် အမှတ်မှားနေကြတာက သူတို့ဘဝ အောင်မြင်မှုဟာ သူတို့သေဆုံးပြီးချိန်မှ စတယ် ခရီးဆုံးလို့လား ကမ္ဗည်းထိုးပုံများ စာလည်းကျန် ကဗျာလည်းမှန် သူတို့ ခေတ်ကို အဲ့ဒီလိုရေးတယ် သေမင်းကလည်း ပရိသတ်ထင်ရဲ့ နိပ်သဟလို့ ကိစ္စချောလိုက်တယ် ကြည် ၂ ကြည် ဟာ ရှေ့ဆင့်နောက်ဆင့် တစ်ယောက် တစ်လ ဆုံချိန် တစ်ထောင့်တစ်ည ပုံပြင်နဲ့ ငါ့နာမည် ဂုဏ်သရေရှိ လို့ ညယံမှာ ကြယ်တွေ ကြွေပြတယ် နေမပျော်လို့လား အနေတော်လို့လား စစ်ကြီးမပြီးခင် တိုးဝင်ထွက်သွား ကျန်ရစ်သူမှာ ခေတ်ကြီးတစ်ခုလုံး R.I.P တစ်လုံးတည်းနဲ့တော့ ကဗျာဟာ ဘယ်တန်မလဲ စာဟာ ဘယ်ဟန်မလဲ ကျောက်သင်ပုန်း အမိုးတွေအောက်မှာ လာမယ့် ဆောင်းရာသီဟာ နာကျင်မှုကို ခိုလှုံရင်း မျက်ရည်ပဲကျရမလား ရယ်မောဟားတိုက်ရမလား လေထန်ကုန်းထဲမှာ ဘုံဆိုင်တစ်ခုခုမှာ ဆုံစည်းရန် မဖြစ်ကြာသမို့ ထုံငြီးဟန် လစ်ဟာပြေးတယ် ကလောင်သမားတို့ ကံကုန်ချိန်။      ။ (ဆရာကြည်ဇော်အေး + ဆရာအကြည်တော်သို့ လွမ်းချင်း) -ရောင်နီ

"အဓိပ္ပာယ်မဲ့စွာ"

နေမထွက်ခင်အလုပ်တွေသွားကြလို့  မှောင်ရီမှအိမ်ပြန် လစာတွေအပြည့်မရ  ဖြတ်စားကြအဆင့်ဆင့် အထက်ကိုဖားလို့ အောက်ကိုဖိ ကြီးနိုင်လို့ ငယ်ညှင်း မနက်ဆိုမှားလို့ ညကိုမသိ မှားကြတဲ့ ဒီအခါ  ဘာများလဲဒီဘ၀  နောင်တနဲ့ သံသရာ  ဆက်ပြီးလည်ပတ်နေမြဲ ရောင်နီ

" ညီမလေးရဲ့ သီချင်း"

ညီမလေးရေ မင်းဆိုနေတဲ့ သီချင်း မင်းဘဝရဲ့ သီချင်းဟာ ငါ့နားနဲ့ စိမ်းနေတဲ့ ဂီတအမျိုးအစားပါ ။ ညီမလေးရေ မင်းဆိုနေတဲ့ သီချင်း မင်းဘဝရဲ့ သီချင်းဟာ ငါ မတီးခတ်တတ်တဲ့ သံစဉ်တွေနဲ့ တည်ဆောက်ထားတဲ့ သီချင်းတစ်ပုဒ်ပါ ။ ညီမလေးရေ မင်းဆိုနေတဲ့ သီချင်း မင်းဘဝရဲ့ သီချင်းဟာ ငါ အဓိပ္ပါယ်မဖွင့်ဆိုတတ်တဲ့ စကားလုံးတွေနဲ့ ဖွဲ့သီထားတဲ့ သီချင်းတစ်ပုဒ်ပါ ။ ညီမလေးရေ မင်းဆိုနေတဲ့ သီချင်း မင်းဘဝရဲ့ သီချင်းဟာ မလုံခြုံတဲ့ ငါ့အသံသေတ္တာထဲ ဖမ်းဆုပ်ထည့်ဖို့ မသင့်တဲ့ အပြင်းစား သီချင်းတစ်ပုဒ်ပါ ။ ညီမလေးရေ မင်းဆိုနေတဲ့ သီချင်း မင်းဘဝရဲ့ သီချင်းဟာ အသံထွက် ညံ့လွန်းမက ညံ့နေတဲ့ ငါ့အဖို့ ပါးစပ်တောင်မှ မဟဝံ့တဲ့ 'ကီး' မြင့်မြင့် သီချင်းတစ်ပုဒ်ဖြစ်နေခဲ့တာ မင်း မသိခဲ့ပါလား ညီမလေးရယ် ။  ။ -စိုင်းဝင်းမြင့်-

