ဘလိတ်ဓား မိုးတိမ်ပြာပြာ
အရိပ်လက်တဖက်က ကိုယ်တို့ကို လေထီးပေါက်ကနေ ခပ်သုတ်သုတ် တွန်းချနေတယ် သူ့ အသံရဲ့ ဂလိုင်ပေါက်ကြီးက ဘေးကို ဆက်လက်ပြန့်ကားနေတာမို့ အဲဒီထဲ တယောက်ချင်း ခုန်ဆင်းသွားကြတယ် သတ်ပုံခေါ်လိုက်တဲ့ နောက်ထပ် စကားလုံးပဲ၊ " မနေ့က" လား၊ "မနက်က"လား မကွဲပြားရတာ အချိန်ကာလရဲ့ ဗုံးခိုကျင်းထဲရောက်နေလို့ပဲ ဖြစ်ပါတယ် အဲဒီမှာ လူသစ် နောက်တစ်ယောက် လှေကို ကမ်းမှာ ထားခဲ့ပြီး ပင်လယ်ကို ဆက် သယ်ပိုးသွားတယ် သူ့မျက်လုံးထဲက ငါးတွေကို ကျန်တဲ့ လူတွေက အနည်းကိန်းလား အများကိန်းလား ဆက် ခွဲကြတယ် ကမ္ဘာကြီးနဲ့တောင် မလဲနိုင်တဲ့ နေ့တွေအတွက် မင်းကို ကိုယ်တို့ သိကျွမ်းခဲ့ပါတယ် သူငယ်ချင်းရေ၊ ခွက်အပြည့်နဲ့ ကြင်နာမှု၊ စာအုပ်ဆိုင်တွေချည်းပဲ ရှိမယ့် လူသူနည်းပါး လမ်းထောင့်က တိုက်ခတ်လာတဲ့ မိုးငွေ့ကဲတဲ့ လေ၊ သီချင်းတွေကို ဆက်ဆိုဖို့ တယောက်ယောက် အမြဲတမ်း ရှိနေမှာ သိပေမယ့်လည်းပေါ့လေ ... ဏေသစ် ၂၄၊ ၀၈၊ ၂၀၂၂ SehnsuchtUnearthly