နေမထွက်နိုင်ငံတော် (၄)

ပိတ်ထားတဲ့ အဖုံးတွေကိုဖွင့်လိုက်တော့ ကျေးဇူးတင်ပါသည်စာတန်းဟာ သွေးစွန်းနေ ခြံစည်းရိုးက ခေါင်းပြတ်တွေ လူသား ဘာဘီကျူးစစ်စစ်တွေကိုကြည့်ပြီး မဟာမြတ်မုနိကြီး ပြုံးတော်မူလာတယ် ဟာသပဲ စွေးစွေးနီနေတဲ့ သွေးနဲ့ရေးတဲ့ ဝလုံးကလေးများ တိုက်လေယာဥ်တွေရဲ့ တောင်ပံမှာ ချိတ်ဆွဲထား နေမထွက်နိုင်ငံတော်ထဲ အားလုံးတိုးဝှေ့။ အန်နိုလာ 

တော်လှန်ရေး

ခွေခေါက်ထားရတဲ့အတောင်ပံ ​ဖြန့်ကားနိုင်ဖို့ ကွေးထားရတဲ့ ခြေထောက်တွေ ဆန့်ထုတ်နိုင်ဖို့ ဘယ်အစာကိုမဆို နှုတ်သီးနဲ့ကိုက်ယူနိုင်ဖို့ နေရောင်ရဲ့အဆင်းကိုမြင်ရဖို့ လေပြည်ရဲ့အထိအတွေ့ကို ခံစားဖို့ သဘာဝရဲ့အလှကို ငေးဖို့ အတောင်အလက် စုံစုံလင်လင် ရှင်သန်​ကြီး​​ပြင်းဖို့ ပျံသန်းခြင်းကို သင်ယူဖို့ ကောင်းကင်နဲ့မြေပြင်မှာ လွတ်လပ်လှုပ်ရှား သွားလာဖို့ ကိုယ်တေးနဲ့ကိုယ် သီကျူးနိုင်ဖို့ တောတောင်မြစ်ချောင်းနဲ့အတူ ကခုန်ဖို့ ဒီ့အတွက် အခြားဘာနည်းလမ်းမှ မရှိဘူး ပတ်ပတ်လည် ပိတ်ဆို့ကာရံထားတဲ့ ဥခွံမာမာကို အရင်ဆုံး ချိုးဖျက်ဖောက်ထွက်မှပဲ ရမယ် ။ မီးငှက် (၃ - ၁၁ -၂၀၂၂) MyitKwae

ကဗျာ ကဏ္ဍ

 ကမ်းခြေမှာ လာတင်နေတာ တခါက ငါ့အသံလေးရဲ့ အခွံလေးပဲ။ နားရွက်ကလေး နှစ်ဖက်လို အတောင်ပံလေး နှစ်ခုလို ဒီလောက် အပြောကျယ်တဲ့ ပင်လယ်ကို။ ဘဝဆိုတဲ့ အခွံအိမ်လေးရဲ့ အထဲထဲက အသွေးအသား အသက်အသံ ကျန်ရစ်စေချင်တာက ကျွန်တော်တို့ရဲ့ ချစ်သောအသံ။    ။ ဝင်းမြင့်

"မသောက်ဖြစ်တော့တဲ့စီးကရက်များ"

ဒီဇင်ဘာကို  တစ်ယောက်က ဦးသွားပြီးနောက် ခြေဦးမလှည့်မိတာ ကြာပြီပဲ ။ ဟိုတစ်နေ့ကတော့ စီးကရက်သောက်ချင်စိတ် ပေါ်လာတာနဲ့ မီးခြစ်လေးတစ်တို့ ဝင်ညှိမိတယ် ။ သူလည်း အချစ်ပျောက်နေတာ ကြာဆိုပဲ ။       ။ -ဝင်းမြင့်

သန့်စင်ခန်းယဥ်​ကျေးမှုထဲ တိမ်မြုပ်​ပျောက်ကွယ်သွား​သော ပကတိစိတ်များ

Image
စိတ်ရှိလား အ​ရေပြားကိုးကွယ်သူ​တွေကိုမ​မေးသင့်ဘူး တစ်​နေ့တစ်​နေ့ကိုယ်​ပေါ်တက်လာတဲ့ယားယံမှု​တွေကို ​ဖြေသိမ့်ရင်းစိတ်​တွေကမိလ္လာပိုက်ထဲခုန်ခုန်ချကြတယ် ​ဘေစင်မှာလက်​ဆေး​ပေမယ့် အ​ကြောက်တရား​တွေ​ပေကျံ​နေဆဲ ​ကြွေပြားအဖြူ​ပေါ်ကပင့်ကူတစ်​ကောင် ​ငေးကြည့်​နေတယ်တ​နေကုန်အ​ယောင်​ဆောင်ထားတဲ့စိတ်ကို အူ​တွေကိုညှစ်ချအားစိုက်ထုတ်သ​လောက်သာ တရားမျှတမှုကိုလိုလားခဲ့ရင် အညစ်အ​ပတ်​တွေကုပ်ကပ်တွယ်​နေစရာဘာအ​ကြောင်းမှမရှိဘူး ခံစားမှု​သွေးပါ​တော့အထိတ်တလန့် ​သွေးထဲကခံစားမှုစစ်စစ်ကိုမျက်နှာလွှဲကြတယ် ကိုယ့်ဘာသာပိတ်ထားတဲ့တံခါးပြန်မပွင့်မှာကိုပဲ အစိုးရိမ်ကြီးစွာ​နေထိုင်ရှင်သန်ဖို့ကြိုးစားရင်းစိတ်နဲ့တိတ်တိတ်​လေး​ဝေးလာတယ် အပြင်မှာmissed call ​တွေ ပြုံးပြဖို့လိုလိုမလိုလိုပြုံးပြလိုက်ရုံ ကိုယ့်စိတ်နဲ့အမှန်တရားကဖုန်း​ခေါ်ခဲ့​ပေမယ် သန့်စင်ခန်းထဲမှာကိုယ်ကအ​လေ့အကျင့်ရ​နေခဲ့တာ မျိုးဆက်တစ်ခုကြာခဲ့ပြီ။           ။ မိုးချွန် (​အောက်တိုဘာ၊ ၂၀၂ ၂)

"ရေတိမ်နစ်တဲ့ရက်"

လက်ရှိအချိန်မှာ အသက်ရှိရဲ့လားသိချင်ရုံနဲ့ တစ်ချက်တစ်ချက်တော့ သေချင်မိတယ်။ ဘဝမှာအဆိုးဆုံးခံစားချက်က ဘာလဲသိလား။ ပျော်တာတွေလုပ်ပါရဲ့ အရင်လိုမပျော်တော့တာပဲ။ ကလေးတုန်းကတော့ ဒူးပြဲပြဲ ခေါင်းကွဲကွဲ ​ပြေးတမ်းလိုက်တမ်းဆော့ရရင် ဘဝကြီး ပြီးပြည့်စုံနေတာ။ အခုလည်းပြေးနေရတာပဲ နောက်ကလိုက်နေတာက ပြဿနာတွေ ရေကြွေး၊ မီးကြွေး၊ ဘဝဝဋ်ကြွေး။ လူကြီးဖြစ်ချင်တဲ့ အိပ်မက်တွေမက်ခဲ့လို့ ကလေးဘဝက ကိုယ့်ကိုကိုယ် လက်သီး၊လက်ဝါး ပါချင်နေတယ်။ အိပ်မက်တွေနောက်လည်းမလိုက်နိုင်ဘူး နှလုံးအားနည်းတော့ မောတယ် ဆေးလိပ်ဖြတ်ဖို့ပြောတဲ့ သူ့စကားလည်း ကိုယ် နားမထောင်မိဘူး။ ဒါပေမယ့် စိတ်မောတာကြ ဆေးလိပ်ကြောင့်မဟုတ်ဘူး အသက်ကြောင့် အသက်ကရော ဘယ်လောက်ရှည်မှာလည်း သောကြာနေ့လေးတစ်ရက်ကုန်ဖို့တောင် အနိုင်နိုင်ကြိုးစားနေရတာ။ ပင်ပန်းနေလားလို့မေးရင် ပြုံးပြုံးကြီးဖြေမိမှာ ဒီအချိန်မှာ မပင်ပန်းတဲ့သူရောရှိလို့လား လို့ပါ။     ။ - ဂျေ။ ၁၅၀၆၂၂

နည်းဗျူဟာအမှား ၊ မဟာဗျူဟာအမှား

၁။ အမှား လုပ်ငန်းတစ်ခုကိုလုပ်ဆောင်တော့မယ်ဆိုရင် ချွတ်ချော်တိမ်းပါးမှုကတော့ ရှိကြစမြဲပါ။ တစ်ခါတစ်ရံ ချွတ်ချော်တိမ်းပါးမှုကတော့ အချိန်တစ်ခုမှာ ပြန်လည်ပြင်ဆင်လို့ရပေမယ့် ခဏခဏ ချွတ်ချော်‌ရင်တော့ အဲဒီလုပ်ငန်းဟာ အောင်မြင်ဖို့ ပိုပြီးခက်ခဲလာမှာ အမှန်ပါပဲ။ လိုအပ်တဲ့ပန်းတိုင်ကိုလည်း မရောက်နိုင်ဘဲ မှားလိုက် ပြင်လိုက်နဲ့ သံသရာလည်နေမှာပါ။ အမှားများလေလေ၊ အဲဒီလုပ်ငန်း ကျဆုံးဖို့ များလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ကမ်းမမြင် လမ်းမမြင် အနေအထားနဲ့ လုပ်တာမျိုးမဖြစ်ရလေအောင် လုပ်ငန်းတွေမှာ နည်းဗျူဟာနဲ့ မဟာဗျူဟာတွေ ချမှတ်ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ဒီလို နည်းဗျူဟာ၊ မဟာဗျူဟာချပြီး ဆောင်ရွက်ကြတဲ့ အခါမှာလည်း ဗျူဟာချထားကတည်းက မှားနေရင် အလုပ်က မဖြစ်ပြန်ပါဘူး။ ဒါကို နည်းဗျူဟာ၊ မဟာဗျူဟာ အမှားလို့ ခေါ်ရမှာဖြစ်ပါတယ်။  ၂။ နည်းဗျူဟာအမှား နည်းဗျူဟာကတော့ မဟာဗျူဟာရဲ့ မူဝါဒလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့အတွက် ကြိုတင် ရေးဆွဲရတဲ့ စီမံချက်ဖြစ်ပါတယ်။ မဟာဗျူဟာမှာ ဖြစ်တန်ရာခြေတွေကို တွက်ပြီး ဒီဖြစ်တန်ရာခြေတွေကို ဘယ်လိုလုပ်မယ်ဆိုတာ အကြမ်းဖျင်းချပြရတာဖြစ်ပြီး နည်းဗျူဟာကတော့ အသေးစိတ် လုပ်ငန်းဆောင်တာတွေကို ကြိုတင်ရေးဆွဲရတာဖြစ်ပါတယ်...

နီယွန်မီးများများ အလိုရှိသည်

ငါတို့ဟာ မပျော်ရွှင်ရာကမ္ဘာက သဲပွင့်လေးတွေဖြစ်ပြီး ရှန်ပိန်ဖောက်ခွင့်ကို ဘုရားသခင်က  ဆိုင်းငံ့မထား၊သတ်မှတ်မထားဘူးလို့ ကိုယ့်အရိုးစနဲ့ကိုယ် ၊ ကိုယ့်ဦးခေါင်းခွံနဲ့ကိုယ်​  ငြင်းချက်ထုတ်ဝံ့သူများသာ ဖြစ်တယ်။ ကျူးကျော်ရပ်ကွက်ထဲကနေ ဝင်ဘာလေကွင်းကြီးတိုင်အောင် ဘောလုံးကန်ချင်တဲ့ လူငယ်တစ်​ယောက်ရဲ့  ဖိုတိုဆင်းသစစ်အိပ်မက်တွေ... အီးတီနဲ့ ဘိုဘိုကာတွန်းပုံကနေ မိုးနေးရဲ့ အင်ပရက်ရှင်းပန်းချီတွေအထိ တိမ်လိုလွင့်သွားချင်တဲ့စိတ်ခရီးသွားတွေ၊ တာရာမင်းဝေရဲ့ ` ကျောင်းဖွင့်ချိန် ‘ကစလို့ သောမတ်ဟာဒီရဲ့ `` လူမျိုးများပြိုကွဲချိန် ‘’အဆုံး  စကားလုံးတိုင်းအပေါ် ယမကာလိုယစ်မူးခံစားခြင်းတွေကို နိုင်ငံတော်အာဏာသိမ်း​မှုဆိုတဲ့ချောက်ကမ်းပါးစွန်းမှာ လင်ကောင်မပေါ်ဘဲမွေးလာတဲ့သန္ဓေသားလို  မျက်ရည်စက်လက်နဲ့  လိုလိုချင်ချင်စွန့်လွှတ်ချန်ထားနိုင်တဲ့သူတွေပေါ့။ ငါတို့ဟာ ခေတ်စနစ်ရဲ့ချိန်ခွင်ထဲမှာ  `` မင်းတို့လူငယ်တွေသာ အားကိုးနေရတာ ‘’ဆိုတဲ့ ၆၂လက်ကျန် လူကြီးတွေရဲ့ ပိဿာလေးတစ်လုံးလည်း  မတော်မဆ ဖြစ်နေပြန်ရဲ့။  ငါတို့ဝင်ထမ်းလိုက်မိတာဟာ ဒိုရေမီဖာခြောက်ကြိုးလုံး သံစဥ်ဖြာနေတဲ့ ဟော်လိုဂီတာမဟုတ်... ကျည...

"အတ္တမိတ်တူ"

  အရင်က ‌သေရမှာကြောက်လို့ ‌ရှောင်ရတာများလှပါပြီလို့ ညည်းခဲ့ ‌ ‌အခုတော့ ‌ရှောင်ရမှာခက်လို့ ‌သေရမှာကို ထည့်မတွက်တော့ပါဘူး ‌ ‌ကိုယ့်ကဗျာက ‌မဂ္ဂါဝပ် ဘယ်လောက်ထွက်မှာလဲ ‌ကိုယ့်ကဗျာဖတ်သူတွေ ‌ဘောလုံးတစ်ကွင်းစာလောက် မရှိရင်နေပါစေ ‌ဘောလုံးတစ်သင်းစာလောက် ရှိရင်တော်ပါပြီ ‌ ‌မျက်နှာပြောင်တယ်ပဲပြောပြော ‌ဒီဘဝမှာ ‌အဘဘိုးမင်းခေါင်လောက်တော့ ‌အောင်မြင်ချင်ပါတယ် ။   ။ -လှသန်း

ကဗျာ ကဏ္ဍ

 ရက်စက် ခက်ဖြာနေတဲ့ကြားက အမှာစကားတွေပါးရတာ ခါးတော့ ခါးလိမ့်မယ် ။ အချစ်ရယ် အခါးကုန်ရင် အချိုလာတော့မှာကွယ် ။ . . . . . . ခဏလေးပါပဲ ခဏလေးပါပဲ ။  ။ -ကောက်ကွေ့-

နိုင်ငံတော်သီချင်း-၈

လူ့ခန္ဓာကိုမီးမြှိုက်ရာမှထွက်ပေါ်လာသော ညှော်နံ့မွှေးမွှေး သူကလည်းသူ့ရက်စက်မှုနဲ့သူ ငါကလည်းငါ့ချစ်ရမ္မက်နဲ့ငါ ခေတ်သုံးခေတ်လုံးပြသခဲ့တဲ့ ကပ်ကြီးသုံးပါးထရီလော်ဂျီ အဲဒီတင်ပါးပေါ်ကသေနတ်ပုံတက်တူးကို ငါအခါခါလျှက်နေမိ ကရဝိတ်ဦးခေါင်းကြီးဟာရှက်သလို ခပ်တိုးတိုးညည်းညူ   လို့ ကံ့ကော်ပွင့်ရာ   စိန်ပန်းပွင့်ရာ တစပြင်ပမာ သင်၏   ဣနြေ္ဒကြီးမားလှသောနိုင်ငံတော်။ အောင်ခင်မြင့်

နေမထွက်နိုင်ငံတော် (၃)

ပန်းဆိုးတန်းတံတားအောက်က မိန်းမပျက်တယောက်ကို မေးကြည့်တော့ ကျမကနိုင်ငံတော်တဲ့ သူမရဲ့ ရင်သားတွေမှာ စွဲနေတဲ့ စီးကရက်နံ့တွေက အကျင့်ပျက်ခြစားမှု သူမရဲ့ ချွေးတွေမှာ စွဲနေတဲ့ အပေါစားရေမွှေးနံ့တွေက တရားဥပဒေ မျက်ရည်တွေစိုဖူး​ခဲ့တဲ့ ပါးပြင်ဟာ ပိပိရိရိကို အလောင်းဖျောက်ခံလိုက်ရတယ် သတင်းစာရှင်းလင်းပွဲကြီးတခုလိုလေ သူမရဲ့ ညည်းညူသံတွေကိုဓါတ်ခွဲကြည့်ရင် အတုဘယ်နှစ်ခု အစစ်ဘယ်နှစ်ခုပါဝင်နေမှာလဲ နေမထွက်နိုင်ငံတော်ထဲ အားလုံးတိုးဝှေ့။ အန်နိုလာ

ကဗျာ ကဏ္ဍ

 တချို့က ကြက်သားဟင်းကို ကြွားနေကြတယ်။ တချို့က ဖက်များခင်းလို့ စားနေရတယ်။ တချို့က စျေးတက်လို့ မုန်းနေကြတယ်။ တချို့က ကလေးလက်ဆွဲလို့ ပုန်းနေရတယ်။ တချို့က ရည်းစားနဲ့ အချစ်တွေပွါးနေကြတယ်။ တချို့က မငြီးတွားဘဲ မျှစ်တွေစားနေရတယ်။ တချို့က အမျိုးနဲ့အဆွေနဲ့ လွမ်းနေကြတယ်။ တချို့က မိုးထဲရေထဲ လှမ်းနေရတယ်။ တချို့က အိပ်ယာခင်းပြီး မိုက်နေကြတယ်။ တချို့က သိက္ခာရင်းပြီး တိုက်နေရတယ်။ ကြိတ်ခါရှင်းလို့ မရတဲ့အချိန်မို့ ဘာဖြစ်ဖြစ်ငါ့လိပ်ပြာတော့လုံပါရစေ။  အကြည်တော်

“တစ်ဘဝ တစ်ခါ”

တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးနဲ့ မင်းကို ငါချစ်တယ်  ဒါဟာ ဝဋ်ကြွေးတစ်ခုဆိုရင် အဲ့ဒီ ဝဋ်ကြွေးကို ငါကျေနပ်တယ်။ ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေ ဘဝမှာ တစ်ခါပဲ ရွေးချယ်ခွင့်ရှိရင်တောင် မင်းရှိရာ အရပ်ကို ငါရွေးမယ်။ ငါ့ရဲ့ ရွေးချယ်မှု လွဲမှားခဲ့ရင် ကမ္ဘာကြီးက ပြောင်းလဲ ခဲ့ရင် ‌မေတ်တာတရားက ကျောသားရင်သား ခွဲခြားခဲ့ရင် ငါတို့ဟာ မဆုံနိုင်တဲ့  မျဉ်းဖြောင့်နှစ်ကြောင်း ဖြစ်ခဲ့ရင် နောင်တမရှိဘဲ ငါ ရှင်သန်နိုင်တယ်။ ဘဝမှာ တစ်ခါပဲ ချစ်ခွင့်ရမယ်ဆို တစ်သက်မှာ တစ်ယောက်ပဲ ချစ်ခဲ့ရမယ်ဆို  ကမ္ဘာကြီးက ပြောင်းလဲခဲ့မယ်ဆို မင်းကို ချစ်စိတ်  ဘယ်အခါမှ မပြောင်းလဲပါဘူး။ မင်းရဲ့ အမည်နာမက ငါ့ရဲ့ နေ့စဉ်သုံး ဘာသာစကား၊ မျှော်လင့်မထားဘဲ သတိရတတ်သွားတာ ငါ့ရဲ့အမူအကျင့်။ နတ်ပြည်နဲ့ ငရဲ  ဘယ်အရာကို ရွေးမလဲလို့ မေးရင် မင်းဘယ်မှာရှိမလဲလို့ ငါအရင်မေးမယ် မင်းကို ချစ်တဲ့စိတ်  ဘယ်အခါမှ မပြောင်းပါဘူး။  အကြည်တော် စာပေ လောက ရဲ့ ကြယ်ပွင့်ကြီး တစ်ပွင့် ကြွေလွင့်သွားရပါပြီ။ ဆရာ အကြည်တော် ကောင်းရာသုဂတိ ရောက်ရှိပါစေ လို့ ဆုတောင်းပါတယ် 

အရှေ့ဘက်စစ်မျက်နှာ

ကတုတ်ကျင်းထဲမှာ စိတ်ကူးယဉ်ခွင့်မရှိ ရွက်တိုင်ထိပ်မှာ အရိုးခေါင်းပုံ အလံလွှင့်ထားရင် ပင်လယ်ဓားပြပဲ တချို့က အမှန်တရားကို အလောင်းဖျောက်ပစ်တယ် တချို့က သစ္စာတရားကို အလောင်းပြန်ဖော်တယ် ဘိန်းစားတစ်ယောက်မှာတောင် မျှော်လင့်ချက်ရှိသေးတာပဲ ကိုယ့်တိုင်းပြည် မီးလောင်နေတာကို ထိုင်ကြည့်နေရတာလောက် ရာဇဝတ်မှုမြောက်တာ ရှိပါ့မလား မီးသတ်ကားတစ်စင်း ဖြစ်ချင်ပါတယ် ကိုယ့်ဘဝနဲ့ကိုယ်  သစ်ရွက်တွေကြွေနေပါတယ် ခရီးတစ်ခုရဲ့အကြောင်း သံလမ်းများက ပြောပြပါလိမ့်မယ်။ ကြည်ဇော်အေး 8 July 21